ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 သီခ်င္းဆုိတာလည္း ဝါသနာပါတယ္တဲ့။
ေနျခည္ဦးတစ္ေယာက္ ေနာက္ထပ္ ဝါသနာတစ္ခုကုိ မိတ္ဆက္ေပးလာပါတယ္။ ဒါကေတာ့ သီခ်င္းဆုိတာပါတဲ့။ ငယ္ငယ္ ကတည္းက Pop Star တစ္ေယာက္ျဖစ္ခ်င္ခဲ့တယ္လုိ႔ ဆုိပါတယ္။

Photo: Nay Chi Oo Facebook

ေနျခည္ဦးက Beauty Blogger မွာသာမက သရုပ္ေဆာင္ဘက္မွာလည္း ရုပ္ရွင္ဇာတ္ကားႀကီးေတြရုိက္ကူးေနရတဲ့သူျဖစ္ပါတယ္။ အဲ့ဒီေနာက္ သူ႔ရဲ႕ ဝါသနာအရင္းခံ ျဖစ္တဲ့ သီခ်င္းဆုိတာကုိလည္း ဝါသနာပါေသးတယ္လုိ႔ ဆုိပါတယ္။ သူ႔ရဲ႕ ငယ္ငယ္ေလးကတည္းက စိတ္ကူးယဥ္ အိပ္မက္ ကေတာ့ Pop Star တစ္ေယာက္ျဖစ္ဖုိ႔ ဆုိတာကုိ မီဒီယာေတြကေနတဆင့္ေျပာျပလာပါတယ္။

'' ေနျခည္က သီခ်င္းဆုိတာ အရမ္းဝါသနာပါ ပါတယ္၊ အသံမေကာင္းတာလည္း အကုန္လုံးသိမွာပါ။ ငယ္ငယ္တုန္းကဆုိ Pop Star အရမ္း ျဖစ္ခ်င္တာ ဘရစ္တနီစပီယား တုိ႔လုိေပါ့၊ သီခ်င္းဆုိၿပီး က တဲ့ ေကာင္မေလးေတြဆုိ အရမ္းသေဘာက်တာ၊  သူတုိ႔က သီခ်င္းလည္း ဆုိတယ္။ ကလည္း ကတယ္၊ ငယ္ငယ္တုန္းက ဆုိရင္ေတာ့ လုိက္ဆုိ လုိက္က တယ္'' လုိ႔ ဆုိပါတယ္။


Photo: Nay Chi Oo Facebook
သူမဟာ ရုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ရုိက္ကူးေနရတာျဖစ္တဲ့အတြက္ ရုိက္ကြင္းကုိလည္း ခ်စ္သူကုိ ေခၚခဲ့ဖူးတယ္လုိ႔ ဆုိပါတယ္။ ဒါေပ မယ့္ အႏုပညာရွင္တစ္ေယာက္မဟုတ္တာေၾကာင့္ မင္းသားေတြနဲ႔ ထိေတြ႔ကုိင္တြယ္ရတဲ့အခါမွာေတာ့ သဝန္တုိတာေလးေတြေတာ့ ျဖစ္ တတ္တယ္လု႔ိ သူကဆုိပါတယ္။

'' အရင္တုန္းက ရႈတင္ေတြဆုိ ေခၚဖူးတယ္။ သူက မႀကိဳက္ဘူး သဝန္တုိတာေပါ့ေနာ္ ဘယ္သူနဲ႔ျဖစ္ျဖစ္ သဝန္တုိတယ္၊ ရွိသမွ်လူ အကုန္လုံး နဲ႔လည္း သဝန္တုိတယ္။ ေနာက္ပုိင္းက်ေတာ့လည္း သူ နားလည္လာတယ္၊ ေနျခည့္အလုပ္ဆုိတာကုိလည္း သူ လက္ခံလာတယ္ေပါ့ေနာ္။ အႏုပညာေလာက က လူေတြနဲ႔လည္း ေမာင္ႏွမ သူငယ္ခ်င္းေတြလုိ ျဖစ္ေနေတာ့ သူလက္ခံလာပါတယ္'' လုိ႔ ေျပာျပခဲ့ပါတယ္။

Photo: Nay Chi Oo Facebook

ေနျခည္ဦးရဲ႕ ခ်စ္သူေကာင္ေလးက  ေနျခည္ဦးကုိ သရုပ္ေဆာင္အလုပ္ မလုပ္ေစခ်င္ဘူးလုိ႔ ဆုိပါတယ္။ ခ်စ္သူအေပၚ သဝန္တုိတတ္တဲ့ စိတ္ေၾကာင့္လည္း အခုလုိ ေျပာတာျဖစ္မယ္လုိ႔ စက္တင္ဘာလ ၂၁ ရက္ေန႔က Pond ပစၥည္းသစ္ မိတ္ဆက္ပြဲ မွာ မီဒီယာေတြကုိ ေျဖဆုိခဲ့ တာျဖစ္ပါတယ္။

'' သူကေတာ့ နင့္ကိုငါ ႀကိဳက္တာ Beauty Blogger မုိ႔လုိ႔ႀကိဳက္တာေပါ့။ နင္က ငါနဲ႔ႀကိဳက္ၿပီးမွ ရုပ္ရွင္မင္းသမီးျဖစ္သြားၿပီေပါ့၊ အဲ့ဒါကုိ လက္မခံ ႏုိင္ဘူး။ ယူၿပီးရင္ မရုိက္ရေတာ့ဘူးေပါ့။ သူ႔စိတ္ထဲမွာေတာ့ သူ႔ေကာင္မေလးကုိ တျခားသူေတြ ဖက္တာ မႀကိဳက္ဘူးေပါ့ေနာ္ သူက သာမန္လူ ဆုိေတာ့ နားလည္ပါတယ္'' လုိ႔ သူကဆုိပါတယ္။


Photo: Nay Chi Oo Facebook

ေနျခည္ဦးကုိ ပရိသတ္ေတြက Beauty Blogger တစ္ဦးအေနနဲ႔ စတင္အားေပးလာတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ေအာင္ျမင္မႈရရွိလာတဲ့ Beauty Blogger တင္မက အႏုပညာ အလုပ္ေတြ လည္း ေဆာင္ရြက္လုိ႔ေနပါၿပီ။ သူပါဝင္ ရုိက္ကူးထားတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြကလည္း ပရိသတ္အေရွ႕ကုိ မၾကာခင္ေရာက္ရွိ လာေတာ့မွာပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 သီချင်းဆိုတာလည်း ဝါသနာပါတယ်တဲ့။
နေခြည်ဦးတစ်ယောက် နောက်ထပ် ဝါသနာတစ်ခုကို မိတ်ဆက်ပေးလာပါတယ်။ ဒါကတော့ သီချင်းဆိုတာပါတဲ့။ ငယ်ငယ် ကတည်းက Pop Star တစ်ယောက်ဖြစ်ချင်ခဲ့တယ်လို့ ဆိုပါတယ်။

Photo: Nay Chi Oo Facebook

နေခြည်ဦးက Beauty Blogger မှာသာမက သရုပ်ဆောင်ဘက်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရတဲ့သူဖြစ်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ ဝါသနာအရင်းခံ ဖြစ်တဲ့ သီချင်းဆိုတာကိုလည်း ဝါသနာပါသေးတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ငယ်ငယ်လေးကတည်းက စိတ်ကူးယဉ် အိပ်မက် ကတော့ Pop Star တစ်ယောက်ဖြစ်ဖို့ ဆိုတာကို မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

'' နေခြည်က သီချင်းဆိုတာ အရမ်းဝါသနာပါ ပါတယ်၊ အသံမကောင်းတာလည်း အကုန်လုံးသိမှာပါ။ ငယ်ငယ်တုန်းကဆို Pop Star အရမ်း ဖြစ်ချင်တာ ဘရစ်တနီစပီယား တို့လိုပေါ့၊ သီချင်းဆိုပြီး က တဲ့ ကောင်မလေးတွေဆို အရမ်းသဘောကျတာ၊  သူတို့က သီချင်းလည်း ဆိုတယ်။ ကလည်း ကတယ်၊ ငယ်ငယ်တုန်းက ဆိုရင်တော့ လိုက်ဆို လိုက်က တယ်'' လို့ ဆိုပါတယ်။

Photo: Nay Chi Oo Facebook
သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရတာဖြစ်တဲ့အတွက် ရိုက်ကွင်းကိုလည်း ချစ်သူကို ခေါ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေ မယ့် အနုပညာရှင်တစ်ယောက်မဟုတ်တာကြောင့် မင်းသားတွေနဲ့ ထိတွေ့ကိုင်တွယ်ရတဲ့အခါမှာတော့ သဝန်တိုတာလေးတွေတော့ ဖြစ် တတ်တယ်လု့ိ သူကဆိုပါတယ်။

'' အရင်တုန်းက ရှုတင်တွေဆို ခေါ်ဖူးတယ်။ သူက မကြိုက်ဘူး သဝန်တိုတာပေါ့နော် ဘယ်သူနဲ့ဖြစ်ဖြစ် သဝန်တိုတယ်၊ ရှိသမျှလူ အကုန်လုံး နဲ့လည်း သဝန်တိုတယ်။ နောက်ပိုင်းကျတော့လည်း သူ နားလည်လာတယ်၊ နေခြည့်အလုပ်ဆိုတာကိုလည်း သူ လက်ခံလာတယ်ပေါ့နော်။ အနုပညာလောက က လူတွေနဲ့လည်း မောင်နှမ သူငယ်ချင်းတွေလို ဖြစ်နေတော့ သူလက်ခံလာပါတယ်'' လို့ ပြောပြခဲ့ပါတယ်။

Photo: Nay Chi Oo Facebook

နေခြည်ဦးရဲ့ ချစ်သူကောင်လေးက  နေခြည်ဦးကို သရုပ်ဆောင်အလုပ် မလုပ်စေချင်ဘူးလို့ ဆိုပါတယ်။ ချစ်သူအပေါ် သဝန်တိုတတ်တဲ့ စိတ်ကြောင့်လည်း အခုလို ပြောတာဖြစ်မယ်လို့ စက်တင်ဘာလ ၂၁ ရက်နေ့က Pond ပစ္စည်းသစ် မိတ်ဆက်ပွဲ မှာ မီဒီယာတွေကို ဖြေဆိုခဲ့ တာဖြစ်ပါတယ်။

'' သူကတော့ နင့်ကိုငါ ကြိုက်တာ Beauty Blogger မို့လို့ကြိုက်တာပေါ့။ နင်က ငါနဲ့ကြိုက်ပြီးမှ ရုပ်ရှင်မင်းသမီးဖြစ်သွားပြီပေါ့၊ အဲ့ဒါကို လက်မခံ နိုင်ဘူး။ ယူပြီးရင် မရိုက်ရတော့ဘူးပေါ့။ သူ့စိတ်ထဲမှာတော့ သူ့ကောင်မလေးကို တခြားသူတွေ ဖက်တာ မကြိုက်ဘူးပေါ့နော် သူက သာမန်လူ ဆိုတော့ နားလည်ပါတယ်'' လို့ သူကဆိုပါတယ်။

Photo: Nay Chi Oo Facebook

နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top