ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

တစ္ခ်ိဳ႕ေသာေႁမြေတြဟာ ဦးေခါင္းျပတ္ေနသည္အထိ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ လူလြန႔္လႈပ္ရွားေနႏိုင္ၾကပါတယ္။ မၾကာေသးမီက အဂၤလန္ႏိုင္ငံမွာ အဆိပ္ျပင္း ခေလာက္ေႁမြရဲ႕ ဦးေခါင္းကို ျဖတ္ေတာက္ခဲ့တဲ့ အမ်ိဳးသားတစ္ေယာက္ဟာ အဲဒီေႁမြေခါင္းျပတ္က ျပန္ကိုက္တာကို ခံခဲ့ရလို႔ အသက္ဆုံးရႈံးလုခမန္း ျဖစ္ခဲ့ပါေသးတယ္။

ခေလာက္ေႁမြေတြဟာ ေႁမြေတြထဲမွာေတာ့ အသက္အျပင္းဆုံးလို႔ သိရပါတယ္။ ဒါေပမယ့္ ေဆးဘက္ဆိုင္ရာ အျမင္အားျဖင့္ေတာ့ မည္သည့္သတၱဝါပဲျဖစ္ျဖစ္ ေခါင္းျပတ္သြားၿပီဆိုပါက ေသဆုံးသြားၿပီဆိုတာ ေသခ်ာေနပါတယ္။ သို႔ေသာ္ တစ္ခ်ိဳ႕သတၱဝါေတြဟာ ေခါင္းျပတ္ေနလင့္ကစား အသက္ရွင္သလို လႈပ္ရွားေနတာမ်ိဳး သင္တို႔ႀကဳံဖူးမွာပါ။

ဒါဟာ တကယ္ေတာ့ အသက္ရွင္လို႔ လႈပ္ရွားေနတာမဟုတ္ပါဘူး။ အလြယ္ေျပာရရင္ အေၾကာဆြဲတယ္-လို႔ပဲ ေျပာရမွာပါ။ ဒီထက္ပိုၿပီးနက္နက္နဲနဲ ရွင္းျပရရင္ေတာ့ ေခါင္းျပတ္ေနတဲ့ သတၱဝါရဲ႕ အာ႐ုံေၾကာေတြဟာ တုန႔္ျပန္မႈရွိေနေသးၿပီး၊ ဦးေခါင္းျပတ္ဆိုရင္လည္း ပါးေစာင္အတြင္းက ႂကြက္သားေတြက တုန႔္ျပန္မႈရွိေနတဲ့အတြက္ ေႁမြရွင္တစ္ေကာင္လို ကိုက္ႏိုင္ပါတယ္။

ဒီလိုပဲ အဆိပ္အိတ္အတြင္းကေန အဆိတ္ေတြ ထိုးသြင္းႏိုင္ေနပါေသးတယ္။ အခု ေဖာ္ျပထားတဲ့ ဗြီဒီယိုဖိုင္ကေတာ့ ေခါင္းျပတ္ေနတဲ့ ခေလာက္ေႁမြတစ္ေကာင္ဟာ အိမ္ရွင္ Billy Forbus ရဲ႕ ညႇပ္တုတ္ကို ျပန္လည္ရန္ျပဳဖို႔ ႀကိဳးစားေနသေယာင္ ထင္ရပါတယ္။

သတင္းမွာေဖာ္ျပထားတာကေတာ့ ေႁမြကို အိမ္ရွင္ Billy က ကေလးေတြကို ရန္ျပဳမွာစိုးလို႔ ေသနတ္နဲ႔ပစ္သတ္ထားတာ ျဖစ္ပါတယ္။ ဗြီဒီယိုကိုေတာ့ Billy ရဲ႕ ဇနီးျဖစ္သူ Kerry က ႐ိုက္ကူးခဲ့တာပါ။ အခင္းျဖစ္ပ်က္ခဲ့ရာေနရာကေတာ့ Coosa County, Alabama မွာျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ချို့သောမြွေတွေဟာ ဦးခေါင်းပြတ်နေသည်အထိ အချိန်တော်တော်ကြာအောင် လူလွန့်လှုပ်ရှားနေနိုင်ကြပါတယ်။ မကြာသေးမီက အင်္ဂလန်နိုင်ငံမှာ အဆိပ်ပြင်း ခလောက်မြွေရဲ့ ဦးခေါင်းကို ဖြတ်တောက်ခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ အဲဒီမြွေခေါင်းပြတ်က ပြန်ကိုက်တာကို ခံခဲ့ရလို့ အသက်ဆုံးရှုံးလုခမန်း ဖြစ်ခဲ့ပါသေးတယ်။

ခလောက်မြွေတွေဟာ မြွေတွေထဲမှာတော့ အသက်အပြင်းဆုံးလို့ သိရပါတယ်။ ဒါပေမယ့် ဆေးဘက်ဆိုင်ရာ အမြင်အားဖြင့်တော့ မည်သည့်သတ္တဝါပဲဖြစ်ဖြစ် ခေါင်းပြတ်သွားပြီဆိုပါက သေဆုံးသွားပြီဆိုတာ သေချာနေပါတယ်။ သို့သော် တစ်ချို့သတ္တဝါတွေဟာ ခေါင်းပြတ်နေလင့်ကစား အသက်ရှင်သလို လှုပ်ရှားနေတာမျိုး သင်တို့ကြုံဖူးမှာပါ။

ဒါဟာ တကယ်တော့ အသက်ရှင်လို့ လှုပ်ရှားနေတာမဟုတ်ပါဘူး။ အလွယ်ပြောရရင် အကြောဆွဲတယ်-လို့ပဲ ပြောရမှာပါ။ ဒီထက်ပိုပြီးနက်နက်နဲနဲ ရှင်းပြရရင်တော့ ခေါင်းပြတ်နေတဲ့ သတ္တဝါရဲ့ အာရုံကြောတွေဟာ တုန့်ပြန်မှုရှိနေသေးပြီး၊ ဦးခေါင်းပြတ်ဆိုရင်လည်း ပါးစောင်အတွင်းက ကြွက်သားတွေက တုန့်ပြန်မှုရှိနေတဲ့အတွက် မြွေရှင်တစ်ကောင်လို ကိုက်နိုင်ပါတယ်။

ဒီလိုပဲ အဆိပ်အိတ်အတွင်းကနေ အဆိတ်တွေ ထိုးသွင်းနိုင်နေပါသေးတယ်။ အခု ဖော်ပြထားတဲ့ ဗွီဒီယိုဖိုင်ကတော့ ခေါင်းပြတ်နေတဲ့ ခလောက်မြွေတစ်ကောင်ဟာ အိမ်ရှင် Billy Forbus ရဲ့ ညှပ်တုတ်ကို ပြန်လည်ရန်ပြုဖို့ ကြိုးစားနေသယောင် ထင်ရပါတယ်။

သတင်းမှာဖော်ပြထားတာကတော့ မြွေကို အိမ်ရှင် Billy က ကလေးတွေကို ရန်ပြုမှာစိုးလို့ သေနတ်နဲ့ပစ်သတ်ထားတာ ဖြစ်ပါတယ်။ ဗွီဒီယိုကိုတော့ Billy ရဲ့ ဇနီးဖြစ်သူ Kerry က ရိုက်ကူးခဲ့တာပါ။ အခင်းဖြစ်ပျက်ခဲ့ရာနေရာကတော့ Coosa County, Alabama မှာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:နတ်စည်တော် (MyanmarNote)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top