ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

Myanmar Idol Winner ဆုရွင္ျဖစ္တဲ့ ျဖိဳးျမတ္ေအာင္ကေတ့ာ ျပိဳင္ပြဲၾကီး ျပီးသြားေသာ္လည္း သူ႔ရဲ့ေက်ာ္ၾကားမႈေတြက ျပိဳင္ပြဲနဲ႔အတူပါ မသြားပါဘူး။ လက္ရွိခ်ိ္န္ထိကို ပရိသတ္ အားေပးမႈ အမ်ားအျပား ရရွိထားတဲ့ အႏုပညာရွင္တေယာက္ ျဖစ္ပါတယ္။ ျဖိဳးျမတ္ေအာင္ကေတာ့ လက္ရွိမွာလည္း သူ႔ရဲ့ အႏုပညာလမ္းေၾကာင္းကို ဆက္လက္လုပ္ကိုင္ေနျပီး သူငယ္ဘဝက ရူးသြပ္ခဲ့ရတဲ့ Idol ေတြကေတာ့ IC တစ္ဖြဲဲ႔လံုး ျဖစ္ေၾကာင္း ေျပာၾကားလာခဲ့ပါတယ္။ ျဖိဳးျမတ္ေအာင္ကေတာ့ IC တစ္ဖြဲ႔လံုးထဲမွာမွ Rocker ၾကီးေလးျဖဴနဲ႔ သီခ်င္းတူတူ တြဲဆိုခ်င္ေၾကာင္း ေျပာၾကားလာခဲ့ပါတယ္။

ျဖိဳးျမတ္ေအာင္ကေတာ့ MC နဲ႔ အင္တာဗ်ဴးတြင္ “ကြ်န္ေတာ္ Idol အျဖစ္ရဆံုးသူကေတာ့ ဥိးေလးျဖဴပါ ျပီးေတာ့ IC တဖြဲ႔လံုးပါပဲ။ ေနာက္တက္လာတဲ့အထဲမွာေတာ့ ကိုလင္းလင္းရွိပါတယ္။ အရင္ဆံုးၾကိဳက္ခဲ့တာကေတာ့ ၄ တန္းေက်ာင္းသားေလာက္ ကတည္းက IC ကုိၾကိဳက္ခဲ့ပါတယ္။ IC ၾကိဳက္ျပီးေတာ့ တခါတေလ သစ္ပင္ေပၚေတြကို တက္ျပီးေတာ့ ေအာ္တာေပါ့။ လယ္ကြင္းထဲေတြ သြားျပီးေတာ့ ေအာ္တာေပါ့။ တေယာက္ထဲ ေအာ္ဟစ္ေနတာ။ အဲ့ေခတ္တုန္းက ကြ်န္ေတာ္တို႔ တီဗီေတြ မဝယ္ႏိုင္ဘူးဗ်ာ။ အိမ္တိုင္းမွာလည္း တီဗီေတြ မရွိၾကပါဘူး။ ဗီဒီယိုရံုေတြမွာ သြားၾကည့္ၾကတာ။ကြ်န္ေတာ္က်ေတာ့ ဗီဒီယိုရံုမွာ ရုပ္ရွင္မၾကည့္ဘူး။ ဗီဒီယိုဇာတ္ကားေလးေတြ မလာခင္ သူတို႔ သီခ်င္းေလးေတြ ဖြင့္ပါတယ္။ သီခ်င္းသြားသြားနားေထာင္တာပါ”

ေလးျဖဴနဲ႔ သီခ်င္းဆိုခြင့္ရမယ္ဆိုရင္ “ကြ်န္ေတာ္မမွန္းရဲပါဘူး။ ဆိုေတာ့ ဆိုခ်င္တာေပါ့။ ကြ်န္ေတာ့္အေနနဲ႔ မေမွ်ာ္လင့္ရဲဘူး။ အရမ္းကြာပါတယ္။ သူတို႔န႔ဲ ကြ်န္ေတာ္နဲ႔ကေတာ့ အကြာၾကီးပါ။ ကိုေလးျဖဴနဲ႔ ဆိုရမယ္ဆိုတာဟာ ကြ်န္ေတာ့္အတြက္ အိမ္မက္လိုပါပဲ။ ဆိုခြင့္ရရင္ေတာ့ ဆိုခ်င္တာေပါ့ေလ”

လတ္တေလာလႈပ္ရွားမႈနဲ႔ ပတ္သက္ျပီး ျဖဳးျမတ္ေအာင္က “ကြ်န္ေတာ္အခုခ်ိန္မွာ ရိႈးပြဲေတြအရမ္းဆိုေနရေတာ့ ေခါင္းထဲမွာ ဘာသီခ်င္းကို ဘယ္လိုလုပ္ရမလည္းဆိုတာကို အာရံုမရဘူးျဖစ္ေနတယ္။ ဘာလုပ္လို႔ လုပ္ရမလည္းမသိေတာ့ဘူးေလ။ ေလာေလာဆယ္ ၁၀ လပိုင္း ၁၁ လပိုင္းေလာက္က်ရင္ေတာ့ Solo Album အတြက္ သီခ်င္းေလးေတြေတာ့ ေရြးမယ္ေလ။ ေရွ႔ေလွ်ာက္ကြ်န္ေတာ္ ဘယ္လိုလုပ္ရမလည္းဆိုတာကိုေတာ့ ေတြးထားတယ္။ လက္ရွိမွာေတာ့ ျပိဳင္ပြဲျပီးခါစဆိုရင္ေတာ့ ပြဲေတြက မ်ားတယ္။ တခ်ိဳ႔ေသာပြြဲေတြကို ကုိယ္က လက္မခံျပန္ရင္လည္း ကိုယ့္ကို ဘယ္လိုထင္မလည္းဆိုေတ့ာ ဒီေကာင္က ျပိဳင္ပြဲျပီးတာကမွ သိပ္မၾကာေသးဘူး ပြဲကို ျငင္းတယ္ ေခ်တာလား အဲ့လိုေျပာမွာလည္းဆိုးတယ္ေလ။ ဒါေၾကာင့္ သူတို႔ကိုလည္း ကြ်န္ေတာ္ အလိုလိုက္ေပးရေသးတယ္။ တကယ္ေတာ့ ကြ်န္ေတာ္က ျပိဳင္ပြဲျပီးတာနဲ႔ ကြ်န္ေတာ္သီခ်င္းေတြကို ရွယ္ေရြးျပီးေတာ့ ကိုယ့္ Album ျပီးျပီဆုိမွ ကြ်န္ေတာ္ပြဲေတြ ဆိုရတာ အဆင္ေျပမယ္ ထင္ေနတာပါ”

“ကြ်န္ေတာ္ခုခ်ိန္ထိလည္း အိမ္မျပန္ရေသးပါဘူး။ ရန္ကုန္မွာၾကီးပဲ။ ရန္ကုန္ေတာင္မွ ကားေပၚမွာပဲ အိပ္ေနရတာ မ်ားပါတယ္။ ကြ်န္ေတာ္က သီခ်င္းေရးတဲ့ပိုင္းမွာအားနည္းပါတယ္။ ကြ်န္ေတာ္ကလုိခ်င္တဲ့ သီခ်င္းေလးေတြကို ကြ်န္ေတာ့္ ဆရာ ကြ်န္ေတာ္ သူငယ္ခ်င္းေတြကို ေရးခုိင္းရတာ မ်ားပါတယ္။ ကြ်န္ေတာ္က ဧရာဝတီသားဆိုေတာ့ ဧရာဝတီနဲ႔ ပတ္သက္တဲ့ သီခ်င္းေလးေတြေပါ့။ ေမတၱာတရားနဲ႔ ပတ္သက္တဲ့ သီခ်င္းေလးေတြ လုပ္ဖို႔ရွိတယ္။ ကြ်န္ေတာ့္အေနနဲ႔ အခ်စ္သီခ်င္းေတြကေတာ့ နည္းနည္းလိုေသးတယ္ဗ်ာ။ အေကာင္းဆံုး ဆိုႏိုင္ဖို႔ဆိုတာက။ ဘဝဆန္တဲ့ သီခ်င္းေတြ အက်ိဳးျပဳပံုစံေတြဆိုရင္ေတာ့ အဆင္ေျပပါတယ္” ဟု ေျပာၾကားသြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  nanmalgyi

#Unicode Version#
Myanmar Idol Winner ဆုရှင်ဖြစ်တဲ့ ဖြိုးမြတ်အောင်ကတေ့ာ ပြိုင်ပွဲကြီး ပြီးသွားသော်လည်း သူ့ရဲ့ကျော်ကြားမှုတွေက ပြိုင်ပွဲနဲ့အတူပါ မသွားပါဘူး။ လက်ရှိချိန်ထိကို ပရိသတ် အားပေးမှု အများအပြား ရရှိထားတဲ့ အနုပညာရှင်တယောက် ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ကတော့ လက်ရှိမှာလည်း သူ့ရဲ့ အနုပညာလမ်းကြောင်းကို ဆက်လက်လုပ်ကိုင်နေပြီး သူငယ်ဘဝက ရူးသွပ်ခဲ့ရတဲ့ Idol တွေကတော့ IC တစ်ဖွဲ့လုံး ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဖြိုးမြတ်အောင်ကတော့ IC တစ်ဖွဲ့လုံးထဲမှာမှ Rocker ကြီးလေးဖြူနဲ့ သီချင်းတူတူ တွဲဆိုချင်ကြောင်း ပြောကြားလာခဲ့ပါတယ်။

ဖြိုးမြတ်အောင်ကတော့ MC နဲ့ အင်တာဗျူးတွင် “ကျွန်တော် Idol အဖြစ်ရဆုံးသူကတော့ ဥိးလေးဖြူပါ ပြီးတော့ IC တဖွဲ့လုံးပါပဲ။ နောက်တက်လာတဲ့အထဲမှာတော့ ကိုလင်းလင်းရှိပါတယ်။ အရင်ဆုံးကြိုက်ခဲ့တာကတော့ ၄ တန်းကျောင်းသားလောက် ကတည်းက IC ကိုကြိုက်ခဲ့ပါတယ်။ IC ကြိုက်ပြီးတော့ တခါတလေ သစ်ပင်ပေါ်တွေကို တက်ပြီးတော့ အော်တာပေါ့။ လယ်ကွင်းထဲတွေ သွားပြီးတော့ အော်တာပေါ့။ တယောက်ထဲ အော်ဟစ်နေတာ။ အဲ့ခေတ်တုန်းက ကျွန်တော်တို့ တီဗီတွေ မဝယ်နိုင်ဘူးဗျာ။ အိမ်တိုင်းမှာလည်း တီဗီတွေ မရှိကြပါဘူး။ ဗီဒီယိုရုံတွေမှာ သွားကြည့်ကြတာ။ကျွန်တော်ကျတော့ ဗီဒီယိုရုံမှာ ရုပ်ရှင်မကြည့်ဘူး။ ဗီဒီယိုဇာတ်ကားလေးတွေ မလာခင် သူတို့ သီချင်းလေးတွေ ဖွင့်ပါတယ်။ သီချင်းသွားသွားနားထောင်တာပါ”

လေးဖြူနဲ့ သီချင်းဆိုခွင့်ရမယ်ဆိုရင် “ကျွန်တော်မမှန်းရဲပါဘူး။ ဆိုတော့ ဆိုချင်တာပေါ့။ ကျွန်တော့်အနေနဲ့ မမျှော်လင့်ရဲဘူး။ အရမ်းကွာပါတယ်။ သူတို့နဲ့ ကျွန်တော်နဲ့ကတော့ အကွာကြီးပါ။ ကိုလေးဖြူနဲ့ ဆိုရမယ်ဆိုတာဟာ ကျွန်တော့်အတွက် အိမ်မက်လိုပါပဲ။ ဆိုခွင့်ရရင်တော့ ဆိုချင်တာပေါ့လေ”

လတ်တလောလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဖြုးမြတ်အောင်က “ကျွန်တော်အခုချိန်မှာ ရှိုးပွဲတွေအရမ်းဆိုနေရတော့ ခေါင်းထဲမှာ ဘာသီချင်းကို ဘယ်လိုလုပ်ရမလည်းဆိုတာကို အာရုံမရဘူးဖြစ်နေတယ်။ ဘာလုပ်လို့ လုပ်ရမလည်းမသိတော့ဘူးလေ။ လောလောဆယ် ၁၀ လပိုင်း ၁၁ လပိုင်းလောက်ကျရင်တော့ Solo Album အတွက် သီချင်းလေးတွေတော့ ရွေးမယ်လေ။ ရှေ့လျှောက်ကျွန်တော် ဘယ်လိုလုပ်ရမလည်းဆိုတာကိုတော့ တွေးထားတယ်။ လက်ရှိမှာတော့ ပြိုင်ပွဲပြီးခါစဆိုရင်တော့ ပွဲတွေက များတယ်။ တချို့သောပွဲတွေကို ကိုယ်က လက်မခံပြန်ရင်လည်း ကိုယ့်ကို ဘယ်လိုထင်မလည်းဆိုတေ့ာ ဒီကောင်က ပြိုင်ပွဲပြီးတာကမှ သိပ်မကြာသေးဘူး ပွဲကို ငြင်းတယ် ချေတာလား အဲ့လိုပြောမှာလည်းဆိုးတယ်လေ။ ဒါကြောင့် သူတို့ကိုလည်း ကျွန်တော် အလိုလိုက်ပေးရသေးတယ်။ တကယ်တော့ ကျွန်တော်က ပြိုင်ပွဲပြီးတာနဲ့ ကျွန်တော်သီချင်းတွေကို ရှယ်ရွေးပြီးတော့ ကိုယ့် Album ပြီးပြီဆိုမှ ကျွန်တော်ပွဲတွေ ဆိုရတာ အဆင်ပြေမယ် ထင်နေတာပါ”

“ကျွန်တော်ခုချိန်ထိလည်း အိမ်မပြန်ရသေးပါဘူး။ ရန်ကုန်မှာကြီးပဲ။ ရန်ကုန်တောင်မှ ကားပေါ်မှာပဲ အိပ်နေရတာ များပါတယ်။ ကျွန်တော်က သီချင်းရေးတဲ့ပိုင်းမှာအားနည်းပါတယ်။ ကျွန်တော်ကလိုချင်တဲ့ သီချင်းလေးတွေကို ကျွန်တော့် ဆရာ ကျွန်တော် သူငယ်ချင်းတွေကို ရေးခိုင်းရတာ များပါတယ်။ ကျွန်တော်က ဧရာဝတီသားဆိုတော့ ဧရာဝတီနဲ့ ပတ်သက်တဲ့ သီချင်းလေးတွေပေါ့။ မေတ္တာတရားနဲ့ ပတ်သက်တဲ့ သီချင်းလေးတွေ လုပ်ဖို့ရှိတယ်။ ကျွန်တော့်အနေနဲ့ အချစ်သီချင်းတွေကတော့ နည်းနည်းလိုသေးတယ်ဗျာ။ အကောင်းဆုံး ဆိုနိုင်ဖို့ဆိုတာက။ ဘဝဆန်တဲ့ သီချင်းတွေ အကျိုးပြုပုံစံတွေဆိုရင်တော့ အဆင်ပြေပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:  nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top