×

How To Murder Your Husband စာအုပ္ကို ေရးသားခဲ့တဲ့ စာေရးဆရာမတစ္ဦးကုိ သူမရဲ႕ ခင္ပြန္းကုိ သတ္ျဖတ္ခဲ့မႈအတြက္ အခုအခါမွာ လူသတ္မႈနဲ႔ စြဲခ်က္တင္ခံထားရပါတယ္။ လက္ရွိအခ်ိန္မွာ အသက္(၆၈)ႏွစ္ ေရာက္ေနၿပီျဖစ္တဲ့ Nancy Crampton Brophy ဟာ သူမရဲ႕ခင္ပြန္းသည္ကုိ သတ္ခဲ့တယ္လုိ႔ စြပ္စြဲခံထားရပါတယ္။

သူမဟာ အေမရိကန္ Oregon မွာ ေနထုိင္သူျဖစ္ၿပီး အသက္(၆၃)ႏွစ္အရြယ္ ခင္ပြန္းျဖစ္သူ Daniel Brophy ကုိ ယခုႏွစ္ ဇြန္လက ေသနတ္နဲ႔ ပစ္သတ္ခဲ့တယ္လုိ႔ ရဲကဆုိပါတယ္။ သူမတုိ႔ လင္မယားဟာ အိမ္ေထာင္သက္ (၂၇)ႏွစ္ ရွိၿပီျဖစ္ၿပီး Daniel ကေနေတာ့ Oregon Culinary Institute မွာ ဆရာအျဖစ္ တာဝန္ထမ္းေဆာင္သူပါ။

ရဲတပ္ဖြဲ႕စာ Nancy ကို ဖမ္းဆီးထားေပမယ့္ Daniel ကုိ သတ္ပစ္ခဲ့တယ္ဆုိတဲ့ ခုိင္လုံတဲ့သက္ေသေတာ့ အခုထက္ထိ မရွာႏုိင္ေသးဘူးလုိ႔ သိရပါတယ္။ အေၾကာင္းကေတာ့ Nancy ဟာ အခင္းျဖစ္တဲ့ေနရာမွာ သူမ ရွိမေနဘူးဆုိတာကုိ အလီဘုိင္ျပထားပါတယ္။ Daniel ဟာ ေက်ာင္းမီးဖုိေခ်ာင္အတြင္းမွာ ေသဆုံးေနခဲ့တာပါ။

ဒီအျဖစ္အပ်က္ဟာ Nancy ရဲ႕ How To Murder Your Husband စာအုပ္ထြက္ရွိၿပီး (၇)ႏွစ္အၾကာမွာ ျဖစ္ပ်က္ခဲ့တာပါ။ ဒါေၾကာင့္လည္း ရဲက Daniel ကုိ သတ္သူမွာ Nancy ကလြဲၿပီး ဘယ္သူမွမျဖစ္ႏုိင္ဘူးလုိ႔ ရဲက ေကာက္ခ်က္ခ်ၿပီး လူသတ္မႈနဲ႔ဖမ္းဆီးစစ္ေဆးခဲ့တာ ျဖစ္ပါတယ္။

Nancy ရဲ႕စာအုပ္ထဲမွာ ခင္ပြန္းသည္ေတြကို သတ္ပစ္ေစခ်င္တဲ့ အဓိကအေၾကာင္းတရားေတြအနက္ အိမ္တြင္းအၾကမ္းဖက္ခံရျခင္း၊ အလုိအတၱႀကီးျခင္း၊ သစၥာမဲ့ေဖာက္ျပားျခင္း စတဲ့အခ်က္ေတြလည္း ပါဝင္ေၾကာင္း ေဖာ္ျပထားပါတယ္။ သူမဟာ ‘The Wrong Series’ စာအုပ္ကိုလည္း အခန္းဆက္ေရးသားခဲ့ၿပီး ေဖာ္ျပထားတဲ့ အခန္းေတြထဲမွာ ‘The Wrong Husband’, ‘The Wrong Cop’, ‘The Wrong Lover’ နဲ႔ ‘The Wrong Hero’ တုိ႔လည္း အပါအဝင္ ျဖစ္ခဲ့ပါတယ္။

source : unilad.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
How To Murder Your Husband စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာမတစ်ဦးကို သူမရဲ့ ခင်ပွန်းကို သတ်ဖြတ်ခဲ့မှုအတွက် အခုအခါမှာ လူသတ်မှုနဲ့ စွဲချက်တင်ခံထားရပါတယ်။ လက်ရှိအချိန်မှာ အသက်(၆၈)နှစ် ရောက်နေပြီဖြစ်တဲ့ Nancy Crampton Brophy ဟာ သူမရဲ့ခင်ပွန်းသည်ကို သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

သူမဟာ အမေရိကန် Oregon မှာ နေထိုင်သူဖြစ်ပြီး အသက်(၆၃)နှစ်အရွယ် ခင်ပွန်းဖြစ်သူ Daniel Brophy ကို ယခုနှစ် ဇွန်လက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ရဲကဆိုပါတယ်။ သူမတို့ လင်မယားဟာ အိမ်ထောင်သက် (၂၇)နှစ် ရှိပြီဖြစ်ပြီး Daniel ကနေတော့ Oregon Culinary Institute မှာ ဆရာအဖြစ် တာဝန်ထမ်းဆောင်သူပါ။

ရဲတပ်ဖွဲ့စာ Nancy ကို ဖမ်းဆီးထားပေမယ့် Daniel ကို သတ်ပစ်ခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့သက်သေတော့ အခုထက်ထိ မရှာနိုင်သေးဘူးလို့ သိရပါတယ်။ အကြောင်းကတော့ Nancy ဟာ အခင်းဖြစ်တဲ့နေရာမှာ သူမ ရှိမနေဘူးဆိုတာကို အလီဘိုင်ပြထားပါတယ်။ Daniel ဟာ ကျောင်းမီးဖိုချောင်အတွင်းမှာ သေဆုံးနေခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ Nancy ရဲ့ How To Murder Your Husband စာအုပ်ထွက်ရှိပြီး (၇)နှစ်အကြာမှာ ဖြစ်ပျက်ခဲ့တာပါ။ ဒါကြောင့်လည်း ရဲက Daniel ကို သတ်သူမှာ Nancy ကလွဲပြီး ဘယ်သူမှမဖြစ်နိုင်ဘူးလို့ ရဲက ကောက်ချက်ချပြီး လူသတ်မှုနဲ့ဖမ်းဆီးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Nancy ရဲ့စာအုပ်ထဲမှာ ခင်ပွန်းသည်တွေကို သတ်ပစ်စေချင်တဲ့ အဓိကအကြောင်းတရားတွေအနက် အိမ်တွင်းအကြမ်းဖက်ခံရခြင်း၊ အလိုအတ္တကြီးခြင်း၊ သစ္စာမဲ့ဖောက်ပြားခြင်း စတဲ့အချက်တွေလည်း ပါဝင်ကြောင်း ဖော်ပြထားပါတယ်။ သူမဟာ ‘The Wrong Series’ စာအုပ်ကိုလည်း အခန်းဆက်ရေးသားခဲ့ပြီး ဖော်ပြထားတဲ့ အခန်းတွေထဲမှာ ‘The Wrong Husband’, ‘The Wrong Cop’, ‘The Wrong Lover’ နဲ့ ‘The Wrong Hero’ တို့လည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

source : unilad.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top