ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ေရႊထူးဟာဆိုရင္ျဖင့္ မၾကာခင္မွာအသက္နွစ္ဆယ့္ေျခာက္နွစ္ျပည့္ေတာ့မယ့္ နုိ္င္ငံေက်ာ္အဆိုေတာ္ေလးျဖစ္ပါတယ္။ ဒီ 2018 ခုနွစ္ဟာ ေရႊထူးအတြက္ အေကာင္းေတြခ်ည္းျဖစ္ခဲ့တဲ့ နွစ္တစ္နွစ္လုိ႔ေတာ့ေျပာလို႔ရမယ္မထင္ပါဘူး။

ဒါေပမယ့္ အဆိုးေတြထဲကေန အေကာင္းေတြျဖစ္ခဲ့တဲ့နွစ္တစ္နွစ္လုိ႔ေတာ့ဆိုနုိင္မွာပါ။ ဒီနွစ္အစပုိင္းမွာပဲ ေရႊထူးက သူေျခာက္နွစ္ၾကာတြဲလာခဲ့တ့ဲ ခ်စ္သူေကာင္မေလးနဲ႔ျပတ္သြားခဲ့ျပီး ေမွာင္မုိက္တဲ့ေန႔ရက္ေတြေရာက္ခဲ့ပါတယ္။

ဒါေပမယ့္လက္ရွိခ်စ္သူ အေျခသတင္းၾကီးတဲ့ေရႊမင္းသမီးေလးက သူ႔ရဲ႕အေမွာင္ေတြကုိ အလင္းေဆာင္ေပးခဲ့တယ္ေျပာရမွာပါ။ သိပ္မၾကာခင္ကပဲ ေရႊထူးဟာ အခ်စ္ေရးအရႈပ္အေထြးေတြေၾကာင့္ တစ္နုိင္ငံလံုးကေဝဖန္တာကုိ အလူးအလဲခံခဲ့ရေပမယ့္လည္း အဲဒါေၾကာင့္ပဲ နာမည္ပိုတက္လာတယ္ဆိုရင္လည္းမမွားပါဘူး။

အခုလက္ရွိအခ်ိန္မွာေတာ့ ေရႊထူးက သူခ်စ္တဲ့ေကာင္မေလးနဲ႔ေန႔ရက္ေတြကုိအတူျဖတ္သန္းရင္း အလုပ္ေတြလည္းအရင္ကထက္ပိုလုပ္ေနပါျပီ။ ေရႊထူးနဲ႔ ေရႊမံႈရတီဟာ Social Media ေတြေပၚမွာ ရိုမန္းအတစ္နုိင္ဆံုးစံုတဲြလို႔ကုိဆိုရမွာပါ။

ေရႊမံႈက သူမရဲ႕ Facebook မွာ ေရႊထူးနဲ႔ခ်စ္ၾကည္နူးေနၾကတဲ့ပံုေတြ ေန႔တိုင္းနီးပါးတင္ေလ့ရွိသလို ေရႊထူးကလည္း သူ႔ရဲ႕ Instagram ေရာ၊ Facebook မွာပါ ခ်စ္သူေလးနဲ႔ ပံုေတြခဏတုိင္းတင္ေနေလ့ရွိပါတယ္။

မၾကာခင္ကလည္း ေရႊထူးက ေရႊမံႈကို အရိပ္တၾကည့္ၾကည့္နဲ႔ ဂဏန္းအသားႏႊင္ေပးေနတဲ့ပံု၊ မုန္႔ေတြခြံ႕ေကြ်းေနတဲ့ ဗီဒီယုိေလးေတြ ပရိသတ္ေတြၾကားထြက္ေပၚလာခဲ့ပါေသးတယ္။

ဒါတင္ပဲလားဆိုုေတာ့မဟုတ္ေသးပါဘူး။ ေရႊထူးက ေရႊမံႈၾကိဳက္တဲ့နို႔ေဝဖာကို ခဏခဏပဲ ျမိဳ႔ပတ္ျပီးဝယ္ေပးတတ္ပါေသးတယ္တဲ့။ ကုိယ္ခ်စ္တဲ့သူလိုခ်င္တာမွန္သမွ်ျဖည့္ဆည္းေပးတာက အခ်စ္ပဲမဟုတ္ပါလား။

ဒါ့အျပင္ ခဏခဏေရစိမ္ရတာၾကိဳက္လို႔ ေရသူမေလးလုိ႔ ပရိသတ္ေတြကခ်စ္စနို္းနာမည္ေပးထားတာခံရတဲ့ ေရႊမံႈကုိခ်စ္မိေနျပီဆိုေတာ့လည္း ေရေၾကာက္လို႔ေတာ့ဘယ္ရမလဲေနာ္။

ေရႊထူးက ေရကူးကန္ထဲမွာ ေရစိမ္ေနတာကုိ ေရႊမံႈက သူမရဲ႕ Facebook My Day မွာ Video ေလးတင္ထားခဲ့ျပီး ပရိသတ္ေတြက ေရႊထူးတစ္ေယာက္ေတာ့ ျမိဳ႕ပတ္ျပိီးနုိ႕ေဝဖာဝယ္ရံုတင္မက ေရပါစိမ္ေနရျပီဆိုျပီး ဝိုင္းသနားေနၾကေလရဲ႕။ေရႊထူးကေတာ့ အခ်စ္အတြက္ဆိုေတာ့ ပင္ပန္းရေကာင္းမွန္းသိပံုမေပၚပါဘူး။

ေရႊထူးက သူ႔ရဲ႕ Instagram မွာ ေရႊမံႈနဲ႔ သနပ္ခါးေတြအတူလိမ္းျပိီးသာယာေနတဲ့ ပံုေလးလည္းတင္ထားပါေသးတယ္။ ဓာတ္ပံုထဲမွာနွစ္ေယာက္လံုးက သနပ္ခါးေတြနဲ႔ ကေလးစံုတြဲေလးလုိေပ်ာ္ရႊင္ေနၾကတာျမင္နိုင္ပါတယ္။

ပရိသတ္ၾကီးထဲမွာေရာ ေရႊထူးနဲ႔ ေရႊမံႈစံုတြဲေလးကုိခ်စ္တဲ့သူေတြရွိၾကလား။ ေရႊထူးအေခြအသစ္ထြက္လာရင္ ေရႊမံႈအေၾကာင္းေတြမ်ားပါလာမလားဆိုျပီး ရင္ခုန္ေနၾကတဲ့ပရိသတ္ေတြေရာရွိၾကလား။ ေရႊထူးကေတာ့ သူ႔အေခြအသစ္ထဲကသီခ်င္းေတြက စိတ္ခ်မ္းသာတဲ့အေၾကာင္းေတြပဲျဖစ္မွာပါလုိ႔ေျပာထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: nanmalgyi
# Unicode Version ျဖင့္ ဖတ္ပါ #
ရွှေထူးဟာဆိုရင်ဖြင့် မကြာခင်မှာအသက်နှစ်ဆယ့်ခြောက်နှစ်ပြည့်တော့မယ့် နိုင်ငံကျော်အဆိုတော်လေးဖြစ်ပါတယ်။ ဒီ 2018 ခုနှစ်ဟာ ရွှေထူးအတွက် အကောင်းတွေချည်းဖြစ်ခဲ့တဲ့နှစ်တစ်နှစ်လို့တော့ပြောလို့ရမယ်မထင်ပါဘူး။

ဒါပေမယ့် အဆိုးတွေထဲကနေ အကောင်းတွေဖြစ်ခဲ့တဲ့နှစ်တစ်နှစ်လို့တော့ဆိုနိုင်မှာပါ။ ဒီနှစ်အစပိုင်းမှာပဲ ရွှေထူးက သူခြောက်နှစ်ကြာတွဲလာခဲ့တဲ့ ချစ်သူကောင်မလေးနဲ့ပြတ်သွားခဲ့ပြီး မှောင်မိုက်တဲ့နေ့ရက်တွေရောက်ခဲ့ပါတယ်။

ဒါပေမယ့်လက်ရှိချစ်သူ အခြေသတင်းကြီးတဲ့ရွှေမင်းသမီးလေးက သူ့ရဲ့အမှောင်တွေကို အလင်းဆောင်ပေးခဲ့တယ်ပြောရမှာပါ။ သိပ်မကြာခင်ကပဲ ရွှေထူးဟာ အချစ်ရေးအရှုပ်အထွေးတွေကြောင့် တစ်နိုင်ငံလုံးကဝေဖန်တာကို အလူးအလဲခံခဲ့ရပေမယ့်လည်း အဲဒါကြောင့်ပဲ နာမည်ပိုတက်လာတယ်ဆိုရင်လည်းမမှားပါဘူး။

အခုလက်ရှိအချိန်မှာတော့ ရွှေထူးက သူချစ်တဲ့ကောင်မလေးနဲ့နေ့ရက်တွေကိုအတူဖြတ်သန်းရင်း အလုပ်တွေလည်းအရင်ကထက်ပိုလုပ်နေပါပြီ။ ရွှေထူးနဲ့ ရွှေမှုံရတီဟာ Social Media တွေပေါ်မှာ ရိုမန်းအတစ်နိုင်ဆုံးစုံတွဲလို့ကိုဆိုရမှာပါ။

ရွှေမှုံက သူမရဲ့ Facebook မှာ ရွှေထူးနဲ့ချစ်ကြည်နူးနေကြတဲ့ပုံတွေ နေ့တိုင်းနီးပါးတင်လေ့ရှိသလို ရွှေထူးကလည်း သူ့ရဲ့ Instagram ရော၊ Facebook မှာပါ ချစ်သူလေးနဲ့ ပုံတွေခဏတိုင်းတင်နေလေ့ရှိပါတယ်။

မကြာခင်ကလည်း ရွှေထူးက ရွှေမှုံကို အရိပ်တကြည့်ကြည့်နဲ့ ဂဏန်းအသားနွှင်ပေးနေတဲ့ပုံ၊ မုန့်တွေခွံ့ကျွေးနေတဲ့ ဗီဒီယိုလေးတွေ ပရိသတ်တွေကြားထွက်ပေါ်လာခဲ့ပါသေးတယ်။

ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ ရွှေထူးက ရွှေမှုံကြိုက်တဲ့နို့ဝေဖာကို ခဏခဏပဲ မြို့ပတ်ပြီးဝယ်ပေးတတ်ပါသေးတယ်တဲ့။ ကိုယ်ချစ်တဲ့သူလိုချင်တာမှန်သမျှဖြည့်ဆည်းပေးတာက အချစ်ပဲမဟုတ်ပါလား။

ဒါ့အပြင် ခဏခဏရေစိမ်ရတာကြိုက်လို့ ရေသူမလေးလို့ ပရိသတ်တွေကချစ်စနိုးနာမည်ပေးထားတာခံရတဲ့ ရွှေမှုံကိုချစ်မိနေပြီဆိုတော့လည်း ရေကြောက်လို့တော့ဘယ်ရမလဲနော်။

ရွှေထူးက ရေကူးကန်ထဲမှာ ရေစိမ်နေတာကို ရွှေမှုံက သူမရဲ့ Facebook My Day မှာ Video လေးတင်ထားခဲ့ပြီး ပရိသတ်တွေက ရွှေထူးတစ်ယောက်တော့ မြို့ပတ်ပြီးနို့ဝေဖာဝယ်ရုံတင်မက ရေပါစိမ်နေရပြီဆိုပြီး ဝိုင်းသနားနေကြလေရဲ့။ရွှေထူးကတော့ အချစ်အတွက်ဆိုတော့ ပင်ပန်းရကောင်းမှန်းသိပုံမပေါ်ပါဘူး။

ရွှေထူးက သူ့ရဲ့ Instagram မှာ ရွှေမှုံနဲ့ သနပ်ခါးတွေအတူလိမ်းပြီးသာယာနေတဲ့ ပုံလေးလည်းတင်ထားပါသေးတယ်။ ဓာတ်ပုံထဲမှာနှစ်ယောက်လုံးက သနပ်ခါးတွေနဲ့ ကလေးစုံတွဲလေးလိုပျော်ရွှင်နေကြတာမြင်နိုင်ပါတယ်။

ပရိသတ်ကြီးထဲမှာရော ရွှေထူးနဲ့ ရွှေမှုံစုံတွဲလေးကိုချစ်တဲ့သူတွေရှိကြလား။ ရွှေထူးအခွေအသစ်ထွက်လာရင် ရွှေမှုံအကြောင်းတွေများပါလာမလားဆိုပြီး ရင်ခုန်နေကြတဲ့ပရိသတ်တွေရောရှိကြလား။ ရွှေထူးကတော့ သူ့အခွေအသစ်ထဲကသီချင်းတွေက စိတ်ချမ်းသာတဲ့အကြောင်းတွေပဲဖြစ်မှာပါလို့ပြောထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top