iMyanmarHouse.com - Best Property Website for Myanmar
×

 သူခ်စ္ကုိ ပုိင္ဆုိင္ထားတဲ့ အေၾကာင္း။
သာယာၿပီး ခ်စ္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ပုိင္ဆုိင္ထားတဲ့ သရုပ္ေဆာင္ ဆုပန္ထြာကေတာ့ သူခ်စ္ကုိ ရွာထားလုိ႔ ေအးေအး ခ်မ္းခ်မ္း ေနရတယ္လုိ႔ဆုိပါတယ္။ ခင္ပြန္းျဖစ္သူ ေျပာေျပာေနၾက စကားကုိလည္း သူကဆက္လက္ ေျပာျပ လာပါတယ္။


သရုပ္ေဆာင္ ဆုပန္ထြာတုိ႔ မိသားစုဘဝေလးကုိေတာ့ အားက်ရတဲ့ ပရိသတ္ေတြအမ်ားႀကီးပါ။ သူ႔အေနနဲ႔  စိတ္ခ်မ္းသာစရာေကာင္းတဲ့ အိမ္ေထာင္ေရးျဖစ္ဖုိ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ နားလည္မႈထားေပမယ့္ သူခ်စ္ကုိ ရွာခဲ့တာေၾကာင့္ စိတ္ခ်မ္းသာတဲ့ အ ေၾကာင္း Duwun Media ရဲ႕ သီးသန္္႔ အင္တာဗ်ဴးမွာ ေျဖဆုိခဲ့ပါတယ္။

'' မိန္းကေလးကေတာ့ ကုိယ္ခ်စ္ကုိ မရွာတာအေကာင္းဆုံးပဲ။ သူခ်စ္ကုိ ရွာတာ ေကာင္းတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ကုိယ္က ခ်စ္စရာမလုိ ဘူးေလ။ မမကို ကုိဥကၠာ ခ်စ္ခြင့္ပန္ေတာ့ သူ႔ကုိ မခ်စ္ႏိုင္ပါဘူး ျငင္းတုန္းက အစ္မကုိ သူ အဲ့ဒီလုိ ေျပာဖူးတယ္။ မီးမီးက ျပန္ခ်စ္ဖုိ႔မလုိဘူး ကုိကုိခ်စ္တာပဲခံ ျပန္ခ်စ္ဖုိ႔မလိုဘူးလုိ႔ သူေျပာဖူးတယ္'' လုိ႔ဆုိပါတယ္။
Photo: Su Pan Htwar Facebook
သရုပ္ေဆာင္ဆုပန္ထြာနဲ႔ ကုိဥကၠာေက်ာ္တုိ႔မွာေတာ့ ခ်စ္စရာေကာင္းတဲ့ သားေလးတစ္ေယာက္ပုိင္ဆုိင္ေနၿပီျဖစ္ပါတယ္။ သူတုိ႔ ႏွစ္ေယာက္ ရဲ႕ အိမ္ေထာင္ေရးကိုေတာ့ အခက္အခဲေတြၾကားက ထူေထာင္ခဲ့တာျဖစ္ပါတယ္။ ဒီလုိ အခက္အခဲေတြ ၾကားကေန အခုလုိ အဆင္ေျပေျပ ေနရတဲ့ အခ်ိန္ထိ ခင္ပြန္းျဖစ္သူ ေျပာေနၾက စကားကုိလည္း သူကေျပာျပလာပါတယ္။

'' သူ အစ္မကုိ ေျပာတာေတြ မ်ားလြန္းလုိ႔ တစ္ခါတေလက်ရင္ မမက ေယာက်္ားလုိပဲ၊ သူက မိန္းကေလးလုိပဲ တစ္ခုခ်င္းလုိက္ေျပာတာ။ တစ္ခါတေလက်ရင္ သူကအျမဲတမ္းေျပာတယ္ ငါက ခ်စ္ရတဲ့အခါက်ေတာ့ ငါပင္ပန္းတယ္တဲ့။ သူအျမဲေျပာတယ္ေပါ့ေနာ္'' ဆုိၿပီးေတာ့ ၾသဂုတ္လ ၃၁ ရက္ေန႔က ေနရယ္၊ လရယ္၊ အမွန္တရားရယ္ ဇာတ္ကားအထူးျပပြဲမွာ ေျဖဆုိခဲ့တာပါ။


ဆုပန္ထြာဟာ အိမ္ေထာင္ျပဳၿပီးတဲ့ေနာက္မွာလည္း အႏုပညာအလုပ္ေတြလည္း ဆက္တုိက္ ေဆာင္ရြက္ ေနရတာျဖစ္ပါတယ္။ သူ႔အေနနဲ႔ အိမ္ေထာင္သည္တစ္ေယာက္ဆုိေပမယ့္ အိမ္ရွင္မအလုပ္ေတြကုိလည္း သီးသန္႔ လုပ္စရာ မလုိဘူးလုိ႔ ဆက္လက္ေျပာျပလာပါတယ္။

'' အခုခ်ိန္ထိလည္း မမက အိမ္ေထာင္သည္တစ္ေယာက္လုိမ်ဳိး၊ သူ႔ကုိလည္း ေယာက်္ားတစ္ေယာက္လုိမ်ဳိး ျပဳစုရတာတုိ႔ ထမင္း ခူးခပ္ေကၽြးရ တာ တုိ႔ ၊ ေရခ်ဳိးရင္ သဘက္ကေလးနဲ႔ေစာင့္ရတာမ်ဳိးတုိ႔ မမ အ့ဲဒီလို တစ္ခါမွ မလုပ္ေပးဖူးဘူး။ အပ်ဳိလုိပဲ ေနတာပဲ အမွန္ေတာ့ မိန္းကေလး ဆုိတာ သူခ်စ္ကုိ ယူတာ အေကာင္းဆုုံးပဲ'' လု႔ိ သူကဆုိပါတယ္။


Photo: Su Pan Htwar Facebook

ဆုပန္ထြာဟာ သူ႔ရဲ႕ ဘဝမွာ ခင္ပြန္းျဖစ္တဲ့ ကုိဥကၠာေက်ာ္ရဲ႕ ခ်စ္ျခင္းတစ္ခုတည္းနဲ႔တင္ ျပည့္စုံေနၿပီလုိ႔ သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚမွာ ေရးသားခဲ့ဖူးပါတယ္။ သာယာေပ်ာ္ရႊြင္တဲ့ မိသားစု ဘဝတစ္ခုကုိ ဦးေဆာင္ တည္ေဆာက္ေပးတဲ့ ခင္ပြန္းျဖစ္တာေၾကာင့္လည္း သူ႔ရဲ႕ ဘဝမွာ အစစအရာရာ ျပည့္စုံခဲ့တယ္လုိ႔ ေဖ့ စ္ဘြတ္စာမ်က္ႏွာေပၚမွာဖြင့္ေျပာျပခဲ့ဖူးပါေသးတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 သူချစ်ကို ပိုင်ဆိုင်ထားတဲ့ အကြောင်း။
သာယာပြီး ချစ်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဆုပန်ထွာကတော့ သူချစ်ကို ရှာထားလို့ အေးအေး ချမ်းချမ်း နေရတယ်လို့ဆိုပါတယ်။ ခင်ပွန်းဖြစ်သူ ပြောပြောနေကြ စကားကိုလည်း သူကဆက်လက် ပြောပြ လာပါတယ်။


သရုပ်ဆောင် ဆုပန်ထွာတို့ မိသားစုဘဝလေးကိုတော့ အားကျရတဲ့ ပရိသတ်တွေအများကြီးပါ။ သူ့အနေနဲ့  စိတ်ချမ်းသာစရာကောင်းတဲ့ အိမ်ထောင်ရေးဖြစ်ဖို့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်မှုထားပေမယ့် သူချစ်ကို ရှာခဲ့တာကြောင့် စိတ်ချမ်းသာတဲ့ အ ကြောင်း Duwun Media ရဲ့ သီးသန့်် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' မိန်းကလေးကတော့ ကိုယ်ချစ်ကို မရှာတာအကောင်းဆုံးပဲ။ သူချစ်ကို ရှာတာ ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က ချစ်စရာမလို ဘူးလေ။ မမကို ကိုဥက္ကာ ချစ်ခွင့်ပန်တော့ သူ့ကို မချစ်နိုင်ပါဘူး ငြင်းတုန်းက အစ်မကို သူ အဲ့ဒီလို ပြောဖူးတယ်။ မီးမီးက ပြန်ချစ်ဖို့မလိုဘူး ကိုကိုချစ်တာပဲခံ ပြန်ချစ်ဖို့မလိုဘူးလို့ သူပြောဖူးတယ်'' လို့ဆိုပါတယ်။

Photo: Su Pan Htwar Facebook
သရုပ်ဆောင်ဆုပန်ထွာနဲ့ ကိုဥက္ကာကျော်တို့မှာတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ သူတို့ နှစ်ယောက် ရဲ့ အိမ်ထောင်ရေးကိုတော့ အခက်အခဲတွေကြားက ထူထောင်ခဲ့တာဖြစ်ပါတယ်။ ဒီလို အခက်အခဲတွေ ကြားကနေ အခုလို အဆင်ပြေပြေ နေရတဲ့ အချိန်ထိ ခင်ပွန်းဖြစ်သူ ပြောနေကြ စကားကိုလည်း သူကပြောပြလာပါတယ်။

'' သူ အစ်မကို ပြောတာတွေ များလွန်းလို့ တစ်ခါတလေကျရင် မမက ယောကျ်ားလိုပဲ၊ သူက မိန်းကလေးလိုပဲ တစ်ခုချင်းလိုက်ပြောတာ။ တစ်ခါတလေကျရင် သူကအမြဲတမ်းပြောတယ် ငါက ချစ်ရတဲ့အခါကျတော့ ငါပင်ပန်းတယ်တဲ့။ သူအမြဲပြောတယ်ပေါ့နော်'' ဆိုပြီးတော့ သြဂုတ်လ ၃၁ ရက်နေ့က နေရယ်၊ လရယ်၊ အမှန်တရားရယ် ဇာတ်ကားအထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

ဆုပန်ထွာဟာ အိမ်ထောင်ပြုပြီးတဲ့နောက်မှာလည်း အနုပညာအလုပ်တွေလည်း ဆက်တိုက် ဆောင်ရွက် နေရတာဖြစ်ပါတယ်။ သူ့အနေနဲ့ အိမ်ထောင်သည်တစ်ယောက်ဆိုပေမယ့် အိမ်ရှင်မအလုပ်တွေကိုလည်း သီးသန့် လုပ်စရာ မလိုဘူးလို့ ဆက်လက်ပြောပြလာပါတယ်။

'' အခုချိန်ထိလည်း မမက အိမ်ထောင်သည်တစ်ယောက်လိုမျိုး၊ သူ့ကိုလည်း ယောကျ်ားတစ်ယောက်လိုမျိုး ပြုစုရတာတို့ ထမင်း ခူးခပ်ကျွေးရ တာ တို့ ၊ ရေချိုးရင် သဘက်ကလေးနဲ့စောင့်ရတာမျိုးတို့ မမ အဲ့ဒီလို တစ်ခါမှ မလုပ်ပေးဖူးဘူး။ အပျိုလိုပဲ နေတာပဲ အမှန်တော့ မိန်းကလေး ဆိုတာ သူချစ်ကို ယူတာ အကောင်းဆုံးပဲ'' လု့ိ သူကဆိုပါတယ်။

Photo: Su Pan Htwar Facebook

ဆုပန်ထွာဟာ သူ့ရဲ့ ဘဝမှာ ခင်ပွန်းဖြစ်တဲ့ ကိုဥက္ကာကျော်ရဲ့ ချစ်ခြင်းတစ်ခုတည်းနဲ့တင် ပြည့်စုံနေပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ သာယာပျော်ရွှွင်တဲ့ မိသားစု ဘဝတစ်ခုကို ဦးဆောင် တည်ဆောက်ပေးတဲ့ ခင်ပွန်းဖြစ်တာကြောင့်လည်း သူ့ရဲ့ ဘဝမှာ အစစအရာရာ ပြည့်စုံခဲ့တယ်လို့ ဖေ့ စ်ဘွတ်စာမျက်နှာပေါ်မှာဖွင့်ပြောပြခဲ့ဖူးပါသေးတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top