တွေ့ရတဲ့ စုံတွဲကတော့ အသက်(၃၆)နှစ်အရွယ် မာရီယာနဲ့ သူမရဲ့အမျိုးသား အသက်(၄၀) အရွယ် အန်ဒါစ် တို့ဖြစ်ပါတယ်။ မကြာခင် လကုန်ပိုင်းမှာ မွေးတော့မယ့် အမွှာလေး(၃)ယောက်တို့ရဲ့ မိဘလောင်းတွေပါ။
နည်းပညာနဲ့ ပြုပြင်ထားတဲ့ကိုယ်ဝန်မဟုတ်ပဲ သာမန်အတိုင်း သုံးမွှာပူးသန္ဓေတည်တာကြောင့် ရှားပါးဖြစ်စဉ်လေးတစ်ခု ဖြစ်ပါတယ်။
မာရီယာရဲ့ တစစနဲ့ ရင့်မာလာတဲ့ ကိုယ်ဝန်ကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။

မာရီယာက “ကိုယ်ဝန်ဓာတ်ပုံတွေကို အခုလိုဓာတ်ပုံရိုက်ရတာ ၀မ်းသာပါတယ်။ တဖြည်းဖြည်းနဲ့ ကိုယ်ဝန်ရင့်လာလိုက်တာ။ ကျွန်မဗိုက်က အကြီးကြီးပေမယ့် အောက်ကိုပြုတ်ကျမသွားပဲ အခုလိုနေနိုင်တာ နည်းနည်းတော့ ထူးဆန်းသလိုပါပဲ။”

အစပိုင်းမှာတော့ သူတို့ဇနီးမောင်နှံဟာ ကိုယ်ဝန်ကြောင့် မာရီယာဆေးရုံတက်ရမှာ အရမ်းကြောက်နေခဲ့ကြတာပါ။ အခုတော့လည်း ပြဿနာတစ်စုံတစ်ရာမရှိပဲ ကျန်းကျန်းမာမာနဲ့ မီးဖွားဖို့ရက်ကိုသာ စောင့်နေရပါတယ်


မာရီယာရဲ့ အိပ်လိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ ဗိုက်ထဲကကလေးတွေကို စမ်းကြည့်လိုက်နဲ့ အလုပ်ရှုပ်နေတဲ့ တစ်နေ့တာ အချိန်ဇယားလေးပါ။

မာရီယာနဲ့ အန်ဒါစ်တို့ဟာ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ဖူးစာရှာဝက်ဆိုက်ဒ်တစ်ခုမှာ တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ (၂)နှစ်တုန်းကတော့ လှပတဲ့ မင်္ဂလာအခမ်းအနားလေးလုပ်ပြီး လက်ထပ်ခဲ့ကြပါတယ်

အခုဆိုရင် မာရီယာတို့ဟာ မိသားစုဝင်အသစ်လေးတွေကို ကြိုဆိုဖို့ အသင့်ဖြစ်နေပါပြီ။

မိသားစုဝင်တွေ အကုန်ဆံ့နိုင်မယ့် ကားသစ်တစ်စီးကိုတောင် လဲထားပြီးပါပြီ။

ဒါလေးကတော့ ကလေးတွေကို ထားမယ့် အထူးပုခက်ကလေးဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Boredpanda