ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×
Credit:Trend Myanmar
# Unicode Version ဖြင့် ဖတ်ပါ #
ခုကစပြီး သင့်ရဲ့ကောင်မလေး ဒါမှမဟုတ် သင့်ဇနီးက ဘာလို့ မျက်မုန်းကျိုးနေရသလဲဆိုတာ သိမြင်ဖို့ အချိန်ရောက်ပါပြီ။ တခါတလေမှာ သူတို့အော်လိုက်ရင် ဘယ်နား သွားဝပ်နေလို့ နေရမှန်းတောင်မသိ ဖြစ်ဖြစ်သွားတတ်ပါတယ်။ မွေးနေ့မေ့နေလို့၊ နှစ်ပတ်လည်နေ့မေ့နေလို့ စိတ်ဆိုးတာက ရှိသေးတယ်။
မမလေးတို့က အကြောင်းမရှိအကြောင်းရှာပြီး စိတ်ကောက်စိတ်ဆိုးကြတာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတာနဲ့ ရှောင်ရန်ဆောင်ရန်တွေသိဖို့ အောက်မှာပြောပြပေးမယ့် အချက်ကလေးတွေ ဖတ်ကြည့်လိုက်ရအောင်။
၁။ ကိုယ့်အကြောင်းကိုယ်ချည်း မပြောမိပါစေနဲ့။
ကိုယ့်ကောင်မလေးကို ဂရုမစိုက်ဘဲ ကိုယ့်အကြောင်းကိုယ်ချည်း ပြောဖြစ်နေမယ်ဆိုရင်တော့ မကြာခင်မှာပဲ အောကြောလန်သွားပါလိမ့်မယ်။ အပြန်အလှန်ရှိတဲ့ ဆက်သွယ်မှုက ဘယ်လိုဆက်ဆံရေးအတွက်မဆို အခြေခံအကျဆုံးနဲ့ ထိရောက်မှုအရှိဆုံးကိစ္စပါပဲ။ ဒီတော့ ကိုယ့်အကြောင်းမဟုတ်တဲ့ မေးခွန်းလေးတွေလည်းမေးပါ။ ယုယကြင်နာစွာနဲ့ ဂရုစိုက်ပြပါ။ ကိုကိုက သိပ်ဂရုစိုက်တာပဲဆိုပြီး ဖြစ်လာပါလိမ့်မယ်။
၂။ အရာရာ သူတို့ကိုပဲ မစီမံခိုင်းပါနဲ့။
ညစာစားဖို့ အစီအစဉ်ရှိတယ်လို့ပြောပြီး ဘယ်နေရာ၊ ဘယ်အချိန်မှာဆုံဖို့ ကောင်မလေးကို ဆုံးဖြတ်ခိုင်းတာမျိုး မလုပ်သင့်ပါဘူး။ ဒီလိုလုပ်မိတယ် ဆိုရင်တော့ သားကြီး၊ မင်းကိုယ့်သေတွင်း ကိုယ်တူးမိသလိုဖြစ်ပြီ၊ ကောင်မလေးကို ဦးစားပေး ရွေးချယ်စေတာပဲလို့ ထင်မိကောင်း ထင်မိလိမ့်မယ်။ ဒါပေမယ့် ချိန်းတွေ့ကြဖို့ သင်ဟာ လုံးဝစိတ်မပါဘူးလို့ သတ်မှတ်ခံရပါလိမ့်မယ်။ ညနေကျ တွေ့ကြရအောင်လို့ ပြောလိုက်ရင် ချိန်းတွေ့ဖို့ သင့်ဘက်ကအစစအရာရာ ပြင်ဆင်ပြီးသားလို့ ကောင်မလေးက ယူဆမှာပါ။ အဲ့ဒီ့တော့ နောက်တစ်ခါတွေ့ကြရင် သင်ကပဲ အရာရာဦးဆောင်ပြီးတော့ ကောင်မလေးကို အံ့အားသင့်အောင်လုပ်လိုက်ပါ။
၃။ ပဝါရေစိုကြီးကို အိပ်ရာပေါ်မှာမထားခဲ့ပါနဲ့။
ပဝါရေစိုကြီးကို ရေချိုးခန်းကြမ်းပြင်မှာ လဲမချခဲ့ပါနဲ့။ ပန်းကန်ဆေးတဲ့ကန်ထဲမှာလည်း ထည့်မထားခဲ့ပါနဲ့။ ပြီးတော့ ဖိနပ်နဲ့ ခြေအိတ်တွေကိုလည်း အိပ်ခန်းထဲမှာ မရှိပါစေနဲ့။ ပြောရင် ဆုံးတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆိုလိုရင်းကို သဘောပေါက်တယ်နော်။ အိမ်အလုပ်တွေ ဝိုင်းကူမပေးတဲ့။ အိမ်ကိုသန့်ရှင်းအောင် ဝိုင်းကူမပေးတဲ့ ခင်ပွန်းမျိုးကို မုန်းတတ်ပါတယ်။နောက်တစ်ကြိမ်ဆိုရင်နည်းနည်းပါးပါး ကူညီလိုက်ပြီး အထက်က အကျင့်မျိုးတွေကို ဖျောက်ပြီး။ လုံးဝပြီးပြည့်စုံတဲ့ ခင်ပွန်းကောင်း တစ်ယောက်ဖြစ်အောင် နေလိုက်ပါ။
၄။ ကောင်မလေးတွေအတွက် တံခါးဖွင့်ပေးဖို့ မမေ့ပါနဲ့။
ရှေ့ကကြိုသွားပြီး ကားတံခါးဖွင့်ပေးတာမျိုး အလေ့အကျင့်မရှိဘူးဆိုရင်တောင် ကြိုးစားပြီး စလုပ်ကြည့်ပေါ့။ မိန်းကလေးတွေက အချိန်တိုင်းအချိန်တိုင်းမှာ အလေးပေးပြီး အထူးပုဂ္ဂိုလ်အဖြစ် အဆက်ဆံခံချင်ကြတယ်။ဒါကို သိပြီးတောင်မှ မလုပ်ပေးချင်ဘူး ဆိုရင်တော့သင်ဟာ အမျိုးသမီးအပေါ်ကို ညှာတာထောက်ထားတတ်တဲ့စိတ် လုံးဝမရှိတဲ့ သူတစ်ယောက်ပါပဲ။
၅။ ချိန်းတွေ့နေကြတုန်း တခြားမိန်းကလေးတွေကို မငမ်းပါနဲ့။
ကောင်မလေးနဲ့ အပြင်လျှောက်လည်မယ်လို့ ပြောထားပြီးရင် ဒါဟာ သင့်ရဲ့အာရုံစိုက်မှုနဲ့ အချိန်တွေအားလုံးကို သူ့အတွက်ပဲ ကုန်ဆုံးစေရမယ်လို့ ကတိခံလိုက်တာပါပဲ။ စားသောက်ဆိုင်ထဲမှာဖြစ်ဖြစ် အအေးဆိုင်ထဲမှာဖြစ်ဖြစ် အတူတူထိုင်နေကြတုန်း တခြားကောင်မလေးတွေကို လိုက်ငမ်းနေရင် သူ့အတွက်စိတ်ညစ်စရာတွေ ဖြစ်သွားစေမှာပါ။
၆။ ဘယ်လို အဝတ်အစားလေး ဝတ်စေချင်တာ ဆိုတာမျိုး မပြောပါနဲ့။
ဘာအဝတ်အစား ဝတ်လိုက်ပါလားလို့ပြောမိရင် ဒါဟာမိန်းကလေး တစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို နှောင့်ယှက်တာနဲ့ အတူတူပါပဲ။ တခြားယောက်ျားတွေကြည့်မှာစိုးရိမ်လို့ အတိုအပြတ်တွေ မဝတ်ပါနဲ့လို့ ဟန့်တားတာမျိုးလဲ မလုပ်သင့်ပါဘူး။သင်သိထားဖို့က သင့်ကောင်မလေး အဲ့ဒီ့လိုဝတ်တာဟာ တခြားကောင်တွေကို ဂရုစိုက်စေချင်လို့ ဝတ်တာမဟုတ်ပါဘူး။ သင့်ရဲ့ဂရုစိုက်မှုကို လိုချင်လို့ပါပဲ။ အဲ့ဒီ့တော့ စိတ်လျှော့။ ကိုယ့်ကောင်မလေးကို ကိုယ်ပဲခံစားလိုက်။
ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top