×

ဖိလစ္ပိုင္သမၼတ ဒူတာေတးဟာ ႏိုင္ငံရဲ႕ စစ္တပ္ကို ဆန္႔က်င္ၿပီး လြန္လြန္ကဲကဲ ေ၀ဖန္ေျပာတဲ့ စကားေတြထဲမွာ သူကို လုပ္ႀကံၾကဖို႔ ႀကံစည္ေနတဲ့ သက္ေသေတြ ရထားတယ္လို႔ အတည္ျပဳ ေျပာလာပါတယ္။

ဒူတာေတးက သူအေပၚ လူသိရွင္ၾကား ေ၀ဖန္သူတစ္ဦးကို ၀ရမ္းမပါဘဲ ဖမ္းခုိင္းတာကို စစ္တပ္က ျငင္းရာက ခုလို ေ၀ဖန္ထိုးႏွက္တာပဲ ျဖစ္ပါတယ္။ ႏိုင္ငံျခားတုိင္းျပည္တစ္ျပည္က မွတ္တမ္း႐ုပ္သံတစ္ခုကို သူထံ ေပးပို႔၍ ရရွိထားေၾကာင္း၊ အတုိက္အခံဖက္က ႏိုင္ငံေရးအုပ္စုတစ္ရပ္ဟာ ေမာ္၀ါဒီသူပုန္ေတြရယ္၊ စစ္အရာရွိေဟာင္းေတြရယ္နဲ႔ ပူးေပါင္းၿပီး သူ႔ကို ျဖဳတ္ခ်တာ ဒါမွမဟုတ္ လုပ္ႀကံသတ္ျဖတ္တာေတြ ေဆာင္ရြက္ဖို႔ စီစဥ္ေနေၾကာင္း ႏိုင္ငံပိုင္႐ုပ္သံသတင္းကေန ေျပာခဲ့တာ ျဖစ္ပါတယ္။

“တစ္စုံတစ္ေယာက္က ေျပာတယ္။ သူတို႔ေတြ လက္ရွိမွာ စီစဥ္ေနၾကၿပီ။ ေဖာက္ခြဲမႈေတြ လုပ္လို႔ မေအာင္ျမင္ဘူးဆိုရင္ေတာင္ က်ဳပ္ကို လာလုပ္ႀကံလာမွာပဲ ျဖစ္တယ္။”လို႔ ဒူတာေတးက ဆိုပါတယ္။ အေစာပိုင္းကလည္း ဒူတာေတးဟာ သူဟာ သမၼတရာထူးနဲ႔ မထိုက္တန္ဘူးလို႔ ျမင္ရင္ စစ္တပ္က အာဏာသိမ္း ဖယ္ရွားလိုက္ပါလို႔လည္း ေျပာဆိုတိုက္တြန္းထားပါတယ္။

“အျခားသမၼတ တစ္ေယာက္ လုိခ်င္လား။ ေကာင္းၿပီ ဆက္သာလုပ္ပါ။”လို႔ ဒူတာေတးက ေျပာပါတယ္။ ဒီ လုပ္ႀကံဖို႔ စီစဥ္ေနတဲ့ အုပ္စုဟာ စုစည္းဆက္သြယ္အား ေကာင္းေၾကာင္း၊ အဲဒီကြန္ရက္ အခ်ိတ္အဆက္ကို ျပသမွာ ျဖစ္ၿပီး တစ္ေန႔ေန႔ေတာ့ ေပၚထြက္လာဖြယ္ရွိိေၾကာင္းလည္း သူက ေျပာပါတယ္။

ဒူတာေတး ခုလို ေျပာစကားေတြ ထြက္လာခဲ့တာဟာ လႊတ္ေတာ္အမတ္ အန္တိုနီယိုနဲ႔ ႏုိင္ငံေရး တင္းမာမႈကေနတစ္ဆင့္ ထြက္ေပၚလာတာပဲ ျဖစ္ပါတယ္။ အန္တိုနီယိုဟာ အတုိက္အခံ ႏိုင္ငံေရးသမားတစ္ဦးျဖစ္သလို ယခင္စစ္အရာရွိေဟာင္းလည္း ျဖစ္ၿပီး ယခင္အစိုးရလက္ထက္က အေရးနိမ့္ခဲ့တဲ့ အာဏာသိမ္းမႈ သုံးရပ္မွာ ပါ၀င္လို႔ အဖမ္းခံရၿပီး လြတ္ၿငိမ္းခြင့္ရခဲ့တာပါ။

အန္တိုနီယုိရဲ႕ လြတ္ၿငိမ္းခြင့္ကို ႐ုပ္သိမ္းၿပီး ျပန္လည္ဖမ္းဆီးေထာင္ခ်ရန္ ဒူတာေတးက အမိန္႔ထုတ္ရာမွ ၀ရမ္းမပါဘဲ ဖမ္းဆီးျခင္းမျပဳႏုိင္ဟု စစ္တပ္က ျငင္းဆိုရာက တင္းမာမႈေတြ ျဖစ္တည္လာတာပဲ ျဖစ္ပါတယ္။

Rf; Asian Correspondent

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေမာင္သံဆင့္

#Unicode Version#
ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ နိုင်ငံရဲ့ စစ်တပ်ကို ဆန့်ကျင်ပြီး လွန်လွန်ကဲကဲ ဝေဖန်ပြောတဲ့ စကားတွေထဲမှာ သူကို လုပ်ကြံကြဖို့ ကြံစည်နေတဲ့ သက်သေတွေ ရထားတယ်လို့ အတည်ပြု ပြောလာပါတယ်။

ဒူတာတေးက သူအပေါ် လူသိရှင်ကြား ဝေဖန်သူတစ်ဦးကို ၀ရမ်းမပါဘဲ ဖမ်းခိုင်းတာကို စစ်တပ်က ငြင်းရာက ခုလို ဝေဖန်ထိုးနှက်တာပဲ ဖြစ်ပါတယ်။ နိုင်ငံခြားတိုင်းပြည်တစ်ပြည်က မှတ်တမ်းရုပ်သံတစ်ခုကို သူထံ ပေးပို့၍ ရရှိထားကြောင်း၊ အတိုက်အခံဖက်က နိုင်ငံရေးအုပ်စုတစ်ရပ်ဟာ မော်ဝါဒီသူပုန်တွေရယ်၊ စစ်အရာရှိဟောင်းတွေရယ်နဲ့ ပူးပေါင်းပြီး သူ့ကို ဖြုတ်ချတာ ဒါမှမဟုတ် လုပ်ကြံသတ်ဖြတ်တာတွေ ဆောင်ရွက်ဖို့ စီစဉ်နေကြောင်း နိုင်ငံပိုင်ရုပ်သံသတင်းကနေ ပြောခဲ့တာ ဖြစ်ပါတယ်။

“တစ်စုံတစ်ယောက်က ပြောတယ်။ သူတို့တွေ လက်ရှိမှာ စီစဉ်နေကြပြီ။ ဖောက်ခွဲမှုတွေ လုပ်လို့ မအောင်မြင်ဘူးဆိုရင်တောင် ကျုပ်ကို လာလုပ်ကြံလာမှာပဲ ဖြစ်တယ်။”လို့ ဒူတာတေးက ဆိုပါတယ်။ အစောပိုင်းကလည်း ဒူတာတေးဟာ သူဟာ သမ္မတရာထူးနဲ့ မထိုက်တန်ဘူးလို့ မြင်ရင် စစ်တပ်က အာဏာသိမ်း ဖယ်ရှားလိုက်ပါလို့လည်း ပြောဆိုတိုက်တွန်းထားပါတယ်။

“အခြားသမ္မတ တစ်ယောက် လိုချင်လား။ ကောင်းပြီ ဆက်သာလုပ်ပါ။”လို့ ဒူတာတေးက ပြောပါတယ်။ ဒီ လုပ်ကြံဖို့ စီစဉ်နေတဲ့ အုပ်စုဟာ စုစည်းဆက်သွယ်အား ကောင်းကြောင်း၊ အဲဒီကွန်ရက် အချိတ်အဆက်ကို ပြသမှာ ဖြစ်ပြီး တစ်နေ့နေ့တော့ ပေါ်ထွက်လာဖွယ်ရှိိကြောင်းလည်း သူက ပြောပါတယ်။

ဒူတာတေး ခုလို ပြောစကားတွေ ထွက်လာခဲ့တာဟာ လွှတ်တော်အမတ် အန်တိုနီယိုနဲ့ နိုင်ငံရေး တင်းမာမှုကနေတစ်ဆင့် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ အန်တိုနီယိုဟာ အတိုက်အခံ နိုင်ငံရေးသမားတစ်ဦးဖြစ်သလို ယခင်စစ်အရာရှိဟောင်းလည်း ဖြစ်ပြီး ယခင်အစိုးရလက်ထက်က အရေးနိမ့်ခဲ့တဲ့ အာဏာသိမ်းမှု သုံးရပ်မှာ ပါ၀င်လို့ အဖမ်းခံရပြီး လွတ်ငြိမ်းခွင့်ရခဲ့တာပါ။

အန်တိုနီယိုရဲ့ လွတ်ငြိမ်းခွင့်ကို ရုပ်သိမ်းပြီး ပြန်လည်ဖမ်းဆီးထောင်ချရန် ဒူတာတေးက အမိန့်ထုတ်ရာမှ ၀ရမ်းမပါဘဲ ဖမ်းဆီးခြင်းမပြုနိုင်ဟု စစ်တပ်က ငြင်းဆိုရာက တင်းမာမှုတွေ ဖြစ်တည်လာတာပဲ ဖြစ်ပါတယ်။

Rf; Asian Correspondent

ဖိုးသူတော် (www.phothutaw.com)
Credit: မောင်သံဆင့်


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top