ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

 ၾကည့္ျမင္တုိင္ၿမိဳ႕နယ္ ထီးတန္းအိမ္ရာ ေနာက္ေဖးလမ္း ၾကားေရေျမာင္းအတြင္း ခ်က္ႀကိဳး တန္းလန္းျဖင့္ ေမြးကင္းစကေလး ငယ္အေလာင္း စြန္႔ပစ္မႈျဖစ္ပြားခဲ့ ေၾကာင္း ရန္ကုန္တုိင္းရဲတပ္ဖဲြ႕ ႐ုံးက သတင္းထုတ္ျပန္သည္။

အဆုိပါ စြန္႔ပစ္မႈကို စက္ တင္ဘာ ၈ ရက္ မြန္းလဲြ ၂ နာရီ ခဲြခန္႔တြင္ ပတ္၀န္းက်င္ေနသူမ်ားက စတင္သိရွိျခင္း ျဖစ္သည္။

ရဲတပ္ဖဲြ႕က အေလာင္းကုိ သြားေရာက္စစ္ေဆးရာ မိန္းက ေလးျဖစ္ၿပီး ေမွာက္လ်က္အေန အထားျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိသျဖင့္ ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီးသို႔ ပို႔ခဲ့ေၾကာင္း  ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။

ကေလးအေလာင္းကို  တိတ္ တဆိတ္ ေဖ်ာက္ဖ်က္ျခင္းႏွင့္ ကေလးေမြးဖြားျခင္းကို ထိမ္ခ်န္သည့္ ပုဒ္မတုိ႔ျဖင့္ ၾကည့္ျမင္တုိင္ၿမိဳ႕မရဲစခန္းက အမႈဖြင့္ကာ က်ဴးလြန္သူကုိ စုံစမ္းေနသည္။

ကေလးမေမြးဖြားမီျဖစ္ေစ၊ ေမြးဖြားၿပီးေနာက္ျဖစ္ေစ၊ ေမြးဖြား သည့္အတြင္းျဖစ္ေစ ကေလးေသ ဆုံး၍ ထုိကေလး၏အေလာင္းကို တိတ္တဆိတ္ေဖ်ာက္ဖ်က္ၿပီး ကေလးေမြးဖြားေၾကာင္းကို တမင္ ထိမ္ခ်န္ပါက  ထုိသူကို ေထာင္ ဒဏ္ ၂ ႏွစ္အထိ ျပစ္ဒဏ္ခ်မွတ္ ႏုိင္ေၾကာင္း ရာဇသတ္ႀကီးတြင္ ေဖာ္ျပသည္။

ၿပီးခဲ့သည့္ ၂၀၁၆ ေဖေဖာ္၀ါ ရီအတြင္းကလည္း တာေမြၿမိဳ႕နယ္မလႊကုန္း (က)ရပ္ကြက္ရွိ တုိက္ေနာက္ေဖးလမ္းၾကားတြင္ ခ်က္ႀကိဳးတန္းလန္းျဖင့္ ေမြးကင္းစမိန္း ကေလးတစ္ဦး စြန္႔ပစ္ခံရမႈ ျဖစ္ပြားခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Daydaily

#Unicode Version#
  ကြည့်မြင်တိုင်မြို့နယ် ထီးတန်းအိမ်ရာ နောက်ဖေးလမ်း ကြားရေမြောင်းအတွင်း ချက်ကြိုး တန်းလန်းဖြင့် မွေးကင်းစကလေး ငယ်အလောင်း စွန့်ပစ်မှုဖြစ်ပွားခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ စွန့်ပစ်မှုကို စက် တင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီ ခွဲခန့်တွင် ပတ်ဝန်းကျင်နေသူများက စတင်သိရှိခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က အလောင်းကို သွားရောက်စစ်ဆေးရာ မိန်းက လေးဖြစ်ပြီး မှောက်လျက်အနေ အထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ခဲ့ကြောင်း  ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ကလေးအလောင်းကို  တိတ် တဆိတ် ဖျောက်ဖျက်ခြင်းနှင့် ကလေးမွေးဖွားခြင်းကို ထိမ်ချန်သည့် ပုဒ်မတို့ဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်းက အမှုဖွင့်ကာ ကျူးလွန်သူကို စုံစမ်းနေသည်။

ကလေးမမွေးဖွားမီဖြစ်စေ၊ မွေးဖွားပြီးနောက်ဖြစ်စေ၊ မွေးဖွား သည့်အတွင်းဖြစ်စေ ကလေးသေ ဆုံး၍ ထိုကလေး၏အလောင်းကို တိတ်တဆိတ်ဖျောက်ဖျက်ပြီး ကလေးမွေးဖွားကြောင်းကို တမင် ထိမ်ချန်ပါက  ထိုသူကို ထောင် ဒဏ် ၂ နှစ်အထိ ပြစ်ဒဏ်ချမှတ် နိုင်ကြောင်း ရာဇသတ်ကြီးတွင် ဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၁၆ ဖေဖော်ဝါ ရီအတွင်းကလည်း တာမွေမြို့နယ်မလွှကုန်း (က)ရပ်ကွက်ရှိ တိုက်နောက်ဖေးလမ်းကြားတွင် ချက်ကြိုးတန်းလန်းဖြင့် မွေးကင်းစမိန်း ကလေးတစ်ဦး စွန့်ပစ်ခံရမှု ဖြစ်ပွားခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7Daydaily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top