မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ဘဝရဲ႕အခ်ိန္အမ်ားစုကို ဥပေဒ ခ်ိဳးေဖာက္သူတစ္ေယာက္အျဖစ္ရွင္သန္ခဲ့တဲ့ နာမည္ေက်ာ္ ထိုင္ဝမ္လူဆိုးလူမိုက္ေဟာင္း ယန္ေဝရႊန္းဟာ မရွိဆင္းရဲသားေတြအတြက္ ေခါက္ဆြဲဆိုင္ဖြင့္လွစ္ လွဴဒါန္းေကၽြးေမြးျခင္းျဖင့္ ဘဝလက္က်န္အခ်ိန္ေတြကို ကုန္ဆုံးေတာ့မယ္လို႔ ေျပာပါတယ္။

သူမိသားစုဟာ နယူးတိုင္ေပစီးတီးက ရုိးရာေဈးတစ္ခုရဲ႕အစြန္မွာ ေခါက္ဆြဲဆိုင္ဖြင့္လွစ္ေရာင္းခ်ခဲ့တာ ဆယ္စုႏွစ္ေပါင္း မ်ားစြာ ၾကာပါျပီ။ အခုဆိုရင္ အသက္ ၄၀ရွိျပီျဖစ္တဲ့ ယန္ဟာ မိခင္ျဖစ္သူကိုဝုိင္းကူရင္း ေငြေၾကးမတတ္ႏိုင္သူေတြအတြက္ ေခါက္ဆြဲေတြကို အခမဲ့ေကၽြးေမြးပါတယ္။

ယန္ရဲ႕ ေျပာင္းလဲသြားတဲ့ အျပဳအမူကို ေဒသခံ မီဒီယာေတြကလည္း စိတ္ဝင္စားၾကသလို ယူက်ဳမွာ တင္ထားတဲ့ ရွန္ဟိုင္းအေျခစိုက္ အြန္လိုင္းရုပ္သံက သူ႔ဘဝအေၾကာင္း ရုိက္ကူးထားတဲ့ ဗီဒီယိုကို ဝင္ေရာက္ၾကည့္ရႈသူကလည္း သိန္းခ်ီရွိခဲ့ပါတယ္။ ဆယ့္ငါးနွစ္အရြယ္မွာ အုပ္စုဖြဲ႔ရန္ျဖစ္ရာကေန အမ်ိဳးသားတစ္ေယာက္ကို ေသေစမႈနဲ႔ ေထာင္ ေလးနွစ္ခြဲက်ရာက စျပီး သူဟာ လူဆိုးလူမိုက္တစ္ေယာက္ျဖစ္ခဲ့ပါတယ္။

ျပန္လြတ္လာတဲ့အခ်ိန္မွာလည္း အဆိုပါလူဆိုးအဖြဲ႔ထဲမွာ ဆက္လက္ပါဝင္ခဲ့သလို လြန္ခဲ့တဲ့ရွစ္ႏွစ္က တရားမဝင္ လက္နက္ကိုင္ေဆာင္မႈနဲ႔ တရားရုံးကုိ ထပ္မံေရာက္ရွိခဲ့ေပမဲ့ ဆိုင္းငံ့ျပစ္ဒဏ္သာ က်ခဲ့ပါတယ္။
‘အဲဒီအခ်ိ္န္ကစျပီး အသိတစ္ခုရလာတယ္။ ကၽြန္ေတာ္အခု လြတ္ေျမာက္လာျပီဆိုေတာ့ အခုခ်ိန္ကစျပီး မိသားစုနဲ႔ လြတ္လပ္ခြင့္အတြက္ ေကာင္းတာေတြကို ျပဳလုပ္ရမယ္’ လို႔ သူက AFPကုိ ေျပာပါတယ္။

ဝက္သား၊ ပုစြန္နဲ႔ ေဂၚဖီရြက္ေတြနဲ႔ေရာျပဳတ္ထားတဲ့ ေခါက္ဆြဲျပဳတ္တစ္ပြဲကို ပုံမွန္စားေသာက္သူအတြက္ ထိုင္ဝမ္ေဒၚလာ ၈၀နဲ႔ေရာင္းခ်ေပးျပီး မတတ္ႏိုင္သူေတြအတြက္ ေပးလွဴခ်င္တယ္ဆိုရင္ေတာ့ တစ္ပြဲကို ၇၅ေဒၚလာနဲ႔ ေပးလွဴနိုင္ပါတယ္။ တစ္လကို ပြဲ ၆၀၀နဲ႔ ၇၀၀ၾကား လွဴဒါန္းရျပီးေတာ့ အမ်ားစုကအလွဴေငြေတြန႔ဲျဖစ္ျပီး လိုအပ္ပါက သူကိုယ္တိုင္ စိုက္ေကၽြးတယ္လို႔ ယန္က ေျပာပါတယ္။

လြန္ခဲ့တဲ့ေလးနွစ္ သည္အလုပ္ကို စလုပ္ကုိင္ခ်ိန္ကစျပီး ပြဲေရ ေလးေသာင္းေလာက္ သူလွဴဒါန္းခဲ့ျပီး ကုိယ္ခႏၶာ ခ်ိဳ႕ယြင္းသူေတြအတြက္ အိမ္တိုင္ရာေရာက္ပို႔ေဆာင္ေပးခဲ့ပါတယ္။
အခမဲ့လာေရာက္စားေသာက္သူေတြဟာ သက္ၾကီးရြယ္အိုေတြနဲ႔ အလုပ္လက္မဲ့ လူငယ္ေတြျဖစ္ပါတယ္။
ဒါ့အျပင္ အျခားအလွဴတစ္ခုအေနနဲ႔ အက်ဥ္းေထာင္ေတြကို လွည့္ပတ္သြားျပီး သူ႔အေတြ႔အၾကဳံကိုေဝမွ်ခဲ့ပါတယ္။

ပုံမွန္လာရာက္စားေသာက္သူထဲမွာ အသက္ ၆၂နွစ္ရွိ လူဆိုးေဟာင္းၾကီးတစ္ေယာက္ပါဝင္ျပီး လမ္းေဟာင္းကို ျပန္မေရာက္သြားေအာင္ အျမဲသတိေပးတယ္လို႔ သူကေျပာပါတယ္။
‘ သူ႔လို ဘဝရႈံးသြားတဲ့ လူဆိုးအိုၾကီးေတြအမ်ားၾကီးေတြ႔ရတယ္။ ကၽြန္ေတာ္တို႔ ဘယ္ေလာက္ေတာင္ အခ်ိန္ျဖဳန္း ခဲ့ျပီးျပီလဲဆိုတာကို သိလုိက္ရတယ္အခ်ိန္မွာ အေတာ္စိတ္မေကာင္းျဖစ္မိတယ္’ လို႔ ယန္ကေျပာပါတယ္။ မိသားစုနဲ႔ လူေတြရဲ႕အားေပးေထာက္ပံ့မႈေၾကာင့္ အခုလို လမ္းမွန္ကိုေရာက္ခဲ့တာလို႔ သူကထပ္ေလာင္းေျပာပါတယ္။

‘ ရန္ဘက္ လူဆိုးေတြနဲ႔ အခ်ိန္းမေရြး ေတြ႔နိုင္ေတာ့ အရင္လူဆိုးဘဝတုန္းက ကၽြန္ေတာ္ၾကိဳးတန္းမွာ လမ္းေလွ်ာက္ေနတယ္လို႔ အျမဲခံစားေနရတယ္။ အခုေတာ့ ကၽြန္ေတာ့္ကို ေတြ႔ခ်င္ၾကတဲ့သူေတြနဲ႔ပဲ ေတြ႔ဆုံေနရတယ္

Ref: AFP.

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ႏွင္းသန္႔
# Unicode Version ျဖင့္ ဖတ္ပါ #
ဘဝရဲ့အချိန်အများစုကို ဥပဒေ ချိုးဖောက်သူတစ်ယောက်အဖြစ်ရှင်သန်ခဲ့တဲ့ နာမည်ကျော် ထိုင်ဝမ်လူဆိုးလူမိုက်ဟောင်း ယန်ဝေရွှန်းဟာ မရှိဆင်းရဲသားတွေအတွက် ခေါက်ဆွဲဆိုင်ဖွင့်လှစ် လှူဒါန်းကျွေးမွေးခြင်းဖြင့် ဘဝလက်ကျန်အချိန်တွေကို ကုန်ဆုံးတော့မယ်လို့ ပြောပါတယ်။

သူမိသားစုဟာ နယူးတိုင်ပေစီးတီးက ရိုးရာဈေးတစ်ခုရဲ့အစွန်မှာ ခေါက်ဆွဲဆိုင်ဖွင့်လှစ်ရောင်းချခဲ့တာ ဆယ်စုနှစ်ပေါင်း များစွာ ကြာပါပြီ။ အခုဆိုရင် အသက် ၄၀ရှိပြီဖြစ်တဲ့ ယန်ဟာ မိခင်ဖြစ်သူကိုဝိုင်းကူရင်း ငွေကြေးမတတ်နိုင်သူတွေအတွက် ခေါက်ဆွဲတွေကို အခမဲ့ကျွေးမွေးပါတယ်။

ယန်ရဲ့ ပြောင်းလဲသွားတဲ့ အပြုအမူကို ဒေသခံ မီဒီယာတွေကလည်း စိတ်ဝင်စားကြသလို ယူကျုမှာ တင်ထားတဲ့ ရှန်ဟိုင်းအခြေစိုက် အွန်လိုင်းရုပ်သံက သူ့ဘဝအကြောင်း ရိုက်ကူးထားတဲ့ ဗီဒီယိုကို ဝင်ရောက်ကြည့်ရှုသူကလည်း သိန်းချီရှိခဲ့ပါတယ်။ ဆယ့်ငါးနှစ်အရွယ်မှာ အုပ်စုဖွဲ့ရန်ဖြစ်ရာကနေ အမျိုးသားတစ်ယောက်ကို သေစေမှုနဲ့ ထောင် လေးနှစ်ခွဲကျရာက စပြီး သူဟာ လူဆိုးလူမိုက်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

ပြန်လွတ်လာတဲ့အချိန်မှာလည်း အဆိုပါလူဆိုးအဖွဲ့ထဲမှာ ဆက်လက်ပါဝင်ခဲ့သလို လွန်ခဲ့တဲ့ရှစ်နှစ်က တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ တရားရုံးကို ထပ်မံရောက်ရှိခဲ့ပေမဲ့ ဆိုင်းငံ့ပြစ်ဒဏ်သာ ကျခဲ့ပါတယ်။ ‘အဲဒီအချိန်ကစပြီး အသိတစ်ခုရလာတယ်။ ကျွန်တော်အခု လွတ်မြောက်လာပြီဆိုတော့ အခုချိန်ကစပြီး မိသားစုနဲ့ လွတ်လပ်ခွင့်အတွက် ကောင်းတာတွေကို ပြုလုပ်ရမယ်’ လို့ သူက AFPကို ပြောပါတယ်။

ဝက်သား၊ ပုစွန်နဲ့ ဂေါ်ဖီရွက်တွေနဲ့ရောပြုတ်ထားတဲ့ ခေါက်ဆွဲပြုတ်တစ်ပွဲကို ပုံမှန်စားသောက်သူအတွက် ထိုင်ဝမ်ဒေါ်လာ ၈၀နဲ့ရောင်းချပေးပြီး မတတ်နိုင်သူတွေအတွက် ပေးလှူချင်တယ်ဆိုရင်တော့ တစ်ပွဲကို ၇၅ဒေါ်လာနဲ့ ပေးလှူနိုင်ပါတယ်။ တစ်လကို ပွဲ ၆၀၀နဲ့ ၇၀၀ကြား လှူဒါန်းရပြီးတော့ အများစုကအလှူငွေတွေနဲ့ဖြစ်ပြီး လိုအပ်ပါက သူကိုယ်တိုင် စိုက်ကျွေးတယ်လို့ ယန်က ပြောပါတယ်။

လွန်ခဲ့တဲ့လေးနှစ် သည်အလုပ်ကို စလုပ်ကိုင်ချိန်ကစပြီး ပွဲရေ လေးသောင်းလောက် သူလှူဒါန်းခဲ့ပြီး ကိုယ်ခန္ဓာ ချို့ယွင်းသူတွေအတွက် အိမ်တိုင်ရာရောက်ပို့ဆောင်ပေးခဲ့ပါတယ်။
အခမဲ့လာရောက်စားသောက်သူတွေဟာ သက်ကြီးရွယ်အိုတွေနဲ့ အလုပ်လက်မဲ့ လူငယ်တွေဖြစ်ပါတယ်။
ဒါ့အပြင် အခြားအလှူတစ်ခုအနေနဲ့ အကျဉ်းထောင်တွေကို လှည့်ပတ်သွားပြီး သူ့အတွေ့အကြုံကိုဝေမျှခဲ့ပါတယ်။

ပုံမှန်လာရာက်စားသောက်သူထဲမှာ အသက် ၆၂နှစ်ရှိ လူဆိုးဟောင်းကြီးတစ်ယောက်ပါဝင်ပြီး လမ်းဟောင်းကို ပြန်မရောက်သွားအောင် အမြဲသတိပေးတယ်လို့ သူကပြောပါတယ်။
‘ သူ့လို ဘဝရှုံးသွားတဲ့ လူဆိုးအိုကြီးတွေအများကြီးတွေ့ရတယ်။ ကျွန်တော်တို့ ဘယ်လောက်တောင် အချိန်ဖြုန်း ခဲ့ပြီးပြီလဲဆိုတာကို သိလိုက်ရတယ်အချိန်မှာ အတော်စိတ်မကောင်းဖြစ်မိတယ်’ လို့ ယန်ကပြောပါတယ်။ မိသားစုနဲ့ လူတွေရဲ့အားပေးထောက်ပံ့မှုကြောင့် အခုလို လမ်းမှန်ကိုရောက်ခဲ့တာလို့ သူကထပ်လောင်းပြောပါတယ်။

‘ ရန်ဘက် လူဆိုးတွေနဲ့ အချိန်းမရွေး တွေ့နိုင်တော့ အရင်လူဆိုးဘဝတုန်းက ကျွန်တော်ကြိုးတန်းမှာ လမ်းလျှောက်နေတယ်လို့ အမြဲခံစားနေရတယ်။ အခုတော့ ကျွန်တော့်ကို တွေ့ချင်ကြတဲ့သူတွေနဲ့ပဲ တွေ့ဆုံနေရတယ်

Ref: AFP.

ဖိုးသူတော် (www.phothutaw.com)
Credit: နှင်းသန့်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top