ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မခုိင္အား ျပန္လည္လႊတ္ေပးေရး ရဲစခန္းေရွ႕တြင္ ေဒသခံမ်ား ေတာင္းဆုိေနၾကစဥ္ (ဓာတ္ပံု - Sai Naw Kham FB)

မူးယစ္ေဆးအဓိကျဖန္႔ သည့္ မူးယစ္ကုန္သည္ရွိသည္ဟု  နာမည္ႀကီးေသာဖားကန္႔ၿမိဳ႕နယ္ ဆယ္ဇင္းေက်းရြာတြင္ ႏြမ္းပါး ေသာကေလးမိခင္တစ္ဦးအား  ဘိန္းျဖဴအနည္းငယ္ျဖင့္ ဖမ္းမိ သည္ကို တရားမွ်တမႈမရွိဟု ဆို ကာ ယင္းအမ်ိဳးသမီးအားလႊတ္ ေပးရန္ေဒသခံမ်ားက  ရဲစခန္းကို ပိတ္ဆို႔ေတာင္းဆို၍ ျပန္လႊတ္ ေပးခဲ့သည္။


ဆယ္ဇင္းေက်းရြာတြင္ အ သက္ (၃၀) ေက်ာ္အရြယ္ကေလး  ေလးမိခင္မခိုင္ဆိုသူကို ဘိန္းျဖဴ ၀ ဒသမ ၀၅ ဂရမ္ (ကာလတန္ဖိုး  က်ပ္ ၃၀,၀၀၀ခန္႔) ျဖင့္ စက္ တင္ဘာ ၂၁ ရက္ညကဖမ္းဆီး ရာေဒသခံလူဦးေရ ႏွစ္ရာ၊ သံုးရာ  ခန္႔က ရဲစခန္းအားပိတ္ဆို႔၍ႏွစ္ ရက္ဆက္ေတာင္းဆိုခဲ့သည္။

‘‘မခိုင္က အ၀တ္ေလွ်ာ္စား တာဗ်ာ။ ဆင္းရဲတယ္ဗ်ာ။ သူ႔ ေယာက္်ားကလည္း လြန္ခဲ့တဲ့ သံုးႏွစ္ေလာက္က ဆံုးသြားတာ ဗ်ာ။ ကေလးေလးေယာက္နဲ႔တစ္ ေန႔စာတစ္ေန႔ေတာင္မနည္းရွာရ တာဗ်ာ။ ဒီလိုလူက မူးယစ္ေဆး  ေရာင္းတယ္ဆိုတာ သိပ္ျဖစ္ႏုိင္ ေျခမရွိဘူး။ သူေရာင္းတယ္ဆို  ကြၽန္ေတာ္တို႔သိမွာေပါ့ဗ်။ ယံု ၾကည္စိတ္ခ်ရတယ္လို႔ယူဆရလုိ႔   ကြၽန္ေတာ္အာမခံေပးခဲ့တာ’’ ဟု   ဆယ္ဇင္းေက်းရြာ အုပ္ခ်ဳပ္ေရး မွဴး ဦးလင္းခိုင္ျဖဴးကေျပာသည္။

သတင္းေပးတုိင္ၾကားမႈရွိ သည္ဟု ဆိုကာဆယ္ဇင္းရဲတပ္ဖြဲ႕ ႏွင့္ ေက်းရြာေဒသခံမ်ားက မခိုင္ ၏အိမ္သို႔ အသိသက္ေသမ်ားေခၚ   ေဆာင္လာၿပီး စက္တင္ဘာ ၂၁ ရက္ညေန ၆ နာရီခန္႔တြင္ ၀င္ ေရာက္ရွာေဖြျခင္းျဖစ္သည္။ ေန အိမ္၏ ေသာက္ေရအိုးစင္တြင္ ဘိန္းျဖဴ ၀ ဒသမ ၀၅ ဂရမ္ထည့္ ထားေသာ ပုလင္းေတြ႕သည္ဟု  ဆိုကာ ရဲတပ္ဖြဲ႕က မခိုင္ကိုဖမ္း ဆီးေခၚေဆာင္သြားသည္။ မခိုင္ ကို ထုိသုိ႔ရဲတပ္ဖြဲ႕က ဖမ္းဆီးၿပီး ေနာက္ျပန္လႊတ္ေပးရန္ ေဒသခံ မ်ားက ရဲစခန္းကို ပိတ္ဆို႔ေတာင္း  ဆိုျခင္းျဖစ္သည္။ ျပန္လႊတ္ ေပးခဲ့သည့္ ည ၁၁ နာရီခန္႔တြင္လူ စုကြဲၿပီး ေနာက္တစ္ေန႔တြင္ စခန္းသို႔ ထပ္မံေခၚယူ၍ စစ္ေဆးရာေဒသခံမ်ားက ထပ္မံပိတ္ဆို႔ ေတာင္းျပန္သည္။

ဦးလင္းခိုင္ျဖဴးကေက်းရြာအုပ္ခ်ဳပ္ေရးမွဴးအေနျဖင့္   ရွာေဖြေရးတြင္ လိုက္ပါေဆာင္ရြက္ခဲ့ရာ ေဒါသထြက္ေနေသာေဒသခံ အခ်ိဳ႕က ဦးလင္းခိုင္ျဖဴးအိမ္ကို ခဲ ျဖင့္ထုခဲ့၍ ဦးလင္းခိုင္ျဖဴး ကိုယ္တိုင္ေက်းရြာအေျခစိုက္ တပ္မေတာ္တပ္၀င္းတြင္ သြားေရာက္ ေရွာင္တိမ္းခဲ့သည္။  အုပ္ခ်ဳပ္ေရးတာ၀န္ရွိသူမ်ားက ျပႆနာဆက္ လက္ႀကီးမလာေစရန္ ျပည္နယ္ အစိုးရသို႔တင္ျပခဲ့ၿပီး ၿမိဳ႕နယ္စီမံ ခန္႔ခြဲမႈေကာ္မတီ ဆံုးျဖတ္ခ်က္ ျဖင့္ ယင္းအမ်ိဳးသမီးကို အာမခံ ေပးကာျပန္လႊတ္ေပးခဲ့သည္။

‘‘ဥပေဒအတိုင္းပဲ၊ မရဘူးလို႔ ေျပာရင္ရဲစခန္းထဲကို လူအင္အား နဲ႔ယူၾကျပဳၾက၊ ရဲေတြက ပစ္ၾက ခတ္ၾကနဲ႔႐ႈပ္ကုန္မယ္။ အဲဒါက မစီမံတတ္ရင္ေပးလိုက္ရမွာ အ မ်ားႀကီးျဖစ္သြားႏုိင္တယ္။ ဒါ ေၾကာင့္ ျပန္လႊတ္ထားေပးတယ္။  သို႔ေပမယ့္ ဥပေဒနဲ႔အညီေတာ့  ဆက္လက္ေဆာင္ရြက္ရမွာေပါ့။  သို႔ေသာ္လည္း ေျမျပင္မွာကမုဆိုး  မေလးကို မူးယစ္ေဆး၀ါးနည္း နည္းေလးနဲ႔မိတာဆိုေတာ့ ပတ္ ၀န္းက်င္ကတစ္မ်ိဳးျမင္တာေပါ့။ လတ္တေလာေတာ့ ဒီျဖစ္စဥ္ ျပႆနာမျဖစ္ေအာင္စီမံထား တာေပါ့’’ ဟု ဖားကန္႔ၿမိဳ႕နယ္ အ ေထြေထြအုပ္ခ်ဳပ္ေရးမွဴးဦးေက်ာ္ စြာေအာင္ကေျပာသည္။

‘‘ဥပေဒပိုင္းက အႀကံျပဳတာ  ကတစ္သက္တစ္ကြၽန္းျပစ္ဒဏ္ ျဖစ္သူေတာင္ခိုင္လံုေသာ၊ ငဲ့ညႇာ  သင့္ေသာ၊ လူ႔အခြင့္အေရးႏွင့္  သက္ဆိုင္ေသာ ေထာက္ထားညႇာ တာရမယ့္ ကိစၥေတြရွိလာရင္အာ မခံေပးလို႔ရတယ္လို႔ အႀကံျပဳ တယ္’’ ဟု မခိုင္ကိုျပန္လႊတ္ေပးခဲ့သည့္အေပၚ ဦးေက်ာ္စြာေအာင္က ဆက္လက္ေျပာၾကားသည္။

မခိုင္သည္ က်န္းမာေရး ေကာင္းမြန္ခ်ိန္တြင္ အာမခံျဖင့္ တရားရင္ဆိုင္ေစရန္ စီမံထား ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ စီမံခန္႔ခြဲ မႈေကာ္မတီက ဆိုသည္။ ေဒသခံ မ်ားကမူ မခိုင္သည္ လုပ္ႀကံဖမ္း ဆီးခံရသည္ဟု ယံုၾကည္ေနၿပီးယခုကဲ့သို႔ ျပန္လည္လြတ္ေျမာက္လာသျဖင့္ ၀မ္းသာေနသည္။

ဖားကန္႔တြင္ မူးယစ္ေဆးဝါး ဖမ္းဆီးမႈမ်ား၌ လူသိမ်ားေသာ အမႈသည္ ၂၀၁၅ ႏွစ္ကုန္ခန္႔တြင္ ေဒၚကိုင္ဟုေခၚေသာ အမ်ိဳးသမီး အိမ္ေရွ႕ရပ္ထားေသာ ကားတစ္ စီးေပၚမွ စိတ္ႂကြေဆးျပားပမာဏ အမ်ားအျပားကို ဖားကန္႔အေျခ စိုက္ မူးယစ္ေဆးဝါးတားဆီးႏွိမ္ နင္းေရး အရပ္ဘက္အဖြဲ႕ျဖစ္ ေသာပက္ဂ်ီဆန္အဖြဲ႕က ဖမ္းဆီးၿပီး ရဲတပ္ဖြဲ႕က ထိန္းသိမ္းစစ္ေဆး ၿပီးေနာက္ တရား႐ံုးက ေထာင္ ဒဏ္သံုးႏွစ္ ခ်မွတ္ခဲ့ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္စြာေအာင္ႏွင့္ ဖားကန္႔ၿမိဳ႕ နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စား လွယ္ ဦးတင္စိုးက ေျပာသည္။ ေဒၚကိုင္အား ဖမ္းမိခဲ့သည့္ သ တင္းကို ႏုိင္ငံပိုင္သတင္းစာတြင္ ေဖာ္ျပခဲ့ဖူးသည္။ ေဒၚကိုင္သည္ ေထာင္သံုးႏွစ္က်ခဲ့ေသာ္လည္း လြတ္ၿငိမ္းခ်မ္းသာျဖင့္ လြတ္ခဲ့ သည့္အေပၚ ေဒသခံမ်ားက အံ့ ၾသခဲ့ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး႐ံုးမွ အရာရွိတစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
မခိုင်အား ပြန်လည်လွှတ်ပေးရေး ရဲစခန်းရှေ့တွင် ဒေသခံများ တောင်းဆိုနေကြစဉ် (ဓာတ်ပုံ - Sai Naw Kham FB)

မူးယစ်ဆေးအဓိကဖြန့် သည့် မူးယစ်ကုန်သည်ရှိသည်ဟု  နာမည်ကြီးသောဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာတွင် နွမ်းပါး သောကလေးမိခင်တစ်ဦးအား  ဘိန်းဖြူအနည်းငယ်ဖြင့် ဖမ်းမိ သည်ကို တရားမျှတမှုမရှိဟု ဆို ကာ ယင်းအမျိုးသမီးအားလွှတ် ပေးရန်ဒေသခံများက  ရဲစခန်းကို ပိတ်ဆို့တောင်းဆို၍ ပြန်လွှတ် ပေးခဲ့သည်။


ဆယ်ဇင်းကျေးရွာတွင် အ သက် (၃၀) ကျော်အရွယ်ကလေး  လေးမိခင်မခိုင်ဆိုသူကို ဘိန်းဖြူ ၀ ဒသမ ၀၅ ဂရမ် (ကာလတန်ဖိုး  ကျပ် ၃၀,၀၀၀ခန့်) ဖြင့် စက် တင်ဘာ ၂၁ ရက်ညကဖမ်းဆီး ရာဒေသခံလူဦးရေ နှစ်ရာ၊ သုံးရာ  ခန့်က ရဲစခန်းအားပိတ်ဆို့၍နှစ် ရက်ဆက်တောင်းဆိုခဲ့သည်။

‘‘မခိုင်က အဝတ်လျှော်စား တာဗျာ။ ဆင်းရဲတယ်ဗျာ။ သူ့ ယောက်ျားကလည်း လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဆုံးသွားတာ ဗျာ။ ကလေးလေးယောက်နဲ့တစ် နေ့စာတစ်နေ့တောင်မနည်းရှာရ တာဗျာ။ ဒီလိုလူက မူးယစ်ဆေး  ရောင်းတယ်ဆိုတာ သိပ်ဖြစ်နိုင် ခြေမရှိဘူး။ သူရောင်းတယ်ဆို  ကျွန်တော်တို့သိမှာပေါ့ဗျ။ ယုံ ကြည်စိတ်ချရတယ်လို့ယူဆရလို့   ကျွန်တော်အာမခံပေးခဲ့တာ’’ ဟု   ဆယ်ဇင်းကျေးရွာ အုပ်ချုပ်ရေး မှူး ဦးလင်းခိုင်ဖြူးကပြောသည်။

သတင်းပေးတိုင်ကြားမှုရှိ သည်ဟု ဆိုကာဆယ်ဇင်းရဲတပ်ဖွဲ့ နှင့် ကျေးရွာဒေသခံများက မခိုင် ၏အိမ်သို့ အသိသက်သေများခေါ်   ဆောင်လာပြီး စက်တင်ဘာ ၂၁ ရက်ညနေ ၆ နာရီခန့်တွင် ဝင် ရောက်ရှာဖွေခြင်းဖြစ်သည်။ နေ အိမ်၏ သောက်ရေအိုးစင်တွင် ဘိန်းဖြူ ၀ ဒသမ ၀၅ ဂရမ်ထည့် ထားသော ပုလင်းတွေ့သည်ဟု  ဆိုကာ ရဲတပ်ဖွဲ့က မခိုင်ကိုဖမ်း ဆီးခေါ်ဆောင်သွားသည်။ မခိုင် ကို ထိုသို့ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး နောက်ပြန်လွှတ်ပေးရန် ဒေသခံ များက ရဲစခန်းကို ပိတ်ဆို့တောင်း  ဆိုခြင်းဖြစ်သည်။ ပြန်လွှတ် ပေးခဲ့သည့် ည ၁၁ နာရီခန့်တွင်လူ စုကွဲပြီး နောက်တစ်နေ့တွင် စခန်းသို့ ထပ်မံခေါ်ယူ၍ စစ်ဆေးရာဒေသခံများက ထပ်မံပိတ်ဆို့ တောင်းပြန်သည်။

ဦးလင်းခိုင်ဖြူးကကျေးရွာအုပ်ချုပ်ရေးမှူးအနေဖြင့်   ရှာဖွေရေးတွင် လိုက်ပါဆောင်ရွက်ခဲ့ရာ ဒေါသထွက်နေသောဒေသခံ အချို့က ဦးလင်းခိုင်ဖြူးအိမ်ကို ခဲ ဖြင့်ထုခဲ့၍ ဦးလင်းခိုင်ဖြူး ကိုယ်တိုင်ကျေးရွာအခြေစိုက် တပ်မတော်တပ်ဝင်းတွင် သွားရောက် ရှောင်တိမ်းခဲ့သည်။  အုပ်ချုပ်ရေးတာဝန်ရှိသူများက ပြဿနာဆက် လက်ကြီးမလာစေရန် ပြည်နယ် အစိုးရသို့တင်ပြခဲ့ပြီး မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီ ဆုံးဖြတ်ချက် ဖြင့် ယင်းအမျိုးသမီးကို အာမခံ ပေးကာပြန်လွှတ်ပေးခဲ့သည်။

‘‘ဥပဒေအတိုင်းပဲ၊ မရဘူးလို့ ပြောရင်ရဲစခန်းထဲကို လူအင်အား နဲ့ယူကြပြုကြ၊ ရဲတွေက ပစ်ကြ ခတ်ကြနဲ့ရှုပ်ကုန်မယ်။ အဲဒါက မစီမံတတ်ရင်ပေးလိုက်ရမှာ အ များကြီးဖြစ်သွားနိုင်တယ်။ ဒါ ကြောင့် ပြန်လွှတ်ထားပေးတယ်။  သို့ပေမယ့် ဥပဒေနဲ့အညီတော့  ဆက်လက်ဆောင်ရွက်ရမှာပေါ့။  သို့သော်လည်း မြေပြင်မှာကမုဆိုး  မလေးကို မူးယစ်ဆေးဝါးနည်း နည်းလေးနဲ့မိတာဆိုတော့ ပတ် ဝန်းကျင်ကတစ်မျိုးမြင်တာပေါ့။ လတ်တလောတော့ ဒီဖြစ်စဉ် ပြဿနာမဖြစ်အောင်စီမံထား တာပေါ့’’ ဟု ဖားကန့်မြို့နယ် အ ထွေထွေအုပ်ချုပ်ရေးမှူးဦးကျော် စွာအောင်ကပြောသည်။

‘‘ဥပဒေပိုင်းက အကြံပြုတာ  ကတစ်သက်တစ်ကျွန်းပြစ်ဒဏ် ဖြစ်သူတောင်ခိုင်လုံသော၊ ငဲ့ညှာ  သင့်သော၊ လူ့အခွင့်အရေးနှင့်  သက်ဆိုင်သော ထောက်ထားညှာ တာရမယ့် ကိစ္စတွေရှိလာရင်အာ မခံပေးလို့ရတယ်လို့ အကြံပြု တယ်’’ ဟု မခိုင်ကိုပြန်လွှတ်ပေးခဲ့သည့်အပေါ် ဦးကျော်စွာအောင်က ဆက်လက်ပြောကြားသည်။

မခိုင်သည် ကျန်းမာရေး ကောင်းမွန်ချိန်တွင် အာမခံဖြင့် တရားရင်ဆိုင်စေရန် စီမံထား ကြောင်း ဖားကန့်မြို့နယ် စီမံခန့်ခွဲ မှုကော်မတီက ဆိုသည်။ ဒေသခံ များကမူ မခိုင်သည် လုပ်ကြံဖမ်း ဆီးခံရသည်ဟု ယုံကြည်နေပြီးယခုကဲ့သို့ ပြန်လည်လွတ်မြောက်လာသဖြင့် ဝမ်းသာနေသည်။

ဖားကန့်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးမှုများ၌ လူသိများသော အမှုသည် ၂၀၁၅ နှစ်ကုန်ခန့်တွင် ဒေါ်ကိုင်ဟုခေါ်သော အမျိုးသမီး အိမ်ရှေ့ရပ်ထားသော ကားတစ် စီးပေါ်မှ စိတ်ကြွဆေးပြားပမာဏ အများအပြားကို ဖားကန့်အခြေ စိုက် မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေး အရပ်ဘက်အဖွဲ့ဖြစ် သောပက်ဂျီဆန်အဖွဲ့က ဖမ်းဆီးပြီး ရဲတပ်ဖွဲ့က ထိန်းသိမ်းစစ်ဆေး ပြီးနောက် တရားရုံးက ထောင် ဒဏ်သုံးနှစ် ချမှတ်ခဲ့ကြောင်း ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်နှင့် ဖားကန့်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးတင်စိုးက ပြောသည်။ ဒေါ်ကိုင်အား ဖမ်းမိခဲ့သည့် သ တင်းကို နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့ဖူးသည်။ ဒေါ်ကိုင်သည် ထောင်သုံးနှစ်ကျခဲ့သော်လည်း လွတ်ငြိမ်းချမ်းသာဖြင့် လွတ်ခဲ့ သည့်အပေါ် ဒေသခံများက အံ့ သြခဲ့ကြောင်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အရာရှိတစ်ဦးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top