×


















မှတ်ချက်-တောသူဖေ့ဘုတ်ပေ့ခ်ျမှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

Credit: welovecele
# Unicode Version ဖြင့် ဖတ်ပါ #
တရုတ်နိုင်ငံတွင်ရောင်းစားခံလိုက်ရသော ကျောက်ဖြူ မြို့က ဖြူ ဖြူ စိုးကို ရောင်းစားခဲ့သော သူတို့မှာ မိဘများ ဖြစ်နေ

11.9.2018 ရက်နေ့က Fb စာမျက်နာပေါ်တွင် ပြန့်နှံ့ခဲ့သော ရခိုင်မိန့်ခလေးငယ်တစ်ဦး တရုတ်နိုင်ငံကို ရောင်းစားခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ခြင်းမှာ မှန်ကန်မူအပြည့်ရှိနေပါတယ် ။

ရောင်းစားခဲ့ရသော မိန်းကလေးအမည်မှာ ဖြူ ဖြူ စိုး အသက်(၁၃)နှစ် အမိအမည်မှာ ဒေါ်သိန်းသိန်းမြတ် (ခ) ဒေါ်သိန်းသိန်းအေး ရွှေတောင်ရေခဲစက်ရုံအနီး ကုလားခြံတစ်ခုတွင် နေထိုင်ကြတယ်လို့ သိရပါတယ်။ ကလေးမကို ရောင်းစားခဲ့သော ပွဲစားအမည်မှာ ကျောက်ဖြူမြို့ ငလပွေ့ ငါးကန်တွင် အိမ်ဆောက်နေသော ဒေါ်ခင်စန်းမြင့် ဖြစ်တယ်လို့ သိရသည်။

မရောင်းစားသေးခင်အချိန်ပိုင်းက ဒေါ်သိန်းသိန်းမြတ်တို့ မိသားစုမှာ အခက်ခဲများစွာရှိခဲ့ပါသည်။ သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး သားကတော့အကြီးဆုံး ရောင်းစားခံလိုက်ရသော ဖြူဖြူစိုးမှာ အငယ်ဆုံးဖြစ်တယ်လို့သိရပါတယ်။

ကျောက်ဖြူမြို့မှာ ရှိစဉ်တုန်းက ဖြူဖြူစိုးဟာ အပျိုအရွယ် ဖြစ်နေပေမယ့် အဆိုးထုပ်များတွင် ရေသန့်ဗူးခွန်များ ကောက်၍ ငွေရှာခဲ့သူဖြစ်တယ်လို့သိရပါတယ်။ ဒါကို မိခင်ဖြစ်သူ ဒေါ်သိန်းသိန်းမြတ်က သမီးကိုရောင်းစားရန် ဒေါ်ခင်စခန်းမြင့်နှင့် တိုင်ပင်ခဲ့သည်

တိုင်ပင်လို့ ပြီးစီးပြီးနောက် သမီးကို မန္တလေးစားသောက်ဆိုင်တစ်ခုကိုပို့ရန် စီစဉ်ခဲ့ကြတယ်လို့သိရပါတယ်။မန္တလေးမြို့ကို တစ်ယောက်တည်းပို့ပေးရန် ခက်ခဲသဖြင့် သားအကြီးဖြစ်သူကို လိမ်ပြီးတော့ သမီးကို မန္တလေးစားသောက်ဆိုင်တစ်ခုတွင် အလုပ်ဝင်လုပ်နိုင်ရန် သားအနေနဲ့ ပို့ပေးဖို့ ပြောခဲ့သည်။

သားဖြစ်သူမှာတစ်ကယ်အမှန်တရားဟု ထင်ပြီးတော့ မောင်နှစ်မနှစ်ယောက် မန္တလေးကို သွားခဲ့ကြပြီး မန္တလေးကို ရောက်ရာတွင် ညီမဖြစ်သူ ဖြူဖြူထွေးအား စားသောက်ဆိုင်တစ်ခုတွင် ထားခဲ့သည်။ အားလုံးအတည်ကျပြီးမှ အစ်ကိုဖြစ်သူဟာ မိမိတို့ ကျောက်ဖြူမြို့ကို ပြန်လာခဲ့သည်။

အစ်ကိုဖြစ်သူအနေနဲ့ မိဘများမှ လိမ်ထား ခြင်းကိုမသိခဲ့ပါ။သို့သော်လည်း အချိန်အနည်းငယ်ကြာ ပြီးနောက်ဖြူဖြူထွေး မိခင် ဒေါ်သိန်းသန်းမြတ်မှာ ဆွဲကြိုး တစ်ကျပ်သားအဆင့် တစ်ပင်ဝယ်၍ဝတ်ဆင်ခဲ့သည်။

စားစရာဆန်များ သိန်းအထိဝယ်ထားခဲ့တယ်လို့သိရပါတယ်။ မိသားစုအနေနဲ့ အရမ်းကိုဆင်းရဲခဲ့ကြပါတယ်။ယခုချိန်ထိ နေစရာအိမ်များမရှိသေးပါ။ သူတို့နေတဲ့နေရာမှာ ရွှေတောင် ရေခဲစက်ရုံအနီး ကုလားခြံအိမ်တစ်ခုတွင် နေထိုင်ကြတာဖြစ်တယ်လို့သိရပါတယ်။

တရုပ်နိုင်ငံကိုရောင်းစားခံလိုက်ရသော ဖြူဖြူစိုး သတင်းများ အင်တာနက်ပေါ်တွင် ပြန့်နံ့နေခဲ့သော်လည်း သူမ ၏ အစ်ကိုမှာ သိရှိခဲ့ခြင်းမရှိခဲ့ပါ။ ဆင်းရဲတာကြောင့် သူများတွေလို ဖုန်းမကိုင်ခြင်းလည်းပါသည်။ ဒီပြဿနာများကို ဘေးပတ်ဝန်းကျင်က မိတ်ဆွေတို့က ဒေါ်သိန်းသိန်းမြတ်ကို သွား၍ အသိပေးခဲ့ပါသော်လည်း သူကိုယ်တိုင်ရောင်းစားခဲ့တာကြောင့် ကျွန်မသမီးမဟုတ်ကြောင်းကို ငြင်းဆိုခဲ့သည်။

ငြင်းဆိုခဲ့သော်လည်း ရခိုင်တစ်မျိုးလုံးက စိတ်မကောင်းစရာတွေမြင်နေရတာကြောင့် အားလုံးဝိုင်းဝန်း၍ စုံစမ်း ဖော်ထုတ်ခဲ့ကြပါတယ်။ညနေအချိန် စုံစမ်းစစ်ဆေးမေး မြန်းသွားရာတွင် မိခင်ဖြစ်သူ ဒေါ်သိန်းသိန်းမြင့်နှင့်တွေ့ရှိခဲ့ခြင်းမရရှိပဲ အစ်ကိုဖြစ်သူနဲ့သာတွေခဲ့သည်။ အစ်ကိုဖြစ်သူကို ဖြူဖြူစိုး ရောင်းစားခံနေရတာကို ပြလိုက်တဲ့အခါမှ အစ်ကိုဖြစ်သူမှ အရူးတစ်ယောက်လိုဖြစ်ခဲ့ရပါတယ်။

ငါပို့တုန်းကမန္တလေးကိုပါ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဒါအမေတို့သက်သက် လုပ်ခဲ့တာဆိုပြီး ငိုခဲ့၍ သူ့အမေ ကို ဈေးဘက်သွား လိုက်ရှာသွားခဲ့ပါသည်။

ဒီကိစ္စကို မိဘပြည်သူများအနေဖြင့် ဘယ်လိုဖြေရှင်းကြမှာလဲ မိမိတို့ ကိုယ်ပိုင်ညဏ်များဖြင့် ဆုံးဖြတ်ကြပါ။ ဒီပြဿနာဟာ ဖြူဖြူစိုးအနေနဲ့ ရောင်းစားခဲ့တာကို စိတ်ကျေနပ်မူနဲ့ လက်ခံခဲ့တယ်ဆိုပါက ရခိုင်ပြည်က မိဘပြည်သူများအနေဖြင့် စိတ်မကောင်းဖြစ်စရာမလိုပါ။

တိုးတိတ်စွာသာ တရုပ်နိုင်ငံကို ရောက်သွားပါလိမ့်မယ် သို့သော်လည်း ယခုလိုရောင်းစားခံလိုက်ရတဲ့ ဖြူဖြူစိုးးမှာ လက်ခံခြင်းမရှိပဲ အရူးတစ်ယောက်လို ခံစားချက်များစွာနဲ့ ငိုကြွေးခဲ့ရလေပြီ။

ကျနော်တို့အနေဖြင့် အသေးစိတ်ကို ဖော်ပြပေးလိုက်ပါ ပြီ။ မိဘပြည်သူများအနေဖြင့် စိတ်တိုင်းကျ လုပ်နိုင်ပါတော့သည် တရားစွဲမလား ထောင်ချမလား တစ်ခုခုဆုံးဖြတ်နိုင်ကြပါစေ …။

ဒါဟာ မိမိလူမျိုး အသက်မပြည့်သေးတဲ့ ကလေးကို ရောင်းစားတယ် လူကုန်ကူးမူတစ်ခုဖြစ်ကြောင်း တင်ပြပေးလိုက်ရပါသည်။

ကျောက်ဖြူမြို့နယ် သတင်းအဖွဲ့

မှတ်ချက်-တောသူဖေ့ဘုတ်ပေ့ချ်မှတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

ဖိုးသူတော် (www.phothutaw.com)
Credit: welovecele
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top