မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ဂီတပြဲေတြ အခ်ိန္ေပးၿပီး သြားရတာ၊ နားေထာင္ခံစားရတာဟာ ဂီတကိုစြဲလန္းသူတိုင္းအတြက္ သုခနိဗၺာန္လို႔ ဆိုရမွာပါပဲ။ အထူးသျဖင့္ ကိုယ္သိပ္ႀကိဳက္ၿပီး အ႐ူးအမူးျဖစ္ရတဲ့ ဂီတသမားေတြရဲ႕ ေဖ်ာ္ေျဖပြဲဆို

လက္လြတ္ခံခ်င္တဲ့သူ ဘယ္သူရွိပါ့မလဲ။ သိပ္စိတ္လႈပ္ရွားရတဲ့ အခ်ိန္မ်ိဳးေတြကိုး။ ဂီတကိုျမတ္ႏိုးသူတိုင္း သေဘာတူၾကမယ္ထင္ပါတယ္။

ဒါေၾကာင့္ ဂီတခ်စ္သူေတြနဲ႔ ပတ္သက္ၿပီး သတင္းေကာင္းတစ္ခုကို တင္ဆက္ေပးဖို႔ျဖစ္လာပါတယ္။ ကိုယ္စြဲမက္ရတဲ့ အက်င့္ဝါသနာဟာ ကိုယ့္ရဲ႕က်န္းမာေရးအတြက္ တိုက္႐ိုက္အခ်ိဳးက် အေထာက္အကူျပဳေနမယ္ဆိုရင္ ဒီထက္ပိုမက္ေမာစရာ ဆုလာဘ္ေတာင္ မရွိႏိုင္ေလာက္ပါဘူး။


ဂီတေဖ်ာ္ေျဖပြဲကို ပုံမွန္နားဆင္ခံစားေပးသူေတြဟာ ကိုယ္စိတ္က်န္းမာေရးကို အလိုလိုျမႇင့္တင္ၿပီးသားျဖစ္ၿပီး ဆယ္စုႏွစ္တစ္ခုနီးပါးစာ ပိုမို အသက္ရွည္ေနထိုင္ႏိုင္ၾကပါတယ္လို႔ သိပၸံပညာရွင္ေတြရဲ႕ သုေတသနျပဳ ေထာက္ခံမႈအရ သိရပါတယ္။ လူတစ္ေယာက္ရဲ႕ က်န္းမာသုခဟာ ေယာဂက်င့္တဲ့အခါ ဆယ္ရာခိုင္ႏႈန္းတိုးတက္လာၿပီး ေခြးနဲ႔အတူလမ္းေလၽွာက္ထြက္တဲ့အခါ ၇ ရာခိုင္ႏႈန္းတိုးတက္လာသလို ပိုၿပီး ထူးျခားတဲ့အခ်က္က စိတ္လႈပ္ရွားရတဲ့ ဂီတပြဲတစ္ခုကို မိနစ္ ၂၀ စာ ၾကည့္႐ႈခံစားတာဟာ ၂၁ ရာခိုင္ႏႈန္းအထိ တိုးတက္ေစေၾကာင္း ေတြ႕ရွိခဲ့တာပါ။

ဘာေၾကာင့္လဲဆိုေတာ့ ဂီတပြဲေတြကို သြားတဲ့အခါ စိတ္တူကိုယ္တူေတြနဲ႔ အတူတူ စုေဝးခြင့္ရတာေၾကာင့္ လူေတြအေပၚခ်စ္ခင္ရင္းႏွီးတဲ့ အေကာင္းျမင္စိတ္ဟာ ၂၅ ရာခိုင္ႏႈန္း ျမင့္တက္လာၿပီး၊ ကိုယ့္ကိုယ္ကိုယ္ ေက်နပ္မိတဲ့ တန္ဖိုးထားမႈဟာ ၂၅ ရာခိုင္ႏႈန္း တိုးတက္လာတဲ့အျပင္ စိတ္ပိုင္းဆိုင္ရာေစ့ေဆာ္မႈဟာ ၇၅ ရာခိုင္ႏႈန္းအထိ တစ္ရွိန္ထိုးျမင့္တက္လာတာေၾကာင့္ပါပဲ။


ဂီတပြဲကို ပုံမွန္ၾကည့္႐ႈေပးဖို႔ အေကာင္းဆုံး အခ်ိန္အပိုင္းအျခားကေတာ့ "ႏွစ္ပတ္တစ္ႀကိမ္" လို႔ သိရပါတယ္။ ဒီလိုပုံမွန္နားဆင္ေပးျခင္းဟာ မိမိကိုယ္ကိုမိမိ တန္ဖိုးထားမႈ၊ ေပ်ာ္႐ႊင္မႈ၊ စိတ္အားရေက်နပ္မႈ နဲ႔ ဖန္တီးစြမ္းရည္ေတြကို အဆမတန္ တိုးျမင့္ေစတာပါ။ ကိုယ္သိပ္ႀကိဳက္ရတဲ့ ဂီတပြဲေတြၿပီးတိုင္း "ၾကည့္ရတာ အရမ္းတန္လိုက္တာ" လို႔ ေရ႐ြတ္မိတာဟာ အခ်ိန္ေပးရက်ိဳးနပ္တဲ့ အက်ိဳးထူးရလဒ္ပါပဲ။

ဂီတပြဲေတြကို ကိုယ္တိုင္ကိုယ္က် သြားေရာက္ခံစားနားဆင္တာဟာ အိမ္မွာ သီခ်င္းဖြင့္နားေထာင္ရတာထက္ ေပ်ာ္႐ႊင္မႈကို သိသိသာသာ သက္ေရာက္ခံစားခြင့္ရတဲ့အေၾကာင္း ဂီတခ်စ္သူေတြကလည္း ဖြင့္ဟခဲ့ၾကပါတယ္။ ဂီတနဲ႔ဆက္ႏြယ္ေနနဲ႔ နက္႐ႈိင္းတဲ့တန္ဖိုးေတြဟာ လူေတြအတြက္ အခ်ိန္ျဖဳန္း႐ုံသက္သက္ထက္ အမ်ားႀကီးပိုပါတယ္။ ဂီတဝါသနာအိုးအခ်င္းခ်င္းေတာ့ လက္ခံနားလည္ၿပီးသား ျဖစ္ပါလိမ့္မယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:yoyarlay
# Unicode Version ျဖင့္ ဖတ္ပါ #
ဂီတပွဲတွေ အချိန်ပေးပြီး သွားရတာ၊ နားထောင်ခံစားရတာဟာ ဂီတကိုစွဲလန်းသူတိုင်းအတွက် သုခနိဗ္ဗာန်လို့ ဆိုရမှာပါပဲ။ အထူးသဖြင့် ကိုယ်သိပ်ကြိုက်ပြီး အရူးအမူးဖြစ်ရတဲ့ ဂီတသမားတွေရဲ့ ဖျော်ဖြေပွဲဆို

လက်လွတ်ခံချင်တဲ့သူ ဘယ်သူရှိပါ့မလဲ။ သိပ်စိတ်လှုပ်ရှားရတဲ့ အချိန်မျိုးတွေကိုး။ ဂီတကိုမြတ်နိုးသူတိုင်း သဘောတူကြမယ်ထင်ပါတယ်။

ဒါကြောင့် ဂီတချစ်သူတွေနဲ့ ပတ်သက်ပြီး သတင်းကောင်းတစ်ခုကို တင်ဆက်ပေးဖို့ဖြစ်လာပါတယ်။ ကိုယ်စွဲမက်ရတဲ့ အကျင့်ဝါသနာဟာ ကိုယ့်ရဲ့ကျန်းမာရေးအတွက် တိုက်ရိုက်အချိုးကျ အထောက်အကူပြုနေမယ်ဆိုရင် ဒီထက်ပိုမက်မောစရာ ဆုလာဘ်တောင် မရှိနိုင်လောက်ပါဘူး။

ဂီတဖျော်ဖြေပွဲကို ပုံမှန်နားဆင်ခံစားပေးသူတွေဟာ ကိုယ်စိတ်ကျန်းမာရေးကို အလိုလိုမြှင့်တင်ပြီးသားဖြစ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးစာ ပိုမို အသက်ရှည်နေထိုင်နိုင်ကြပါတယ်လို့ သိပ္ပံပညာရှင်တွေရဲ့ သုတေသနပြု ထောက်ခံမှုအရ သိရပါတယ်။ လူတစ်ယောက်ရဲ့ ကျန်းမာသုခဟာ ယောဂကျင့်တဲ့အခါ ဆယ်ရာခိုင်နှုန်းတိုးတက်လာပြီး ခွေးနဲ့အတူလမ်းလျှောက်ထွက်တဲ့အခါ ၇ ရာခိုင်နှုန်းတိုးတက်လာသလို ပိုပြီး ထူးခြားတဲ့အချက်က စိတ်လှုပ်ရှားရတဲ့ ဂီတပွဲတစ်ခုကို မိနစ် ၂၀ စာ ကြည့်ရှုခံစားတာဟာ ၂၁ ရာခိုင်နှုန်းအထိ တိုးတက်စေကြောင်း တွေ့ရှိခဲ့တာပါ။

ဘာကြောင့်လဲဆိုတော့ ဂီတပွဲတွေကို သွားတဲ့အခါ စိတ်တူကိုယ်တူတွေနဲ့ အတူတူ စုဝေးခွင့်ရတာကြောင့် လူတွေအပေါ်ချစ်ခင်ရင်းနှီးတဲ့ အကောင်းမြင်စိတ်ဟာ ၂၅ ရာခိုင်နှုန်း မြင့်တက်လာပြီး၊ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မိတဲ့ တန်ဖိုးထားမှုဟာ ၂၅ ရာခိုင်နှုန်း တိုးတက်လာတဲ့အပြင် စိတ်ပိုင်းဆိုင်ရာစေ့ဆော်မှုဟာ ၇၅ ရာခိုင်နှုန်းအထိ တစ်ရှိန်ထိုးမြင့်တက်လာတာကြောင့်ပါပဲ။

ဂီတပွဲကို ပုံမှန်ကြည့်ရှုပေးဖို့ အကောင်းဆုံး အချိန်အပိုင်းအခြားကတော့ "နှစ်ပတ်တစ်ကြိမ်" လို့ သိရပါတယ်။ ဒီလိုပုံမှန်နားဆင်ပေးခြင်းဟာ မိမိကိုယ်ကိုမိမိ တန်ဖိုးထားမှု၊ ပျော်ရွှင်မှု၊ စိတ်အားရကျေနပ်မှု နဲ့ ဖန်တီးစွမ်းရည်တွေကို အဆမတန် တိုးမြင့်စေတာပါ။ ကိုယ်သိပ်ကြိုက်ရတဲ့ ဂီတပွဲတွေပြီးတိုင်း "ကြည့်ရတာ အရမ်းတန်လိုက်တာ" လို့ ရေရွတ်မိတာဟာ အချိန်ပေးရကျိုးနပ်တဲ့ အကျိုးထူးရလဒ်ပါပဲ။

ဂီတပွဲတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခံစားနားဆင်တာဟာ အိမ်မှာ သီချင်းဖွင့်နားထောင်ရတာထက် ပျော်ရွှင်မှုကို သိသိသာသာ သက်ရောက်ခံစားခွင့်ရတဲ့အကြောင်း ဂီတချစ်သူတွေကလည်း ဖွင့်ဟခဲ့ကြပါတယ်။ ဂီတနဲ့ဆက်နွယ်နေနဲ့ နက်ရှိုင်းတဲ့တန်ဖိုးတွေဟာ လူတွေအတွက် အချိန်ဖြုန်းရုံသက်သက်ထက် အများကြီးပိုပါတယ်။ ဂီတဝါသနာအိုးအချင်းချင်းတော့ လက်ခံနားလည်ပြီးသား ဖြစ်ပါလိမ့်မယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:yoyarlay
# Unicode Version ဖြင့် ဖတ်ပါ #
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top