(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

စက္တင္ဘာ (၇) ရက္ေန႔က ျမစ္ၾကီးနားျမိဳ႕က ကခ်င္လူငယ္ေလးတစ္ဦးျဖစ္သူ Zung Ting Facebook အေကာင့္နဲ႔ ကေလးေလးတစ္ေယာက္သီဆုိထားတဲ့ One Day သီခ်င္းကို သူ႔ရဲ႕လူမွုကြန္ယက္ေပၚမွာတင္ထားခဲ့တာျဖစ္ပါတယ္။ ဒီသီခ်င္းရဲ႕ မူရင္းအဆိုရွင္ကေတာ့ Matisyahu ျဖစ္ပါတယ္။

အသက္ငယ္ငယ္ေလးနဲ႔ One Day သီခ်င္းကို လံုးဝ အမိုက္စားဆိုသြားတဲ့ ကေလးေလးရဲ႕ ဗီဒီယိုဟာ လူမွုကြန္ယက္ေပၚမွာ တဟုန္ထိုး နာမည္ၾကီးျပီး အကုန္လံုးက ၾသခ်ရေလာက္ေအာင္ကို ေကာင္းမြန္ေနတာေတြ႕ရပါတယ္။ အသံေနအသံထား၊ အနိမ္႔အျမင့္ကအစ လိုသလိုဆြဲယူသြားႏိုင္တာကလည္း ကေလးေလးရဲ႕ ပါရမီလို႔ပဲဆိုရမလား။ ဒီကေလးေလးရဲ႕သီခ်င္းကို Myanmar Idol ရဲ႕ Vocal Trainer တစ္ဦးျဖစ္သူ အန္တီထေရစီကပါ ခ်ီးက်ဴးခဲ့ရတာကို ေကာမန္႔မွာေတြ႕ခဲ့ရပါေသးတယ္။

ဒီလိုပါရမီရွိတဲ့ ကေလးေလးဟာ ျမန္မာႏုိင္ငံထဲက တိုင္းရင္းသားမ်ားျဖစ္မလား ဒါမွမဟုတ္ ႏုိင္ငံျခားက ကေလးေလးမ်ားျဖစ္မလားဆိုျပီး ပရိသတ္ေတြရဲ႕စိတ္ဝင္စားမွုျပင္းထန္ေနတာကိုလည္းေတြ႕ရပါတယ္။ ဒီ One Day သီခ်င္းဟာ ဖိလစ္ပိုင္နဲ႔ အင္ဒိုနီးရွားမွာ လည္းေခတ္စားခဲ့တာမို႔ အဲ့ဒီႏိုင္ငံထဲက ကေလးတစ္ေယာက္ျဖစ္ႏိုင္တယ္လို႔ မွတ္ခ်က္ေပးမွုေတြေတြ႕ရေပမယ့္ ဒီဗီဒီယိုဖုိင္ေလးကိုတင္ထားတဲ့ ေဖ့ဘုတ္အေကာင့္ပုိင္ရွင္ဟာ ျမစ္ၾကီးနားျမိဳ႕ကျဖစ္တဲ့အတြက္ ဒီကေလးေလးဟာ ကခ်င္တုိင္းရင္းသားေလးျဖစ္မယ္ဆိုျပီး မွတ္ခ်က္ေပးမွုေတြလည္းရွိေနခဲ့တာျဖစ္ပါတယ္။

ဒီကေလးေလးရဲ႕ အသံပါရမီဟာ ဘယ္ေလာက္ေတာင္ Talent ရွိသလဲဆိုရင္ ပ၇ိသတ္ေတြ ေအာက္ကဗီဒီယိုမွာၾကည့္ရွုႏုိင္သလို ဘယ္ႏိုင္ငံကလဲ ဆိုတာကိုေတာ့ အားလံုးစိတ္ဝင္တစားသိခ်င္ေနၾကတာလည္းျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: We Love Cele

#Unicode Version#
စက်တင်ဘာ (၇) ရက်နေ့က မြစ်ကြီးနားမြို့က ကချင်လူငယ်လေးတစ်ဦးဖြစ်သူ Zung Ting Facebook အကောင့်နဲ့ ကလေးလေးတစ်ယောက်သီဆိုထားတဲ့ One Day သီချင်းကို သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာတင်ထားခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းရဲ့ မူရင်းအဆိုရှင်ကတော့ Matisyahu ဖြစ်ပါတယ်။

အသက်ငယ်ငယ်လေးနဲ့ One Day သီချင်းကို လုံးဝ အမိုက်စားဆိုသွားတဲ့ ကလေးလေးရဲ့ ဗီဒီယိုဟာ လူမှုကွန်ယက်ပေါ်မှာ တဟုန်ထိုး နာမည်ကြီးပြီး အကုန်လုံးက သြချရလောက်အောင်ကို ကောင်းမွန်နေတာတွေ့ရပါတယ်။ အသံနေအသံထား၊ အနိမ့်အမြင့်ကအစ လိုသလိုဆွဲယူသွားနိုင်တာကလည်း ကလေးလေးရဲ့ ပါရမီလို့ပဲဆိုရမလား။ ဒီကလေးလေးရဲ့သီချင်းကို Myanmar Idol ရဲ့ Vocal Trainer တစ်ဦးဖြစ်သူ အန်တီထရေစီကပါ ချီးကျူးခဲ့ရတာကို ကောမန့်မှာတွေ့ခဲ့ရပါသေးတယ်။

ဒီလိုပါရမီရှိတဲ့ ကလေးလေးဟာ မြန်မာနိုင်ငံထဲက တိုင်းရင်းသားများဖြစ်မလား ဒါမှမဟုတ် နိုင်ငံခြားက ကလေးလေးများဖြစ်မလားဆိုပြီး ပရိသတ်တွေရဲ့စိတ်ဝင်စားမှုပြင်းထန်နေတာကိုလည်းတွေ့ရပါတယ်။ ဒီ One Day သီချင်းဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာ လည်းခေတ်စားခဲ့တာမို့ အဲ့ဒီနိုင်ငံထဲက ကလေးတစ်ယောက်ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးမှုတွေတွေ့ရပေမယ့် ဒီဗီဒီယိုဖိုင်လေးကိုတင်ထားတဲ့ ဖေ့ဘုတ်အကောင့်ပိုင်ရှင်ဟာ မြစ်ကြီးနားမြို့ကဖြစ်တဲ့အတွက် ဒီကလေးလေးဟာ ကချင်တိုင်းရင်းသားလေးဖြစ်မယ်ဆိုပြီး မှတ်ချက်ပေးမှုတွေလည်းရှိနေခဲ့တာဖြစ်ပါတယ်။

ဒီကလေးလေးရဲ့ အသံပါရမီဟာ ဘယ်လောက်တောင် Talent ရှိသလဲဆိုရင် ပရိသတ်တွေ အောက်ကဗီဒီယိုမှာကြည့်ရှုနိုင်သလို ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့ အားလုံးစိတ်ဝင်တစားသိချင်နေကြတာလည်းဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: We Love Cele
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top