(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

ဆင္စြယ္နက္ ေပၚထြက္ခဲ့တဲ့အခ်ိန္က လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁၀၀ ေလာက္ကပါ။ ယခု ဖားကန႔္ၿမိဳ႕နယ္ထဲက ကံဆီးေဒသမွာ ေပၚထြက္ခဲ့တာ ျဖစ္ပါတယ္။

ျမန္မာသကၠရာဇ္ ၁၂၈၅ ခုႏွစ္မွာ အလ်ား ၆ ေပ၊ အနံ ရ လက္မ ရွိတဲ့ ဆင္စြယ္နက္အစုံကို မုဆိုးေတြက ကံဆီးေစာ္ဘြားကို ဆက္သခဲ့ပါတယ္။ (ကံဆီးေစာ္ဘြား ၆ ဆက္အထိ ပေဒသရာဇ္စနစ္ျဖင့္ အုပ္ခ်ဳပ္ခဲ့ေသာ္လည္း အဂၤလိပ္လက္ထက္မွာေတာ့ ဒူဝါမ်ားအျဖစ္ ေျပာင္းလဲေခၚဆိုခဲ့ၾကပါတယ္)

ဆင္စြယ္နက္ဟာ အံ့ဩဖြယ္ရာမ်ားစြာ ရွိတဲ့အနက္ ဆင္စြယ္ႏွစ္ေခ်ာင္းကို ေလးလက္မေလာက္ခြာထားရင္ အခ်င္းခ်င္းနီးကပ္သြားၿပီး အဖ်ားခ်င္းအပ္သြားတယ္လို႔ သိရတယ္။ ဒါကလည္း တစ္ခ်က္ပါ။

ဒီလို ရွားပါးတဲ့ ဆင္စြယ္နက္မ်ိဳး အဂၤလန္မွာလည္း ရွိတယ္လို႔ သိရတယ္။ ျမန္မာသကၠရာဇ္ ၁၂၉၈ ခုႏွစ္ ေက်ာက္စိမ္းတြင္းကို စစ္ကိုင္းမင္းႀကီး လာေရာက္တဲ့အခ်ိန္မွာ ဆင္စြယ္နက္ကို ဓာတ္ပုံ႐ိုက္ကူးခဲ့ပါတယ္။ ဒါ့အျပင္ အဂၤလန္မွာ ရွိတဲ့ ဆင္စြယ္နက္ထက္ ဒီက ဆင္စြယ္နက္က ပိုၿပီး ႀကီးမားတဲ့အေၾကာင္း ေျပာဆိုသြားပါတယ္။

ေခတ္ေျပာင္းသြားတဲ့အခါ ဝန္ႀကီးခ်ဳပ္ဦးႏုက ယင္းဆင္စြယ္နက္ကို ကံဆီးဒူဝါ ဆင္ဝါးေနာင္ထံမွာ သုံးႏွစ္ငွားရမ္းခဲ့ၿပီး ရန္ကုန္မွာ အမ်ားျပည္သူ ၾကည့္ရႈဖို႔ ထားခဲ့ပါတယ္။ ျမန္မာသကၠရာဇ္ ၁၃၁၇ မွာေတာ့ ဆင္ဝါးေနာင္က ျပန္လည္ သိမ္းယူခဲ့ပါတယ္။

ယခုအခ်ိန္မွာေတာ့ အဆိုပါ ဆင္စြယ္နက္ဟာ အစအန ေပ်ာက္ေနပါၿပီ။ ေဒသခံတစ္ခ်ိဳ႕ကလည္း ဆင္စြယ္ဟာ KIA/KIO ရဲ႕လက္ထဲမွာ ရွိေနဦးမယ္လို႔ ယုံၾကည္ေနပါတယ္။ မည္သူ႔လက္ထဲမွာပဲ ေရာက္ရွိေနေစဦးေတာ့၊ ဒီလိုအဖိုးတန္ရတနာကို တိုင္းတစ္ပါးလက္ထဲေတာ့ မေရာက္ေစခ်င္တာ ႏိုင္ငံသားတစ္ဦးရဲ႕ ဆႏၵပါ။

သို႔ေသာ္ ယခုအခ်ိန္မွာေတာ့ ဖားကန႔္မွာ ေပၚထြက္ခဲ့တဲ့ ဆင္စြယ္နက္အေၾကာင္းဟာ ပုံျပင္တစ္ပုဒ္လို ျဖစ္သြားခဲ့ၿပီ။

ဒီလိုပါပဲ၊ တစ္ခ်ိန္က်ရင္ ကမာၻမွာ ရွားပါးအဖိုးတန္တဲ့ ေက်ာက္စိမ္းရတနာေတြ ဖားကန႔္မွာ ေပၚထြက္ခဲ့တယ္ဆိုတဲ့ အေၾကာင္းဟာ ေနာင္တစ္ခ်ိန္မွာ တသသ ေျပာေနၾကမယ့္ ပုံျပင္ တစ္ပုဒ္ျဖစ္သြားမွာကို စိုးမိပါေတာ့တယ္။

( ဆင္စြယ္နက္ အေၾကာင္း သိထားတာ ရွိရင္လည္း မိတ္ေဆြသိသေလာက္ ကြန္မန႔္မွာ ျပန္လည္ေဝမွ်ခဲ့ပါဦး ) 🙂



ဖိုးသူေတာ္ (www.phothutaw.com)
Credit –  Thutazone
# Unicode Version ျဖင့္ ဖတ္ပါ #ဆင်စွယ်နက် ပေါ်ထွက်ခဲ့တဲ့အချိန်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်ကပါ။ ယခု ဖားကန့်မြို့နယ်ထဲက ကံဆီးဒေသမှာ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာသက္ကရာဇ် ၁၂၈၅ ခုနှစ်မှာ အလျား ၆ ပေ၊ အနံ ရ လက်မ ရှိတဲ့ ဆင်စွယ်နက်အစုံကို မုဆိုးတွေက ကံဆီးစော်ဘွားကို ဆက်သခဲ့ပါတယ်။ (ကံဆီးစော်ဘွား ၆ ဆက်အထိ ပဒေသရာဇ်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော်လည်း အင်္ဂလိပ်လက်ထက်မှာတော့ ဒူဝါများအဖြစ် ပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်)

ဆင်စွယ်နက်ဟာ အံ့ဩဖွယ်ရာများစွာ ရှိတဲ့အနက် ဆင်စွယ်နှစ်ချောင်းကို လေးလက်မလောက်ခွာထားရင် အချင်းချင်းနီးကပ်သွားပြီး အဖျားချင်းအပ်သွားတယ်လို့ သိရတယ်။ ဒါကလည်း တစ်ချက်ပါ။

ဒီလို ရှားပါးတဲ့ ဆင်စွယ်နက်မျိုး အင်္ဂလန်မှာလည်း ရှိတယ်လို့ သိရတယ်။ မြန်မာသက္ကရာဇ် ၁၂၉၈ ခုနှစ် ကျောက်စိမ်းတွင်းကို စစ်ကိုင်းမင်းကြီး လာရောက်တဲ့အချိန်မှာ ဆင်စွယ်နက်ကို ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။ ဒါ့အပြင် အင်္ဂလန်မှာ ရှိတဲ့ ဆင်စွယ်နက်ထက် ဒီက ဆင်စွယ်နက်က ပိုပြီး ကြီးမားတဲ့အကြောင်း ပြောဆိုသွားပါတယ်။

ခေတ်ပြောင်းသွားတဲ့အခါ ဝန်ကြီးချုပ်ဦးနုက ယင်းဆင်စွယ်နက်ကို ကံဆီးဒူဝါ ဆင်ဝါးနောင်ထံမှာ သုံးနှစ်ငှားရမ်းခဲ့ပြီး ရန်ကုန်မှာ အများပြည်သူ ကြည့်ရှုဖို့ ထားခဲ့ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၁၇ မှာတော့ ဆင်ဝါးနောင်က ပြန်လည် သိမ်းယူခဲ့ပါတယ်။

ယခုအချိန်မှာတော့ အဆိုပါ ဆင်စွယ်နက်ဟာ အစအန ပျောက်နေပါပြီ။ ဒေသခံတစ်ချို့ကလည်း ဆင်စွယ်ဟာ KIA/KIO ရဲ့လက်ထဲမှာ ရှိနေဦးမယ်လို့ ယုံကြည်နေပါတယ်။ မည်သူ့လက်ထဲမှာပဲ ရောက်ရှိနေစေဦးတော့၊ ဒီလိုအဖိုးတန်ရတနာကို တိုင်းတစ်ပါးလက်ထဲတော့ မရောက်စေချင်တာ နိုင်ငံသားတစ်ဦးရဲ့ ဆန္ဒပါ။

သို့သော် ယခုအချိန်မှာတော့ ဖားကန့်မှာ ပေါ်ထွက်ခဲ့တဲ့ ဆင်စွယ်နက်အကြောင်းဟာ ပုံပြင်တစ်ပုဒ်လို ဖြစ်သွားခဲ့ပြီ။

ဒီလိုပါပဲ၊ တစ်ချိန်ကျရင် ကမ္ဘာမှာ ရှားပါးအဖိုးတန်တဲ့ ကျောက်စိမ်းရတနာတွေ ဖားကန့်မှာ ပေါ်ထွက်ခဲ့တယ်ဆိုတဲ့ အကြောင်းဟာ နောင်တစ်ချိန်မှာ တသသ ပြောနေကြမယ့် ပုံပြင် တစ်ပုဒ်ဖြစ်သွားမှာကို စိုးမိပါတော့တယ်။

( ဆင်စွယ်နက် အကြောင်း သိထားတာ ရှိရင်လည်း မိတ်ဆွေသိသလောက် ကွန်မန့်မှာ ပြန်လည်ဝေမျှခဲ့ပါဦး ) 🙂


ဖိုးသူတော် (www.phothutaw.com)
Credit –  Thutazone





 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top