ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

လာမည့္ ေအာက္တိုဘာကစတင္ကာ ပူျပင္းေျခာက္ေသြ႕ေသာ ရာသီ အယ္လ္နီညိဳျဖစ္ႏုိင္ေျချမင့္မားေန၍ ေဆာင္းရာသီကာလ အေအးေပါ့ႏုိင္ၿပီး ပံုမွန္ထက္ပူျပင္းမည့္ ရာသီဥတုအေျခအေနကို ႀကိဳတင္ျပင္ဆင္ရန္ မိုးေလ၀သပညာရွင္ ေဒါက္တာထြန္းလြင္က သတိေပးသည္။

အယ္လ္နီညိဳျဖစ္ႏုိင္သည့္ ႀကိဳတင္သတိေပးခ်က္ကို စက္တင္ဘာ ၂၃ ရက္တြင္ ေဒါက္တာထြန္းလြင္က ထုတ္ျပန္ခဲ့သည္။

‘‘အယ္လ္နီညိဳျဖစ္ၿပီဆိုရင္ လာမယ့္ ေဆာင္းရာသီအေအးေပါ့မယ္။ ေႏြမွာ အပူမ်ားမယ္။ အဲဒီကေန ေနာက္ႏွစ္မွာ မုတ္သံုေနာက္က်တာေတြအထိ ျဖစ္လာႏုိင္လို႔ ေတာင္သူေတြလည္း ႀကိဳတင္ျပင္ဆင္တာေတြ လုပ္ရမယ္’’ ဟု ေဒါက္တာထြန္းလြင္က တုိက္တြန္းသည္။

အယ္လ္နီညိဳျဖစ္စဥ္သည္ လာမည့္ေအာက္တိုဘာတြင္ စတင္ႏုိင္ကာ ေဆာင္းရာသီကာလ ျဖစ္ေသာ ဒီဇင္ဘာမွ ၂၀၁၉ ေဖေဖာ္၀ါရီအတြင္း သိသိသာသာျဖစ္ေပၚလာႏုိင္သည္ဟု သတိေပးသည္။

ပညာရွင္ႏွင့္ အစိုးရဌာန၏ မိုးေလ၀သသတိေပးခ်က္ေပၚမူ တည္၍ ေတာင္သူမ်ားထံ ႀကိဳတင္အသိေပးမႈမ်ားျပဳလုပ္မည္ဟု စိုက္ပ်ဳိးေရးဦးစီးဌာန သီးႏွံကာ ကြယ္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ဦးေအာင္ေက်ာ္ဦးက ေျပာသည္။

‘‘ဆရာ ဦးထြန္းလြင္ေျပာသ လို အယ္လ္နီညိဳလာလို႔ အပူက ေစာေစာစီးစီးလာမယ္။ ေအာက္ အစိုဓာတ္က ေစာေစာစီးစီးျပတ္ ႏုိင္တယ္ဆိုရင္ ဒီမိုးသီးႏွံၿပီးတာနဲ႔ ေနာက္က ဆက္စိုက္မယ့္ သီးႏွံက သက္တမ္းတိုၿပီး ျမန္ျမန္ထြန္ေရး၊ ထယ္ေရးေပးႏုိင္တဲ့ဟာ ျဖစ္ရ မယ္။ ေတာင္သူေတြဆီကိုလည္း ဌာနအေနနဲ႔ သတင္းစာကေန ေၾကညာေပးပါမယ္’’ဟု ထူးျခားရာသီ ဥတုျဖစ္ရပ္မ်ားအတြက္ ေတာင္ သူမ်ားအား သတိေပးေလ့ရွိသည့္ အေျခအေနကို ဦးေအာင္ေက်ာ္ဦး က ဆက္လက္ေျပာၾကားသည္။

၂၀၁၅-၁၆ ကာလအတြင္း အားေကာင္းေသာ အယ္လ္နီ ညိဳေၾကာင့္ စံခ်ိန္တင္ပူျပင္းေျခာက္ေသြ႕မႈ ႀကံဳေတြ႕ခဲ့ၿပီး အယ္လ္နီ ညိဳအႏၲရာယ္ကာကြယ္ေရးကို လႊတ္ေတာ္တြင္ ေဆြးေႏြးရသည္ အထိ အခက္အခဲႀကံဳေတြ႕ခဲ့ရ သည္။ ၂၀၁၆ အတြင္း စံခ်ိန္တင္ မီးေလာင္ကြၽမ္းမႈမ်ား၊ ပူျပင္း ေျခာက္ေသြ႕မႈႏွင့္ တိုက္႐ိုက္ဆက္စပ္သည့္ ေရာဂါမ်ားေၾကာင့္ ေသာက္သံုးေရရွားပါးမႈမ်ား ရင္ ဆိုင္ခဲ့ရသည္။ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနက ေကာက္ယူေသာ စစ္တမ္းမ်ား အရ ၂၀၁၆ ေႏြရာသီအတြင္း ျမန္မာႏိုင္ငံေဒသအႏွံ႔ ေက်းရြာ ၁,၀၀၀ ေက်ာ္တြင္ ေသာက္သံုးေရရွားပါးမႈ ႀကံဳေတြ႕ခဲ့ရသည္။

၂၀၁၇-၁၈ အတြင္း မိုး ေကာင္းၿပီး ေအး၍ စိုစြတ္ေသာ ရာသီဥတုျဖစ္စဥ္ လာနီညာျဖစ္ခဲ့ ၿပီး ေရႀကီးနစ္ျမဳပ္မႈမ်ားႀကံဳေတြ႕ ခဲ့သည္။ ပစိဖိတ္သမုဒၵရာတြင္ ၂၀၁၇ ႏွစ္လယ္ခန္႔က စတင္ျဖစ္ ေပၚခဲ့သည့္ လာနီညာျဖစ္စဥ္သည္ ျမန္မာႏိုင္ငံအပါအ၀င္ အာရွေဒသမ်ားတြင္ ပံုမွန္ထက္အေအးပိုေစခဲ့ၿပီး ၂၀၁၈ ေမလက ၿပီးဆံုးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day News Journal
# Unicode Version ျဖင့္ ဖတ္ပါ #
လာမည့် အောက်တိုဘာကစတင်ကာ ပူပြင်းခြောက်သွေ့သော ရာသီ အယ်လ်နီညိုဖြစ်နိုင်ခြေမြင့်မားနေ၍ ဆောင်းရာသီကာလ အအေးပေါ့နိုင်ပြီး ပုံမှန်ထက်ပူပြင်းမည့် ရာသီဥတုအခြေအနေကို ကြိုတင်ပြင်ဆင်ရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။

အယ်လ်နီညိုဖြစ်နိုင်သည့် ကြိုတင်သတိပေးချက်ကို စက်တင်ဘာ ၂၃ ရက်တွင် ဒေါက်တာထွန်းလွင်က ထုတ်ပြန်ခဲ့သည်။

‘‘အယ်လ်နီညိုဖြစ်ပြီဆိုရင် လာမယ့် ဆောင်းရာသီအအေးပေါ့မယ်။ နွေမှာ အပူများမယ်။ အဲဒီကနေ နောက်နှစ်မှာ မုတ်သုံနောက်ကျတာတွေအထိ ဖြစ်လာနိုင်လို့ တောင်သူတွေလည်း ကြိုတင်ပြင်ဆင်တာတွေ လုပ်ရမယ်’’ ဟု ဒေါက်တာထွန်းလွင်က တိုက်တွန်းသည်။

အယ်လ်နီညိုဖြစ်စဉ်သည် လာမည့်အောက်တိုဘာတွင် စတင်နိုင်ကာ ဆောင်းရာသီကာလ ဖြစ်သော ဒီဇင်ဘာမှ ၂၀၁၉ ဖေဖော်ဝါရီအတွင်း သိသိသာသာဖြစ်ပေါ်လာနိုင်သည်ဟု သတိပေးသည်။

ပညာရှင်နှင့် အစိုးရဌာန၏ မိုးလေဝသသတိပေးချက်ပေါ်မူ တည်၍ တောင်သူများထံ ကြိုတင်အသိပေးမှုများပြုလုပ်မည်ဟု စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာ ကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

‘‘ဆရာ ဦးထွန်းလွင်ပြောသ လို အယ်လ်နီညိုလာလို့ အပူက စောစောစီးစီးလာမယ်။ အောက် အစိုဓာတ်က စောစောစီးစီးပြတ် နိုင်တယ်ဆိုရင် ဒီမိုးသီးနှံပြီးတာနဲ့ နောက်က ဆက်စိုက်မယ့် သီးနှံက သက်တမ်းတိုပြီး မြန်မြန်ထွန်ရေး၊ ထယ်ရေးပေးနိုင်တဲ့ဟာ ဖြစ်ရ မယ်။ တောင်သူတွေဆီကိုလည်း ဌာနအနေနဲ့ သတင်းစာကနေ ကြေညာပေးပါမယ်’’ဟု ထူးခြားရာသီ ဥတုဖြစ်ရပ်များအတွက် တောင် သူများအား သတိပေးလေ့ရှိသည့် အခြေအနေကို ဦးအောင်ကျော်ဦး က ဆက်လက်ပြောကြားသည်။

၂၀၁၅-၁၆ ကာလအတွင်း အားကောင်းသော အယ်လ်နီ ညိုကြောင့် စံချိန်တင်ပူပြင်းခြောက်သွေ့မှု ကြုံတွေ့ခဲ့ပြီး အယ်လ်နီ ညိုအန္တရာယ်ကာကွယ်ရေးကို လွှတ်တော်တွင် ဆွေးနွေးရသည် အထိ အခက်အခဲကြုံတွေ့ခဲ့ရ သည်။ ၂၀၁၆ အတွင်း စံချိန်တင် မီးလောင်ကျွမ်းမှုများ၊ ပူပြင်း ခြောက်သွေ့မှုနှင့် တိုက်ရိုက်ဆက်စပ်သည့် ရောဂါများကြောင့် သောက်သုံးရေရှားပါးမှုများ ရင် ဆိုင်ခဲ့ရသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကောက်ယူသော စစ်တမ်းများ အရ ၂၀၁၆ နွေရာသီအတွင်း မြန်မာနိုင်ငံဒေသအနှံ့ ကျေးရွာ ၁,၀၀၀ ကျော်တွင် သောက်သုံးရေရှားပါးမှု ကြုံတွေ့ခဲ့ရသည်။

၂၀၁၇-၁၈ အတွင်း မိုး ကောင်းပြီး အေး၍ စိုစွတ်သော ရာသီဥတုဖြစ်စဉ် လာနီညာဖြစ်ခဲ့ ပြီး ရေကြီးနစ်မြုပ်မှုများကြုံတွေ့ ခဲ့သည်။ ပစိဖိတ်သမုဒ္ဒရာတွင် ၂၀၁၇ နှစ်လယ်ခန့်က စတင်ဖြစ် ပေါ်ခဲ့သည့် လာနီညာဖြစ်စဉ်သည် မြန်မာနိုင်ငံအပါအဝင် အာရှဒေသများတွင် ပုံမှန်ထက်အအေးပိုစေခဲ့ပြီး ၂၀၁၈ မေလက ပြီးဆုံးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day News Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top