×

ပဲခူးတုိင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕မရဲစခန္းအပုိင္ ရန္ကုန္ မႏၲေလးကားလမ္းေဟာင္းမုိင္တုိင္အမွတ္ ၁၁၇/၅ ႏွင့္ ၆ အၾကား ရင္းတုိက္ကုန္းေက်းရြာ၌စက္တင္ဘာလ ၁၃ ရက္ နံနက္ ၁၁ နာရီက ယာဥ္တုိက္မႈျဖစ္ပြားရာ ဆုိင္ကယ္ေမာင္းသူေနရာတြင္ေသဆုံးခ့ဲၿပီး ယာဥ္ေမာင္းမွာ ယာဥ္အားထားခ့ဲ၍ ထြက္ေျပးသြားခ့ဲေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မႏၲေလးဘက္မွရန္ကုန္ဘက္သုိ႔ ယာဥ္ေမာင္းဝင္းထုိက္၄၀ႏွစ္ဆင္ရုိးခင္ေက်းရြာ ရင္းတုိက္ကုန္းေက်းရြာအုပ္စု ေက်ာက္တံခါးၿမိဳ႕နယ္ေနသူေမာင္းႏွင္လာေသာ YGN-7J/5065 HYUNDAI အမ်ဳိးအစား အျဖဴေရာင္ယာဥ္သည္ တစ္ဖက္ယာဥ္ေၾကာသုိ႔ ေရာက္ရွိခ့ဲၿပီး တစ္ဖက္ယာဥ္ေၾကာမွ ဦးၾကည္ေသာင္း ၅၃ႏွစ္ အလယ္ကြ်န္းေက်းရြာရင္းတုိက္ကုန္းေက်းရြာအုပ္စု ေက်ာက္တံခါးၿမိဳ႕နယ္ ေနသူ ေမာင္းႏွင္လာေသာ ၅၄ယ/၉၂၉၁၇ WAVE(100) အမ်ဳိးအစား အနက္ေရာင္ဆုိင္ကယ္အား တုိက္မိခဲ႕သည္။

ယာဥ္တိုက္မႈေၾကာင့္ဆုိင္ကယ္ ေၾကမြပ်က္စီး၍ ယာဥ္မွာေရွ့ေလကာမွန္ကြဲ ေရွမီးကြဲ ေရွ့ဘန္ကာပိန္ခ်ဳိင့္ပ်က္စီးခ့ဲ ကာ ဆုိင္ကယ္ေမာင္းႏွင္သူ ဦးၾကည္ေသာင္းတြင္ နဖူးကြဲ ေမးေစ့ကြဲ ဝဲယာေျခသလုံးက်ဳိး ဝဲလက္ေမာင္းက်ဳိး လည္ပင္းက်ဳိးဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ႕ၿပီး ယာဥ္ေမာင္းဝင္းထုိက္မွာ ယာဥ္အားထား၍ ထြက္ေျပးခ့ဲသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေက်ာက္တံခါးၿမိဳ႕မရဲစခန္းက ယာဥ္(ပ)၂၃/၂၀၁၈ရာဇသတ္ႀကီးပုဒ္မ၃၀၄-ကအရအမႈဖြင့္ထားရွိကာ ထြက္ေျပးသူ ယာဥ္ေမာင္းဝင္းထုိက္အား အျမန္ဆုံးဖမ္းဆီးရမိနဳိင္ေရး စီစဥ္ေဆာင္ရြက္လ်ွက္ရွိေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ခင္ကုိ(ေက်ာက္တံခါး)


#Unicode Version#
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့မရဲစခန်းအပိုင် ရန်ကုန် မန္တလေးကားလမ်းဟောင်းမိုင်တိုင်အမှတ် ၁၁၇/၅ နှင့် ၆ အကြား ရင်းတိုက်ကုန်းကျေးရွာ၌စက်တင်ဘာလ ၁၃ ရက် နံနက် ၁၁ နာရီက ယာဉ်တိုက်မှုဖြစ်ပွားရာ ဆိုင်ကယ်မောင်းသူနေရာတွင်သေဆုံးခဲ့ပြီး ယာဉ်မောင်းမှာ ယာဉ်အားထားခဲ့၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးဘက်မှရန်ကုန်ဘက်သို့ ယာဉ်မောင်းဝင်းထိုက်၄၀နှစ်ဆင်ရိုးခင်ကျေးရွာ ရင်းတိုက်ကုန်းကျေးရွာအုပ်စု ကျောက်တံခါးမြို့နယ်နေသူမောင်းနှင်လာသော YGN-7J/5065 HYUNDAI အမျိုးအစား အဖြူရောင်ယာဉ်သည် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိခဲ့ပြီး တစ်ဖက်ယာဉ်ကြောမှ ဦးကြည်သောင်း ၅၃နှစ် အလယ်ကျွန်းကျေးရွာရင်းတိုက်ကုန်းကျေးရွာအုပ်စု ကျောက်တံခါးမြို့နယ် နေသူ မောင်းနှင်လာသော ၅၄ယ/၉၂၉၁၇ WAVE(100) အမျိုးအစား အနက်ရောင်ဆိုင်ကယ်အား တိုက်မိခဲ့သည်။

ယာဉ်တိုက်မှုကြောင့်ဆိုင်ကယ် ကြေမွပျက်စီး၍ ယာဉ်မှာရှေ့လေကာမှန်ကွဲ ရှေမီးကွဲ ရှေ့ဘန်ကာပိန်ချိုင့်ပျက်စီးခဲ့ ကာ ဆိုင်ကယ်မောင်းနှင်သူ ဦးကြည်သောင်းတွင် နဖူးကွဲ မေးစေ့ကွဲ ဝဲယာခြေသလုံးကျိုး ဝဲလက်မောင်းကျိုး လည်ပင်းကျိုးဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ယာဉ်မောင်းဝင်းထိုက်မှာ ယာဉ်အားထား၍ ထွက်ပြေးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တံခါးမြို့မရဲစခန်းက ယာဉ်(ပ)၂၃/၂၀၁၈ရာဇသတ်ကြီးပုဒ်မ၃၀၄-ကအရအမှုဖွင့်ထားရှိကာ ထွက်ပြေးသူ ယာဉ်မောင်းဝင်းထိုက်အား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ခင်ကို(ကျောက်တံခါး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top