(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

ညဘက္ အိပ္ခ်ိန္ ၆ နာရီကေန ၈ နာရီေလးအတြင္းမွာ အိမ္သာကို အႀကိမ္ႀကိမ္ ထသြားေနရၿပီလား?

          ေက်ာက္ကပ္က ဆီး အထုတ္မ်ားလို႔၊ ဒါမွမဟုတ္ ဆီးအိမ္က ဆီးမထိန္းထားႏိုင္လို႔ ျဖစ္ႏုိင္တယ္ေနာ္။ တစ္ခါတေလ ၂ ခုလံုးေၾကာင့္ေတာင္ ျဖစ္ႏိုင္ေသးတယ္။

          ျဖစ္ေစႏိုင္တဲ့ အေၾကာင္းရင္းေတြ အမ်ားႀကီးရွိတဲ့အထဲက တခ်ိဳ႕အေၾကာင္းရင္းေတြဟာ ေဆးကုသဖို႔ လိုၿပီးေတာ့ တခ်ိဳ႕အေၾကာင္းရင္းေတြကေတာ့ ကိုယ့္ဟာကိုယ္ ကုလို႔ရတယ္ေနာ္။

1.      အရည္ေသာက္မ်ားလို႔ ျဖစ္ႏုိင္တယ္။

          ေရေသာက္တာ မ်ားတာ၊ အိပ္ခ်ိန္နီးမွ ေသာက္တာေတြေၾကာင့္ ျဖစ္ႏိုင္တယ္။ အဲဒါေၾကာင့္ မအိပ္ခင္ နာရီပိုင္းအတြင္းမွာ ေရကို နည္းနည္းပဲ ေသာက္ပါ။ ညေနပိုင္းေလာက္ေရာက္ရင္ အရက္နဲ႔ ေကာ္ဖီ မေသာက္ပါနဲ႔ေတာ့။ ၿပီးေတာ့ ညမအိပ္ခင္ အိမ္သာဝင္ဖို႔လည္း မေမ့နဲ႔ေနာ္။



2.      ဆီးပိုးဝင္လို႔ ျဖစ္ႏိုင္ေသးတယ္။

          ဆီးပိုးဝင္ရင္ ေန႔ေရာညပါ ဆီး အသြားမ်ားၿပီးေတာ့ ဆီးသြားရင္ နာေနတတ္တယ္။ ဗိုက္လည္း ေအာင့္တတ္ၿပီး အဖ်ားပါ ဝင္လိမ့္မယ္။ ဆရာဝန္နဲ႔ ျပရမယ္ေနာ္။

3.      အသက္ႀကီးလာလို႔လည္း ျဖစ္ႏိုင္တာပဲ။

          အသက္ႀကီးလာတဲ့အခါ ဆီးကို နည္းေစတဲ့ေဟာ္မုန္း အထြက္နည္းလာလို႔ ဆီး မ်ားလာတတ္တယ္။ အဲဒါေၾကာင့္ ညဘက္ေတြမွာ မနက္ထိကို မေအာင့္ႏိုင္ဘဲ ထ,ထသြားရတတ္တာပါ။

          ၿပီးေတာ့ အသက္ႀကီးလာတာနဲ႔အမွ် ညဘက္ ဆီးအသြားမ်ားေစတဲ့ တျခားေရာဂါေတြလည္း အျဖစ္မ်ားလာတယ္။ ေယာက္်ားမိန္းမ လိင္နဲ႔လည္း ဆိုင္ေသးတယ္တဲ့။

          အမ်ိဳးသားေတြမွာ အသက္ႀကီးရင္ ဆီးက်ိတ္ ႀကီးလာတတ္တယ္။ ဆီးက်ိတ္ႀကီးတာက ေတာ္႐ံုဆို ဘာမွထူးထူးျခားျခားေတာ့ မျဖစ္ေစေပမယ့္ ဆီးက်န္ေစတာမ်ဳိးေတာ့ ျဖစ္ေစႏိုင္တယ္။

          အမ်ဳိးသမီးေတြမွာဆိုရင္ ေသြးဆံုးၿပီးေတာ့ အီစထ႐ိုဂ်င္ အမ်ိဳးသမီးေဟာ္မုန္း အထုတ္နည္းလာလို႔ ဆီးလမ္းေၾကာင္းမွာ အေျပာင္းအလဲေတြ ျဖစ္လာၿပီး ဆီးသြား မ်ားလာတတ္တယ္။ ကေလးေတြ ေမြးဖူးတာေၾကာင့္လည္း တင္ပါးဆံုေအာက္ပိုင္း ႂကြက္သားေတြ ေလ်ာ့ရဲလာၿပီး ဆီး အသြားမ်ားတတ္တယ္။

4.      ေဆးေတြေၾကာင့္လည္း ျဖစ္ႏိုင္တယ္ေနာ္။

          တခ်ိဳ႕ေဆးေတြက ကိုယ္ခႏၶာထဲကေန အရည္ေတြ ဆြဲထုတ္ႏိုင္စြမ္းရွိလို႔ ဆီးခဏခဏ သြားေစတတ္တယ္။ ဒီျပႆနာကို ေျဖရွင္းဖို႔ ေဆးကို ေစာေစာေသာက္တာ၊ ဒါမွမဟုတ္ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးေတာ့ ေဆးေျပာင္းေသာက္တာေတြ လုပ္လို႔ရတယ္ေနာ္။

5.      အအိပ္ျပႆနာေၾကာင့္မ်ား ျဖစ္ေနမလား?

          တစ္ခါတေလ ဆီးသြားခ်င္လို႔ ႏိုးလာတာ မဟုတ္ဘဲ ႏိုးေနလို႔ ထသြားခ်င္တာ ျဖစ္ႏိုင္ေသးတယ္။ Restless leg syndrome ေျခမၿငိမ္ေရာဂါ၊ ပူရွိန္းရွိန္းျဖစ္ေနတာ၊ နာတာရွည္ နာက်င္တာ၊ စိတ္ဓာတ္က်ေရာဂါေတြေၾကာင့္ ျဖစ္နိုင္တယ္။ ညဘက္ အသက္႐ွဴရပ္,ရပ္သြားတဲ့ sleep apnoea ေရာဂါေၾကာင့္လည္း ျဖစ္ႏိုင္ေသးတယ္ေနာ္။

          အဲဒါေၾကာင့္ ညဘက္ အိပ္မေပ်ာ္ေစတဲ့ အေၾကာင္းရင္းကို ဖယ္ရွားလိုက္ရင္ ညဘက္ ဆီး ခဏခဏသြားတာလည္း ေပ်ာက္သြားပါလိမ့္မယ္။

6.      ႏွလံုးနဲ႔လည္း သက္ဆိုင္ေနေသးတယ္။

          ႏွလံုးက ေကာင္းေကာင္း မညစ္ႏိုင္တဲ့အခါ အရည္ေတြစုပံုလာတတ္တယ္။ အထူးသျဖင့္ ေျခခ်င္းဝတ္မွာပံုလာတတ္တာေပါ့။

          လွဲအိပ္လိုက္တဲ့အခ်ိန္မွာ စုပံုေနတဲ့အရည္ေတြ ထြက္လာၿပီးေတာ့ ဆီးအိမ္မွာ လာပံုတဲ့အတြက္ ညဘက္ကို အိပ္ရာကေန ႏိုးလာတတ္တယ္။

          ဒီလိုေျခေထာက္ေရာင္တာေတြ သက္သာလာေအာင္ ေန႔ဘက္မွာ ေျခေထာက္ကို ေျမႇာက္ထားတာ၊ က်ပ္စည္း Stocking ဝတ္ထားတာေတြ လုပ္ေပးလို႔ရတယ္ေနာ္။

7.      တျခားအေၾကာင္းေတြေၾကာင့္ေရာ ျဖစ္ႏိုင္ေသးလား?

          နည္းအမ်ိဳးမ်ိဳး ႀကိဳးစားၾကည့္လို႔မွ မသက္သာဘူးဆိုရင္ေတာ့ ဆရာဝန္နဲ႔ ျပၾကည့္လိုက္ေတာ့ေနာ္။

>>    ဆီးအိမ္ကေန ဆီးေကာင္းေကာင္း မထိန္းႏိုင္ေစတဲ့ အေၾကာင္းရင္းေတြကေတာ့ -

●        ဆီးအိမ္အက်ိတ္

●        ဆီးက်ိတ္အက်ိတ္

●        ဆီးအိမ္တံု႔ျပန္မႈ လြန္ကဲေရာဂါ

●        ဆီးအိမ္ ေရာင္ရမ္းျခင္း

●        ကိုယ္ဝန္

●        အဝလြန္ျခင္း ေတြပဲ ျဖစ္တယ္။

>>    ဆီးထုတ္မ်ားေစတဲ့ အေၾကာင္းရင္းေတြထဲမွာ -

●        ဆီးခ်ိဳ

●        ဆီး ျပန္မစုပ္ယူႏိုင္တဲ့ေရာဂါ

●        အသည္းကြၽမ္းျခင္း

●        အယ္ဇိုင္းမား၊ ပါကင္ဆန္စတဲ့ အာ႐ံုေၾကာေရာဂါေတြ ပါတယ္။

          ဒီလိုအေၾကာင္းရင္းေတြ ရွိေနရင္ ဆရာဝန္နဲ႔ တိုင္ပင္ၿပီး ကုသလိုက္ပါ။ ဒါမွ ညဘက ဆီးထ,ထသြားေနရတာ သက္သာသြားမွာေပါ့။

          ဆရာဝန္နဲ႔ျပဖို႔ လိုေနတဲ့အခ်ိန္က ညဘက္ ဆီးခဏခဏ ထသြားေနရလို႔ ေန႔ခင္းဘက္ေတြမွာ အာ႐ံုစုိက္မရတာနဲ႔ တျခားျပႆနာေတြ ျဖစ္လာရင္ ျပၾကည့္လိုက္ပါ။ အသက္ႀကီးတဲ့လူေတြမွာ ညဘက္ ထ,ထသြားေနရတာက ေခ်ာ္လဲၿပီး အ႐ိုးက်ိဳးတာေတြ ျဖစ္ေစႏိုင္ပါတယ္။

>>    ဆရာဝန္နဲ႔ သြားျပေတာ့မယ္ဆိုရင္ -

          ဘာေတြ ေသာက္တယ္၊ ဘယ္အခ်ိန္ေတြမွာ ဘယ္ေလာက္ ဆီးသြားတယ္ဆိုတာေတြကို မွတ္ထားဖို႔ လိုလိမ့္မယ္။

>>    ဆရာဝန္က ေမးလာမယ္

●        အိပ္ေပ်ာ္ရဲ႕လား?

●        ေန႔ဘက္ေတြေရာ ႏံုးေနလား?

●        ဘာေဆးေတြ ေသာက္ေနလဲ?

●        တျခား ဘာလကၡဏာေတြ ရွိေသးလဲ?

          ဆိုတာေတြကို ႀကိဳျပင္ထားဖို႔ေတာ့ လိုမယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (www.drmyanmar.com)

#Unicode Version#
ညဘက် အိပ်ချိန် ၆ နာရီကနေ ၈ နာရီလေးအတွင်းမှာ အိမ်သာကို အကြိမ်ကြိမ် ထသွားနေရပြီလား?

          ကျောက်ကပ်က ဆီး အထုတ်များလို့၊ ဒါမှမဟုတ် ဆီးအိမ်က ဆီးမထိန်းထားနိုင်လို့ ဖြစ်နိုင်တယ်နော်။ တစ်ခါတလေ ၂ ခုလုံးကြောင့်တောင် ဖြစ်နိုင်သေးတယ်။

          ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိတဲ့အထဲက တချို့အကြောင်းရင်းတွေဟာ ဆေးကုသဖို့ လိုပြီးတော့ တချို့အကြောင်းရင်းတွေကတော့ ကိုယ့်ဟာကိုယ် ကုလို့ရတယ်နော်။

1.      အရည်သောက်များလို့ ဖြစ်နိုင်တယ်။

          ရေသောက်တာ များတာ၊ အိပ်ချိန်နီးမှ သောက်တာတွေကြောင့် ဖြစ်နိုင်တယ်။ အဲဒါကြောင့် မအိပ်ခင် နာရီပိုင်းအတွင်းမှာ ရေကို နည်းနည်းပဲ သောက်ပါ။ ညနေပိုင်းလောက်ရောက်ရင် အရက်နဲ့ ကော်ဖီ မသောက်ပါနဲ့တော့။ ပြီးတော့ ညမအိပ်ခင် အိမ်သာဝင်ဖို့လည်း မမေ့နဲ့နော်။



2.      ဆီးပိုးဝင်လို့ ဖြစ်နိုင်သေးတယ်။

          ဆီးပိုးဝင်ရင် နေ့ရောညပါ ဆီး အသွားများပြီးတော့ ဆီးသွားရင် နာနေတတ်တယ်။ ဗိုက်လည်း အောင့်တတ်ပြီး အဖျားပါ ဝင်လိမ့်မယ်။ ဆရာဝန်နဲ့ ပြရမယ်နော်။

3.      အသက်ကြီးလာလို့လည်း ဖြစ်နိုင်တာပဲ။

          အသက်ကြီးလာတဲ့အခါ ဆီးကို နည်းစေတဲ့ဟော်မုန်း အထွက်နည်းလာလို့ ဆီး များလာတတ်တယ်။ အဲဒါကြောင့် ညဘက်တွေမှာ မနက်ထိကို မအောင့်နိုင်ဘဲ ထ,ထသွားရတတ်တာပါ။

          ပြီးတော့ အသက်ကြီးလာတာနဲ့အမျှ ညဘက် ဆီးအသွားများစေတဲ့ တခြားရောဂါတွေလည်း အဖြစ်များလာတယ်။ ယောက်ျားမိန်းမ လိင်နဲ့လည်း ဆိုင်သေးတယ်တဲ့။

          အမျိုးသားတွေမှာ အသက်ကြီးရင် ဆီးကျိတ် ကြီးလာတတ်တယ်။ ဆီးကျိတ်ကြီးတာက တော်ရုံဆို ဘာမှထူးထူးခြားခြားတော့ မဖြစ်စေပေမယ့် ဆီးကျန်စေတာမျိုးတော့ ဖြစ်စေနိုင်တယ်။

          အမျိုးသမီးတွေမှာဆိုရင် သွေးဆုံးပြီးတော့ အီစထရိုဂျင် အမျိုးသမီးဟော်မုန်း အထုတ်နည်းလာလို့ ဆီးလမ်းကြောင်းမှာ အပြောင်းအလဲတွေ ဖြစ်လာပြီး ဆီးသွား များလာတတ်တယ်။ ကလေးတွေ မွေးဖူးတာကြောင့်လည်း တင်ပါးဆုံအောက်ပိုင်း ကြွက်သားတွေ လျော့ရဲလာပြီး ဆီး အသွားများတတ်တယ်။

4.      ဆေးတွေကြောင့်လည်း ဖြစ်နိုင်တယ်နော်။

          တချို့ဆေးတွေက ကိုယ်ခန္ဓာထဲကနေ အရည်တွေ ဆွဲထုတ်နိုင်စွမ်းရှိလို့ ဆီးခဏခဏ သွားစေတတ်တယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဆေးကို စောစောသောက်တာ၊ ဒါမှမဟုတ် ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ဆေးပြောင်းသောက်တာတွေ လုပ်လို့ရတယ်နော်။

5.      အအိပ်ပြဿနာကြောင့်များ ဖြစ်နေမလား?

          တစ်ခါတလေ ဆီးသွားချင်လို့ နိုးလာတာ မဟုတ်ဘဲ နိုးနေလို့ ထသွားချင်တာ ဖြစ်နိုင်သေးတယ်။ Restless leg syndrome ခြေမငြိမ်ရောဂါ၊ ပူရှိန်းရှိန်းဖြစ်နေတာ၊ နာတာရှည် နာကျင်တာ၊ စိတ်ဓာတ်ကျရောဂါတွေကြောင့် ဖြစ်နိုင်တယ်။ ညဘက် အသက်ရှူရပ်,ရပ်သွားတဲ့ sleep apnoea ရောဂါကြောင့်လည်း ဖြစ်နိုင်သေးတယ်နော်။

          အဲဒါကြောင့် ညဘက် အိပ်မပျော်စေတဲ့ အကြောင်းရင်းကို ဖယ်ရှားလိုက်ရင် ညဘက် ဆီး ခဏခဏသွားတာလည်း ပျောက်သွားပါလိမ့်မယ်။

6.      နှလုံးနဲ့လည်း သက်ဆိုင်နေသေးတယ်။

          နှလုံးက ကောင်းကောင်း မညစ်နိုင်တဲ့အခါ အရည်တွေစုပုံလာတတ်တယ်။ အထူးသဖြင့် ခြေချင်းဝတ်မှာပုံလာတတ်တာပေါ့။

          လှဲအိပ်လိုက်တဲ့အချိန်မှာ စုပုံနေတဲ့အရည်တွေ ထွက်လာပြီးတော့ ဆီးအိမ်မှာ လာပုံတဲ့အတွက် ညဘက်ကို အိပ်ရာကနေ နိုးလာတတ်တယ်။

          ဒီလိုခြေထောက်ရောင်တာတွေ သက်သာလာအောင် နေ့ဘက်မှာ ခြေထောက်ကို မြှောက်ထားတာ၊ ကျပ်စည်း Stocking ဝတ်ထားတာတွေ လုပ်ပေးလို့ရတယ်နော်။

7.      တခြားအကြောင်းတွေကြောင့်ရော ဖြစ်နိုင်သေးလား?

          နည်းအမျိုးမျိုး ကြိုးစားကြည့်လို့မှ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်လိုက်တော့နော်။

>>    ဆီးအိမ်ကနေ ဆီးကောင်းကောင်း မထိန်းနိုင်စေတဲ့ အကြောင်းရင်းတွေကတော့ -

●        ဆီးအိမ်အကျိတ်

●        ဆီးကျိတ်အကျိတ်

●        ဆီးအိမ်တုံ့ပြန်မှု လွန်ကဲရောဂါ

●        ဆီးအိမ် ရောင်ရမ်းခြင်း

●        ကိုယ်ဝန်

●        အဝလွန်ခြင်း တွေပဲ ဖြစ်တယ်။

>>    ဆီးထုတ်များစေတဲ့ အကြောင်းရင်းတွေထဲမှာ -

●        ဆီးချို

●        ဆီး ပြန်မစုပ်ယူနိုင်တဲ့ရောဂါ

●        အသည်းကျွမ်းခြင်း

●        အယ်ဇိုင်းမား၊ ပါကင်ဆန်စတဲ့ အာရုံကြောရောဂါတွေ ပါတယ်။

          ဒီလိုအကြောင်းရင်းတွေ ရှိနေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသလိုက်ပါ။ ဒါမှ ညဘက ဆီးထ,ထသွားနေရတာ သက်သာသွားမှာပေါ့။

          ဆရာဝန်နဲ့ပြဖို့ လိုနေတဲ့အချိန်က ညဘက် ဆီးခဏခဏ ထသွားနေရလို့ နေ့ခင်းဘက်တွေမှာ အာရုံစိုက်မရတာနဲ့ တခြားပြဿနာတွေ ဖြစ်လာရင် ပြကြည့်လိုက်ပါ။ အသက်ကြီးတဲ့လူတွေမှာ ညဘက် ထ,ထသွားနေရတာက ချော်လဲပြီး အရိုးကျိုးတာတွေ ဖြစ်စေနိုင်ပါတယ်။

>>    ဆရာဝန်နဲ့ သွားပြတော့မယ်ဆိုရင် -

          ဘာတွေ သောက်တယ်၊ ဘယ်အချိန်တွေမှာ ဘယ်လောက် ဆီးသွားတယ်ဆိုတာတွေကို မှတ်ထားဖို့ လိုလိမ့်မယ်။

>>    ဆရာဝန်က မေးလာမယ်

●        အိပ်ပျော်ရဲ့လား?

●        နေ့ဘက်တွေရော နုံးနေလား?

●        ဘာဆေးတွေ သောက်နေလဲ?

●        တခြား ဘာလက္ခဏာတွေ ရှိသေးလဲ?

          ဆိုတာတွေကို ကြိုပြင်ထားဖို့တော့ လိုမယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top