×

ဒီေကာင့္ နာမည္က "ေဇာ္ၾကီး"… မူၾကိဳစတက္ကတည္းက တြဲလာတာ ဆယ္တန္းထိကို အတူတူပဲ..။သူငယ္ခ်င္းေတြ တစ္ေယာက္နဲ႕ ခ်စ္လိုက္ၾကတာလည္း အရမ္းပဲ .. သူ႕အိမ္ ကိုယ္အိပ္.. ကိုယ့္အိမ္ သူအိပ္.. ေနၾကတာ..။ အ၀တ္အစားေတြ အသံုးအေဆာင္ေတြကအစ.. သူ႕ဟာ ကိုယ့္ဟာ မခြဲဘဲ ေပါင္း၀တ္ၾကတာေပါ့ ဗ်ာ..။ ဒီေကာင္နဲ႕ ကၽြန္ေတာ္နဲ႕က ၀ါသနာလည္း အေတာ္တူတယ္ဗ်..။ ကၽြန္ေတာ္တို႕ ေဘာလံုး အတူကန္ တယ္..။ ေဘာလံုးဂိမ္း အတူေဆာ့တယ္..။ ေဘာလံုးပြဲ အတူၾကည့္တယ္..။ ၾကိဳက္တဲ့ အသင္းကလည္း အတူတူပဲ..။ မန္ယူမွ မန္ယူေတြ….။ အက်င့္တူတဲ့ သူႏွစ္ေယာက္ အခ်စ္ဆံုးသူငယ္ခ်င္းေတြ ျဖစ္ေနၾကတာ သိပ္ဆန္းတဲ့ကိစၥေတာ့ မဟုတ္ဘူးေပါ့ဗ်ာ..။

ရပ္ကြက္ထဲမွာ ေဘာလံုးအသင္းရွိတယ္ဗ်..။ တစ္ႏွစ္တစ္ခါ ျမိဳ႕နယ္အေနနဲ႕ ရပ္ကြက္ပြဲေတြ လုပ္ေပးတယ္..။ ဒီေကာင္ရယ္ ကၽြန္ေတာ္ရယ္က ရပ္ကြက္ အသင္းမွာ ႏွစ္တိုင္းမပါမျဖစ္။ ဒီေကာင္ ေဆာ့တာက အေရွ႕။ ကၽြန္ေတာ္က အလယ္..။ ျမိဳ႕ကလူေတြေတာ္ေတာ္မ်ားမ်ား ကၽြန္ေတာ္တို႕အသင္းဆိုရင္ ကၽြန္ေတာ္တို႕ ႏွစ္ေယာက္ကို တြဲျမင္ၾကတယ္..။ သူနဲ႕ကၽြန္ေတာ္နဲ႕က အျမဲတမ္း တစ္သင္းထဲမွာပဲကစားတယ္..။ ခ်ိန္းပြဲေတြမွာေတာင္ ခြဲမကန္ဖူးဘူး..။ သူမရွိရင္ ကၽြန္ေတာ္ မေဆာ့တတ္ေတာ့သလို… ကၽြန္ေတာ္မရွိရင္ သူလည္း ကြင္းထဲမွာ ငေပါၾကီးကို ျဖစ္သြားေရာ..။ အဲ့ဒီေလာက္တြဲလာၾကတဲ့ ကၽြန္ေတာ္တို႕ သူငယ္ခ်င္း ႏွစ္ေယာက္။


တစ္ရက္… ဒီေကာင္က ကၽြန္ေတာ့္ကို ေတာင္ေနာက္ေခ်ာင္းေရသြားကူးဖို႕ လာေခၚတယ္ဗ်..။ ကၽြန္ေတာ္လည္း အဲ့ဒီေန႕က ေနမေကာင္းတာနဲ႕ မလိုက္ေတာ့ဘူးဆိုေတာ့ ဒီေကာင္လည္း ကၽြန္ေတာ့္ကို အတင္းမေခၚေတာ့ပဲ ထြက္သြားတယ္..။
ေနာက္တစ္ရက္… ေဇာ္ၾကီး ဆံုးသြားျပီတဲ့..။ ကိုယ့္နားကိုယ္ေတာင္ မယံုဘူး..။ ေတာင္ေနာက္ေခ်ာင္းမွာ ေရနစ္ၿပီး ဆံုးတာတဲ့..။ အေလာင္းက ေဆးရံုက ေရခဲတိုက္မွာ ေရာက္ေနျပီ..။ မေန႕က သူ႕အိမ္နဲ႕ စကားမ်ား ၿပီး စိတ္ညစ္ညစ္နဲ႕ အိမ္ကထြက္သြားတယ္တဲ့..။ ျပီးေတာ့ ကၽြန္ေတာ့္ကို ၀င္ေခၚတာ..။ ကၽြန္ေတာ္လည္း မလိုက္ေတာ့ ဘီယာေသာက္ၿပီး ဆိုင္ကယ္နဲ႕ တစ္ေယာက္တည္း ေတာင္ေနာက္ေခ်ာင္းမွာ ေရသြားကူးတာ မူးမူးနဲ႕ဆိုေတာ့ ေရနစ္ျပီး ဆံုးသြားတယ္လို႕ သူ႕အိမ္က ျပန္ေျပာျပတယ္..။


ကၽြန္ေတာ္ ဒီေကာင့္ အေလာင္းကို ရင္ခြဲရံုမွာ သြားၾကည့္ေတာ့ ပိတ္ျဖဴအုပ္ထားတဲ့ အေလာင္းကို ျမင္ရတယ္..။ ကၽြန္ေတာ့္အခ်စ္ဆံုး သူငယ္ခ်င္းပါ..။ ရုပ္ေလး ၾကည့္ပါရေစလို႕ အေစာင့္ကို ခြင့္ေတာင္းေတာ့…. အေစာင့္က ကၽြန္ေတာ့္ကို ပိတ္ျဖဴေလး လွန္ျပတယ္…။ အရင္က ႏွစ္လိုဖြယ္ေကာင္းတဲ့ ေဇာ္ၾကီး မ်က္ႏွာက ေရေတြနဲ႕ေဖာင္းပြေနၿပီး ေပါက္ထြက္ေတာ့မယ္ ေရအိတ္ၾကီးလိုျဖစ္ေနတယ္…။ မ်က္လံုးနဲ႕ ႏွာေခါင္း ပါးစပ္ထဲမွာ သဲေတြ ျပည့္ေနတာကို ေတြ႕လိုက္ရတယ္..။ ပိတ္ျဖဴေအာက္က ထိုးထြက္ေနတဲ့ ဗိုက္ပူပူကို ျမင္ရတာ လည္း သူ႕ဗိုက္ထဲ ေရေတြ ဘယ္ေလာက္ေတာင္ ၀င္ထားသလဲဆိုတာ သိတာတယ္..။ ကၽြန္ေတာ္ ဆက္ၾကည့္ ႏိုင္စြမ္း မရွိတာနဲ႕ မ်က္ႏွာလြဲၿပီး ထြက္ခဲ့လိုက္ေတာ့တယ္..။


မွတ္မွတ္ရရ အဲ့ဒီအခ်ိန္က ေဘာလံုးပြဲကန္ေနတဲ့အခ်ိန္ၾကီး တစ္ပြဲကန္ၿပီး ေနာက္တစ္ပြဲကန္ဖို႕ ေစာင့္ေနရတဲ့ အခ်ိန္..။ ကၽြန္ေတာ္ ေဇာ္ၾကီးရဲ႕ အသုဘကို တတ္ႏိုင္သမွ် ကူညီေပးခဲ့တယ္..။ အခ်ိန္ျပည့္ သူတို႕အိမ္မွာပဲ ေနေပျပီး ေ၀ယ်ာ၀စၥေတြကို ကူညီလုပ္ကိုင္ေပးခဲ့တယ္..။ အရာအားလံုး အဆင္ေျပေျပ ေခ်ာေခ်ာေမြ႕ေမြ႕ ပါပဲ..။ အဲ… ထံုးစံ အတိုင္း ေနာက္ဆံုး ရက္လည္ ေန႕မွာ ဇာတ္လမ္းက စတာပါပဲ..။ အဲ့ဒီေန႕က ေသဆံုးသူက ေဆြမ်ိဳး အေပါင္းအပါေတြကို ေနာက္ဆံုး ႏႈတ္ဆက္ခြင့္ရတဲ့ ေန႕တစ္ေန႕ေလ..။


မနက္ ပိုင္း တရားနာ၊ ဆြမ္းကပ္ၿပီး တရားနာလာတဲ့သူေတြကို ဒံေပါက္ေကၽြးဖို႕ ကူညီေနရတာနဲ႕ မနက္တစ္ပိုင္းလံုး ဘယ္လို ကုန္လို႕ ကုန္သြားမွန္းမသိလိုက္ဘူး..။ ေန႕လည္ ႏွစ္နာရီေလာက္ၾကေတာ့ ကၽြန္ေတာ္တို႕ နယ္ေျမမွဴးက ကၽြန္ေတာ့္ကို မနက္ျဖန္ ေဘာလံုးပြဲရွိတယ္ဆိုတယ္ ျပင္ဆင္ထားဖို႕ လာေျပာတယ္..။ ကၽြန္ေတာ္ ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္သြားတယ္..။ ပထမဆံုး ေဇာ္ၾကီး မပါတဲ့ေဘာလံုးပြဲကို ကၽြန္ေတာ္ ကန္ရေတာ့မယ္ေပါ့..။


ညအိပ္ယာ ေစာေစာ၀င္ခဲ့တယ္..။ ဒါမွ မနက္ျဖန္ ေဘာလံုးကန္ဖို႕အားျပည့္ေနမွာေလ..။ ေဇာ္ၾကီးကို သတိရေန မိတယ္..။ အရင္အခ်ိန္ေတြဆို မနက္ျဖန္လို ေဘာလံုးကန္မယ္ဆို ဒီလိုညမွာ ဒီေကာင္က အိမ္မွာလာအိပ္ေနက်။ မင္းဘယ္လိုကန္ ငါဘယ္လိုကန္ဆိုၿပီး ေလပစ္ေနတာနဲ႕ ညကို ကုန္ဆံုးေစခဲ့တာ..။ အခု ေတာ့ ကၽြန္ေတာ္ တစ္ေယာက္တည္း..။ စိတ္က ဒီေကာင့္ဆီကို ေရာက္ေနတာနဲ႕ ေတာ္ေတာ္နဲ႕ အိပ္မေပ်ာ္…..။ နာရီကို ၾကည့္လိုက္ေတာ့ ည ၁၁း၀၀ နာရီ။ ၾကိဳးစားျပီး အိပ္မွပါေလ ဆိုၿပီး စိတ္တင္းၿပီး အိပ္ဖို႕ ညာဘက္ကို ေစာင္း အိပ္လိုက္တယ္။


ကၽြန္ေတာ္ အိပ္ယာ၀င္ရင္ ညာဘက္ကိုေစာင္းၿပီး အိပ္ေလ့ရွိတယ္..။ အဲ့ဒါက အက်င့္ျဖစ္ေနျပီး အဲ့ဒီလိုမွ မအိပ္ရင္ မအိပ္ေပ်ာ္ေတာ့ဘူး..။ အိပ္မေပ်ာ္ တေပ်ာ္ ျဖစ္ေနတဲ့အခ်ိန္မွာ အိပ္ေနတဲ့ ကၽြန္ေတာ့္ေက်ာဘက္ကေန အသက္ရႈသံ တစ္သံ ၾကားေနရတယ္..။ ကၽြန္ေတာ္ ကိုယ့္အသက္ရႈသံ ကိုယ္ျပန္ၾကားတာမ်ားလားဆိုၿပီး အသက္ခဏေအာင့္ၿပီး နားေထာင္ လိုက္တယ္..။ ေနာက္က အသက္ရႈသံက မရပ္သြားဘူး..။ ေသျပီ..။ ေဇာ္ၾကီး ကၽြန္ေတာ့္ အိပ္ယာမွာ လာအိပ္ေနျပီ.။ ကၽြန္ေတာ္ ဘာလုပ္လို႕ လုပ္ရမွန္းမသိဘူး..။ ကၽြန္ေတာ္ မ်က္လံုး့ မဖြင့္ပဲ အသက္ကို ေအာင့္ထားရာ ကေန ျဖည္းျဖည္းခ်င္း ရႈလိုက္တယ္..။
လူတစ္ကိုယ္လံုး ေၾကာက္စိတ္ေၾကာင့္ ျဖစ္ေပၚလာတဲ့ ေခၽြးေတြေၾကာင့္ စိုရႊဲေနျပီ..။ ေနာက္ဆံုး ျဖစ္ခ်င္ရာျဖစ္ ေယာက္်ားပဲ ဆိုၿပီး ဆတ္ကနဲ ေနာက္ကိုလွည့္ၾကည့္လိုက္တယ္..။ ကၽြန္ေတာ္နဲ႕ ႏွာေခါင္းခ်င္း ကပ္လ်က္အေနအထားမွာပဲ ေရခဲတိုက္မွာ ေတြ႕ခဲ့ရတဲ့ ေဇာ္ၾကီးမ်က္ႏွာၾကီး နီးကပ္စြာျမင္လိုက္ရတယ္..။ 


ဒီေကာင့္မ်က္ႏွာၾကီးက ျပံဳးေနသလိုပဲ…။ ၿပီးေတာ့ ဒီေကာင္က ကၽြန္ေတာ္ ေဘးနားမွာ ကပ္ၿပီး ကၽြန္ေတာ္နဲ႕ အိပ္ေနတာ…။ ကၽြန္ေတာ္ လိပ္ျပာ လြင့္မတတ္ပါပဲ..။ ရွိသမွ် အသံနဲ႕ အသားကုန္ ၾကံဳးေအာ္လိုက္တယ္..။
"သားၾကီး.. ဘာျဖစ္တာလဲ… တံခါးဖြင့္စမ္း.."
အိမ္က လူေတြက အျပင္ကေန တံခါးထုေနသံၾကားေတာ့ ကၽြန္ေတာ္ အားရွိသြားတယ္..။ ကုတင္ေပၚက ကုန္းရံုးထၿပီး တံခါးေျပးဖြင့္ဖို႕ ျပင္လိုက္တယ္..။ တံခါးဖြင့္ဖို႕ လုပ္တုန္းမွာပဲ အေမွာင္ထဲမွာ ကုတင္ေပၚကေန ေဇာ္ၾကီး ကုန္းထ ေနတာျမင္လိုက္ရတယ္..။ ကၽြန္ေတာ္ တံခါးလက္ကိုင္ဘုၾကီး ကိုင္ျပီး ေငးၾကည့္ေနမိတယ္..။ ျပီးေတာ့ ေဇာ္ၾကီးက ကၽြန္ေတာ့္ဗီဒိုကုိ လက္ညိႈးထိုးျပီး ရပ္ေနတယ္..။ ကၽြန္ေတာ္ သူဘာကို ဆိုလိုမွန္း နားလည္ လိုက္ၿပီ..။ ကၽြန္ေတာ္ သူၾကားႏိုင္ေလာက္တဲ့ အသံတိုးတိုးေလးနဲ႕ ေျပာလိုက္တယ္..


"ေအးပါ ေဇာ္ၾကီးရာ…၊ မင္းဖိနပ္နဲ႕ ၀တ္စံုကို ငါမင္းဆီကို ပို႕ေပးပါ့မယ္…"
ကၽြန္ေတာ္ အဲ့လိုေျပာလိုက္ေတာ့ ဒီေကာင္ ကၽြန္ေတာ့္ဆီ တစ္လွမ္းခ်င္း လွမ္းလာတယ္…။ ကၽြန္ေတာ္ တံခါးဖြင့္ၿပီး အျပင္ထြက္လိုက္ရမလား ဒီအတိုင္းေနရမလား စဥ္းစားေနတုန္း ဒီေကာင္ ကၽြန္ေတာ့္ေရွ႕ကို ေရာက္လာတယ္…။ ေသခ်ာတာကေတာ့ ဒီေကာင္ ကၽြန္ေတာ့္ကို ဒုကၡမေပးပါဘူး။ ကၽြန္ေတာ့္ကို ေသခ်ာၾကည့္ၿပီး ကၽြန္ေတာ့္ေရွ႕ကေန ေဆးလိပ္မီးခိုးေငြ႕ပံုစံ ေပ်ာက္ကြယ္သြား တယ္..။ ကၽြန္ေတာ့္ကို ႏႈတ္ဆက္သြားတဲ့ ပံုစံပါပဲ…။ ကၽြန္ေတာ္ ဒီျဖစ္ရပ္ေတြကို အေမွာင္ထဲမွာ ၾကည့္ေနရတာ ရုပ္ရွင္တကား ၾကည့္ေနရသလိုပါပဲ..။ ကၽြန္ေတာ္ နဖူးေပၚ က်ေနတဲ့ ေခၽြးေတြကို သုတ္လိုက္ၿပီး အခန္းတံခါးလက္ကိုင္ဘုကို လွည့္လိုက္တယ္..
"ဘာျဖစ္တာလဲ သား… တစ္ကိုယ္လံုးလည္း ေခၽြးေတြနဲ႕…"
"ဘာမွ မျဖစ္ပါဘူး… သားအိပ္မက္ဆိုးေတြ မက္ေနတာပါ…"
အဲ့ဒီည ေရတစ္ခြက္ေသာက္ၿပီး ကၽြန္ေတာ္ ေအးေအးေဆးေဆးပဲ ဆက္အိပ္ခဲ့ပါတယ္..။


 ဘာအေႏွာင့္အယွက္မွ မရွိပါဘူး..။ ေနာက္ေန႕ မနက္ လင္းလင္းခ်င္း သူ႕ေဘာလံုး၀တ္စံုနဲ႕ ဖိနပ္ကို သူ႕ရဲ႕ အုတ္ဂူနားမွာ သြားၿပီး ျမွပ္ေပးခဲ့ပါတယ္..။ ဒီေကာင္ ေက်နပ္မွာပါ..။ အဲ့ဒီေန႕ ညေနမွာပဲ ကၽြန္ေတာ့္ရဲ႕ အခ်စ္ဆံုး သူငယ္ခ်င္းမရွိတဲ့ ပထမဆံုး ေဘာလံုးပြဲကို ကစားခဲ့ေပမယ့္ ကြင္းထဲမွာ ေျပးလႊားေနတဲ့ ေဇာ္ၾကီးရဲ႕ အရိပ္အေယာင္ေတြကို ေတြ႕ေနရတယ္လို႕ ကၽြန္ေတာ္ ထင္ေယာင္မိပါတယ္…

ဖိုးသူေတာ္(Phothutaw.com)
Credit:Newmyanmarpyi
#Unicode Version#
 ဒီကောင့် နာမည်က "ဇော်ကြီး"… မူကြိုစတက်ကတည်းက တွဲလာတာ ဆယ်တန်းထိကို အတူတူပဲ..။သူငယ်ချင်းတွေ တစ်ယောက်နဲ့ ချစ်လိုက်ကြတာလည်း အရမ်းပဲ .. သူ့အိမ် ကိုယ်အိပ်.. ကိုယ့်အိမ် သူအိပ်.. နေကြတာ..။ အဝတ်အစားတွေ အသုံးအဆောင်တွေကအစ.. သူ့ဟာ ကိုယ့်ဟာ မခွဲဘဲ ပေါင်းဝတ်ကြတာပေါ့ ဗျာ..။ ဒီကောင်နဲ့ ကျွန်တော်နဲ့က ဝါသနာလည်း အတော်တူတယ်ဗျ..။ ကျွန်တော်တို့ ဘောလုံး အတူကန် တယ်..။ ဘောလုံးဂိမ်း အတူဆော့တယ်..။ ဘောလုံးပွဲ အတူကြည့်တယ်..။ ကြိုက်တဲ့ အသင်းကလည်း အတူတူပဲ..။ မန်ယူမှ မန်ယူတွေ….။ အကျင့်တူတဲ့ သူနှစ်ယောက် အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေကြတာ သိပ်ဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူးပေါ့ဗျာ..။

ရပ်ကွက်ထဲမှာ ဘောလုံးအသင်းရှိတယ်ဗျ..။ တစ်နှစ်တစ်ခါ မြို့နယ်အနေနဲ့ ရပ်ကွက်ပွဲတွေ လုပ်ပေးတယ်..။ ဒီကောင်ရယ် ကျွန်တော်ရယ်က ရပ်ကွက် အသင်းမှာ နှစ်တိုင်းမပါမဖြစ်။ ဒီကောင် ဆော့တာက အရှေ့။ ကျွန်တော်က အလယ်..။ မြို့ကလူတွေတော်တော်များများ ကျွန်တော်တို့အသင်းဆိုရင် ကျွန်တော်တို့ နှစ်ယောက်ကို တွဲမြင်ကြတယ်..။ သူနဲ့ကျွန်တော်နဲ့က အမြဲတမ်း တစ်သင်းထဲမှာပဲကစားတယ်..။ ချိန်းပွဲတွေမှာတောင် ခွဲမကန်ဖူးဘူး..။ သူမရှိရင် ကျွန်တော် မဆော့တတ်တော့သလို… ကျွန်တော်မရှိရင် သူလည်း ကွင်းထဲမှာ ငပေါကြီးကို ဖြစ်သွားရော..။ အဲ့ဒီလောက်တွဲလာကြတဲ့ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်။

တစ်ရက်… ဒီကောင်က ကျွန်တော့်ကို တောင်နောက်ချောင်းရေသွားကူးဖို့ လာခေါ်တယ်ဗျ..။ ကျွန်တော်လည်း အဲ့ဒီနေ့က နေမကောင်းတာနဲ့ မလိုက်တော့ဘူးဆိုတော့ ဒီကောင်လည်း ကျွန်တော့်ကို အတင်းမခေါ်တော့ပဲ ထွက်သွားတယ်..။
နောက်တစ်ရက်… ဇော်ကြီး ဆုံးသွားပြီတဲ့..။ ကိုယ့်နားကိုယ်တောင် မယုံဘူး..။ တောင်နောက်ချောင်းမှာ ရေနစ်ပြီး ဆုံးတာတဲ့..။ အလောင်းက ဆေးရုံက ရေခဲတိုက်မှာ ရောက်နေပြီ..။ မနေ့က သူ့အိမ်နဲ့ စကားများ ပြီး စိတ်ညစ်ညစ်နဲ့ အိမ်ကထွက်သွားတယ်တဲ့..။ ပြီးတော့ ကျွန်တော့်ကို ဝင်ခေါ်တာ..။ ကျွန်တော်လည်း မလိုက်တော့ ဘီယာသောက်ပြီး ဆိုင်ကယ်နဲ့ တစ်ယောက်တည်း တောင်နောက်ချောင်းမှာ ရေသွားကူးတာ မူးမူးနဲ့ဆိုတော့ ရေနစ်ပြီး ဆုံးသွားတယ်လို့ သူ့အိမ်က ပြန်ပြောပြတယ်..။

ကျွန်တော် ဒီကောင့် အလောင်းကို ရင်ခွဲရုံမှာ သွားကြည့်တော့ ပိတ်ဖြူအုပ်ထားတဲ့ အလောင်းကို မြင်ရတယ်..။ ကျွန်တော့်အချစ်ဆုံး သူငယ်ချင်းပါ..။ ရုပ်လေး ကြည့်ပါရစေလို့ အစောင့်ကို ခွင့်တောင်းတော့…. အစောင့်က ကျွန်တော့်ကို ပိတ်ဖြူလေး လှန်ပြတယ်…။ အရင်က နှစ်လိုဖွယ်ကောင်းတဲ့ ဇော်ကြီး မျက်နှာက ရေတွေနဲ့ဖောင်းပွနေပြီး ပေါက်ထွက်တော့မယ် ရေအိတ်ကြီးလိုဖြစ်နေတယ်…။ မျက်လုံးနဲ့ နှာခေါင်း ပါးစပ်ထဲမှာ သဲတွေ ပြည့်နေတာကို တွေ့လိုက်ရတယ်..။ ပိတ်ဖြူအောက်က ထိုးထွက်နေတဲ့ ဗိုက်ပူပူကို မြင်ရတာ လည်း သူ့ဗိုက်ထဲ ရေတွေ ဘယ်လောက်တောင် ဝင်ထားသလဲဆိုတာ သိတာတယ်..။ ကျွန်တော် ဆက်ကြည့် နိုင်စွမ်း မရှိတာနဲ့ မျက်နှာလွဲပြီး ထွက်ခဲ့လိုက်တော့တယ်..။

မှတ်မှတ်ရရ အဲ့ဒီအချိန်က ဘောလုံးပွဲကန်နေတဲ့အချိန်ကြီး တစ်ပွဲကန်ပြီး နောက်တစ်ပွဲကန်ဖို့ စောင့်နေရတဲ့ အချိန်..။ ကျွန်တော် ဇော်ကြီးရဲ့ အသုဘကို တတ်နိုင်သမျှ ကူညီပေးခဲ့တယ်..။ အချိန်ပြည့် သူတို့အိမ်မှာပဲ နေပေပြီး ဝေယျာဝစ္စတွေကို ကူညီလုပ်ကိုင်ပေးခဲ့တယ်..။ အရာအားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ ပါပဲ..။ အဲ… ထုံးစံ အတိုင်း နောက်ဆုံး ရက်လည် နေ့မှာ ဇာတ်လမ်းက စတာပါပဲ..။ အဲ့ဒီနေ့က သေဆုံးသူက ဆွေမျိုး အပေါင်းအပါတွေကို နောက်ဆုံး နှုတ်ဆက်ခွင့်ရတဲ့ နေ့တစ်နေ့လေ..။

မနက် ပိုင်း တရားနာ၊ ဆွမ်းကပ်ပြီး တရားနာလာတဲ့သူတွေကို ဒံပေါက်ကျွေးဖို့ ကူညီနေရတာနဲ့ မနက်တစ်ပိုင်းလုံး ဘယ်လို ကုန်လို့ ကုန်သွားမှန်းမသိလိုက်ဘူး..။ နေ့လည် နှစ်နာရီလောက်ကြတော့ ကျွန်တော်တို့ နယ်မြေမှူးက ကျွန်တော့်ကို မနက်ဖြန် ဘောလုံးပွဲရှိတယ်ဆိုတယ် ပြင်ဆင်ထားဖို့ လာပြောတယ်..။ ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်..။ ပထမဆုံး ဇော်ကြီး မပါတဲ့ဘောလုံးပွဲကို ကျွန်တော် ကန်ရတော့မယ်ပေါ့..။

ညအိပ်ယာ စောစောဝင်ခဲ့တယ်..။ ဒါမှ မနက်ဖြန် ဘောလုံးကန်ဖို့အားပြည့်နေမှာလေ..။ ဇော်ကြီးကို သတိရနေ မိတယ်..။ အရင်အချိန်တွေဆို မနက်ဖြန်လို ဘောလုံးကန်မယ်ဆို ဒီလိုညမှာ ဒီကောင်က အိမ်မှာလာအိပ်နေကျ။ မင်းဘယ်လိုကန် ငါဘယ်လိုကန်ဆိုပြီး လေပစ်နေတာနဲ့ ညကို ကုန်ဆုံးစေခဲ့တာ..။ အခု တော့ ကျွန်တော် တစ်ယောက်တည်း..။ စိတ်က ဒီကောင့်ဆီကို ရောက်နေတာနဲ့ တော်တော်နဲ့ အိပ်မပျော်…..။ နာရီကို ကြည့်လိုက်တော့ ည ၁၁း၀၀ နာရီ။ ကြိုးစားပြီး အိပ်မှပါလေ ဆိုပြီး စိတ်တင်းပြီး အိပ်ဖို့ ညာဘက်ကို စောင်း အိပ်လိုက်တယ်။

ကျွန်တော် အိပ်ယာဝင်ရင် ညာဘက်ကိုစောင်းပြီး အိပ်လေ့ရှိတယ်..။ အဲ့ဒါက အကျင့်ဖြစ်နေပြီး အဲ့ဒီလိုမှ မအိပ်ရင် မအိပ်ပျော်တော့ဘူး..။ အိပ်မပျော် တပျော် ဖြစ်နေတဲ့အချိန်မှာ အိပ်နေတဲ့ ကျွန်တော့်ကျောဘက်ကနေ အသက်ရှုသံ တစ်သံ ကြားနေရတယ်..။ ကျွန်တော် ကိုယ့်အသက်ရှုသံ ကိုယ်ပြန်ကြားတာများလားဆိုပြီး အသက်ခဏအောင့်ပြီး နားထောင် လိုက်တယ်..။ နောက်က အသက်ရှုသံက မရပ်သွားဘူး..။ သေပြီ..။ ဇော်ကြီး ကျွန်တော့် အိပ်ယာမှာ လာအိပ်နေပြီ.။ ကျွန်တော် ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး..။ ကျွန်တော် မျက်လုံး့ မဖွင့်ပဲ အသက်ကို အောင့်ထားရာ ကနေ ဖြည်းဖြည်းချင်း ရှုလိုက်တယ်..။
လူတစ်ကိုယ်လုံး ကြောက်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ချွေးတွေကြောင့် စိုရွှဲနေပြီ..။ နောက်ဆုံး ဖြစ်ချင်ရာဖြစ် ယောက်ျားပဲ ဆိုပြီး ဆတ်ကနဲ နောက်ကိုလှည့်ကြည့်လိုက်တယ်..။ ကျွန်တော်နဲ့ နှာခေါင်းချင်း ကပ်လျက်အနေအထားမှာပဲ ရေခဲတိုက်မှာ တွေ့ခဲ့ရတဲ့ ဇော်ကြီးမျက်နှာကြီး နီးကပ်စွာမြင်လိုက်ရတယ်..။

ဒီကောင့်မျက်နှာကြီးက ပြုံးနေသလိုပဲ…။ ပြီးတော့ ဒီကောင်က ကျွန်တော် ဘေးနားမှာ ကပ်ပြီး ကျွန်တော်နဲ့ အိပ်နေတာ…။ ကျွန်တော် လိပ်ပြာ လွင့်မတတ်ပါပဲ..။ ရှိသမျှ အသံနဲ့ အသားကုန် ကြုံးအော်လိုက်တယ်..။
"သားကြီး.. ဘာဖြစ်တာလဲ… တံခါးဖွင့်စမ်း.."
အိမ်က လူတွေက အပြင်ကနေ တံခါးထုနေသံကြားတော့ ကျွန်တော် အားရှိသွားတယ်..။ ကုတင်ပေါ်က ကုန်းရုံးထပြီး တံခါးပြေးဖွင့်ဖို့ ပြင်လိုက်တယ်..။ တံခါးဖွင့်ဖို့ လုပ်တုန်းမှာပဲ အမှောင်ထဲမှာ ကုတင်ပေါ်ကနေ ဇော်ကြီး ကုန်းထ နေတာမြင်လိုက်ရတယ်..။ ကျွန်တော် တံခါးလက်ကိုင်ဘုကြီး ကိုင်ပြီး ငေးကြည့်နေမိတယ်..။ ပြီးတော့ ဇော်ကြီးက ကျွန်တော့်ဗီဒိုကို လက်ညှိုးထိုးပြီး ရပ်နေတယ်..။ ကျွန်တော် သူဘာကို ဆိုလိုမှန်း နားလည် လိုက်ပြီ..။ ကျွန်တော် သူကြားနိုင်လောက်တဲ့ အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်..

"အေးပါ ဇော်ကြီးရာ…၊ မင်းဖိနပ်နဲ့ ဝတ်စုံကို ငါမင်းဆီကို ပို့ပေးပါ့မယ်…"
ကျွန်တော် အဲ့လိုပြောလိုက်တော့ ဒီကောင် ကျွန်တော့်ဆီ တစ်လှမ်းချင်း လှမ်းလာတယ်…။ ကျွန်တော် တံခါးဖွင့်ပြီး အပြင်ထွက်လိုက်ရမလား ဒီအတိုင်းနေရမလား စဉ်းစားနေတုန်း ဒီကောင် ကျွန်တော့်ရှေ့ကို ရောက်လာတယ်…။ သေချာတာကတော့ ဒီကောင် ကျွန်တော့်ကို ဒုက္ခမပေးပါဘူး။ ကျွန်တော့်ကို သေချာကြည့်ပြီး ကျွန်တော့်ရှေ့ကနေ ဆေးလိပ်မီးခိုးငွေ့ပုံစံ ပျောက်ကွယ်သွား တယ်..။ ကျွန်တော့်ကို နှုတ်ဆက်သွားတဲ့ ပုံစံပါပဲ…။ ကျွန်တော် ဒီဖြစ်ရပ်တွေကို အမှောင်ထဲမှာ ကြည့်နေရတာ ရုပ်ရှင်တကား ကြည့်နေရသလိုပါပဲ..။ ကျွန်တော် နဖူးပေါ် ကျနေတဲ့ ချွေးတွေကို သုတ်လိုက်ပြီး အခန်းတံခါးလက်ကိုင်ဘုကို လှည့်လိုက်တယ်..
"ဘာဖြစ်တာလဲ သား… တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့…"
"ဘာမှ မဖြစ်ပါဘူး… သားအိပ်မက်ဆိုးတွေ မက်နေတာပါ…"
အဲ့ဒီည ရေတစ်ခွက်သောက်ပြီး ကျွန်တော် အေးအေးဆေးဆေးပဲ ဆက်အိပ်ခဲ့ပါတယ်..။

 ဘာအနှောင့်အယှက်မှ မရှိပါဘူး..။ နောက်နေ့ မနက် လင်းလင်းချင်း သူ့ဘောလုံးဝတ်စုံနဲ့ ဖိနပ်ကို သူ့ရဲ့ အုတ်ဂူနားမှာ သွားပြီး မြှပ်ပေးခဲ့ပါတယ်..။ ဒီကောင် ကျေနပ်မှာပါ..။ အဲ့ဒီနေ့ ညနေမှာပဲ ကျွန်တော့်ရဲ့ အချစ်ဆုံး သူငယ်ချင်းမရှိတဲ့ ပထမဆုံး ဘောလုံးပွဲကို ကစားခဲ့ပေမယ့် ကွင်းထဲမှာ ပြေးလွှားနေတဲ့ ဇော်ကြီးရဲ့ အရိပ်အယောင်တွေကို တွေ့နေရတယ်လို့ ကျွန်တော် ထင်ယောင်မိပါတယ်…

ဖိုးသူတော်(Phothutaw.com)
Credit:Newmyanmarpyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top