ပါဝင်ပစ္စည်း
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေကို
ရေဆေးချလိုက်ပါ။
Credit: Mystyle
#Unicode Version#
မင်္ဂလာပါနော်။ ဒူးဆစ်၊ တဒေါင်ဆစ်တွေ ညိုမည်းနေလို့ စိတ်ညစ်နေသူတွေအတွက် နည်းလမ်းကောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
ဒူးထောင်ပြီးခဏခဏထိုင်၊ လက်ကို ခဏခဏထောက်တာကြောင့် အခုလိုမျိုး ဒူးတဒေါင်ဆစ် မည်းတာ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အဲဒီလိုမျိုး ကြမ်းပြင်ကိုဖြစ်ဖြစ် စားပွဲပေါ်ကိုဖြစ်ဖြစ်ခဏခဏ ထောက်ခြင်းကို ရှောင်ပေးပါ။ ပြီးတော့ အခုလို နည်းလမ်းကို လိုက်လုပ်ပေးနိုင်ပါတယ်။
ပါဝင်ပစ္စည်း
သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံပယိုသီး တစ်ခြမ်းကို အရည်ညှစ်ပါ
ပြုလုပ်နည်း
ပါဝင်ပစ္စည်းတွေကို ခွက်တစ်ခုံးထဲ အတူတူ ရောထည့်လိုက်ပါ။ ပြီးသွားရင် မည်းညှစ်နေတဲ့ ဒူးဆစ်၊ တဒေါင်ဆစ်နားမှာလိမ်းပေးပြီး ညလုံးပေါက်ထားထားပါ။ မနက်ကျရင် ရေဆေးချလိုက်ပါ။
ပြီးရင် Moisturizer (သို့) အုန်းဆီလိမ်းပေးပြီး ခဏလောက်နှိပ်နယ်ပေးပါ။ ၁၀ ရက်ဆက်တိုက်လုပ်ပေးပါ။ သက်သာလာတာတွေ့ရမှာဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Mystyle
ဒူးဆစ်၊ တဒေါင်ဆစ်မည်းတာကို (၁၀) ရက်အတွင်း သက်သာစေဖို့
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။