ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဘဂၤလားပင္လယ္ေအာ္တြင္ ျဖစ္ေပၚလာႏိုင္သည့္ ေလဖိအားနည္းရပ္ဝန္းအရွိန္ေၾကာင့္ ရန္ကုန္အပါအဝင္တိုင္း ေဒသႀကီးႏွင့္ ျပည္နယ္အခ်ိဳ႕၌ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္သည္။

ေလထုမျငိမ္မသက္မႈမ်ားေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ၿပီး ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသမ်ားတြင္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ဖြယ္ရွိေၾကာင္း အဆိုပါဌာနက ခန္႔မွန္းထားသည္။

“ေလဖိအားနည္းရပ္ဝန္းက မုန္တိုင္းငယ္အျဖစ္ ဆက္လက္အားေကာင္းလာႏိုင္မယ့္အေျခအေနမ်ားပါတယ္။ မုန္တိုင္းငယ္ျဖစ္လာခဲ့ရင္လည္း အိႏၵိယႏိုင္ငံကမ္း ေျခကိုဦးတည္ေ႐ြ႕လ်ားသြားမွာပါ” ဟု မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴး ဦးေက်ာ္လြင္ဦးက ေျပာဆိုသည္။

ယင္းအရွိန္ေၾကာင့္ ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသ၊ အေရွ႕ပိုင္းေဒသ၊ မြန္ – တနသၤာရီကမ္း႐ိုးတန္းေဒသမ်ားတြင္ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္း ၎ကေျပာၾကားသည္။

ထို႔ျပင္ ျမစ္ဝကၽြန္းေပၚ၊ မုတၱမေကြ႔၊ မြန္-တနသၤာရီ ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ တစ္ခါတစ္ရံ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လိႈင္းႀကီးႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက သတိေပးထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice

#Unicode Version#
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်အပါအဝင်တိုင်း ဒေသကြီးနှင့် ပြည်နယ်အချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

လေထုမငြိမ်မသက်မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးထစ်ချုန်းရွာနိုင်ဖွယ်ရှိကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

“လေဖိအားနည်းရပ်ဝန်းက မုန်တိုင်းငယ်အဖြစ် ဆက်လက်အားကောင်းလာနိုင်မယ့်အခြေအနေများပါတယ်။ မုန်တိုင်းငယ်ဖြစ်လာခဲ့ရင်လည်း အိန္ဒိယနိုင်ငံကမ်း ခြေကိုဦးတည်ရွေ့လျားသွားမှာပါ” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောဆိုသည်။

ယင်းအရှိန်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ အရှေ့ပိုင်းဒေသ၊ မွန် – တနင်္သာရီကမ်းရိုးတန်းဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Voice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top