(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

အိႏိၵယေရတပ္သေဘၤာတစ္စီး (ဓာတ္ပံု − အိႏိၵယသံ႐ံုး)

 ျမန္မာႏွင့္ အိႏိၵယ ႏွစ္ႏုိင္ငံၾကား ပူးေပါင္းေဆာင္ရြက္မႈတစ္ရပ္ျဖစ္သည့္ အိႏိၵယ-ျမန္မာပူးတြဲကင္းလွည့္ျခင္း အခမ္းအနားသို႔ လာေရာက္ေသာ အိႏိၵယေရတပ္သေဘၤာႏွစ္စီးသည္ ရန္ ကုန္ၿမိဳ႕သို႔ ယေန႔ေရာက္ရွိမည္ ျဖစ္သည္။


အိႏိၵယႏုိင္ငံေရတပ္သေဘၤာ ႏွစ္စီး Kulish ႏွင့္ Battimalv တို႔သည္ အိႏိၵယေရတပ္မွ Dornierရဟတ္ယာဥ္ႏွင့္အတူ ရန္ကုန္ၿမိဳ႕သို႔ စက္တင္ဘာ ၂၄ ရက္မွ ၂၆ ရက္အထိ လာေရာက္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အိႏိၵယသံ႐ုံးက ယမန္ေန႔တြင္ သတင္းထုတ္ျပန္ခဲ့သည္။

 အိႏိၵယႏုိင္ငံထုတ္ INS Kulish သေဘၤာသည္ အိႏိၵယေရ တပ္သို႔ ၂၀၀၁ တြင္ တပ္ေတာ္၀င္ခဲ့ကာ ပို႔ဘလဲဆိပ္ကမ္း၌ အေျချပဳေနေၾကာင္း ေဖာ္ျပသည္။ လက္နက္မ်ားႏွင့္ အာ႐ုံခံကိရိယာမ်ား တပ္ဆင္ထားၿပီး သေဘၤာေပၚတြင္ အိႏိၵယႏိုင္ငံထုတ္ Dhruv A IH (သို႔မဟုတ္) Chetak ဟယ္လီေကာ္ပတာ တင္ေဆာင္ႏိုင္သည့္ပံုစံထုတ္ၿပီး တည္ေဆာက္ထားေၾကာင္း ထုတ္ျပန္ခ်က္က ဆိုသည္။ အဆိုပါသေဘၤာ၏ အႀကီးတန္းအရာရွိအျဖစ္ အိႏိၵယႏိုင္ငံ ပို႔ဘလဲ ေရတပ္စခန္းတပ္မွဴး Commodore Ashutosh Rid-horkar ၊ သေဘၤာအရာရွိအျဖစ္ Cdr Deepak Bali တို႔ လိုက္ပါလာမည္ျဖစ္ကာ ၀န္ထမ္း ၁၂၀ ေက်ာ္ ပါ၀င္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ ခ်က္က ဆိုသည္။

ထို႔အျပင္ INS Battimalv သေဘၤာသည္ လ်င္ျမန္စြာတိုက္ ခိုက္ႏုိင္ေသာ ေရယာဥ္ျဖစ္ၿပီး အိႏိၵယေရတပ္သို႔ ၂၀၀၆ တြင္ တပ္ေတာ္၀င္ခဲ့ကာ ပံုမွန္ကင္းလွည့္ျခင္းႏွင့္ စံုစမ္းေထာက္လွမ္းျခင္းတာ၀န္မ်ားကို အက္ဒမန္ႏွင့္ နီကိုဘာကြၽန္းစုမ်ားတြင္ ထမ္းေဆာင္ေနေၾကာင္း ထုတ္ျပန္ခ်က္က ေဖာ္ျပသည္။ Lieutenant Com-mander MC Chandeep သည္ အဆိုပါသေဘၤာ၏ အရာရွိျဖစ္ၿပီး ၀န္ထမ္း ၅၀ ေက်ာ္ကို ေခါင္းေဆာင္လာေၾကာင္း ေဖာ္ျပထား သည္။

‘‘အိႏိၵယ-ျမန္မာ ပူးတြဲကင္း လွည့္ျခင္းသည္ ယခုအခါ ခုနစ္ ႀကိမ္ရွိၿပီျဖစ္သည္။

အဆုိပါ သေဘၤာႏွစ္စီးသည္ ရန္ကုန္ၿမိဳ႕တြင္ ပူးတြဲကင္းလွည့္ ျခင္းဖြင့္ပြဲအခမ္းအနား၊ ဂါရ၀ျပဳ ေတြ႕ဆံုျခင္းမ်ား၊ အားကစားႏွင့္ လူမႈေရး ေဆာင္ရြက္ျခင္းမ်ားႏွင့္ စိတ္၀င္စားဖြယ္ ေနရာမ်ား သို႔ လည္ပတ္မည္ျဖစ္ေၾကာင္း အိႏိၵယသံ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယရေတပ်သင်္ဘောတစ်စီး (ဓာတ်ပုံ − အိန္ဒိယသံရုံး)

 မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်သည့် အိန္ဒိယ-မြန်မာပူးတွဲကင်းလှည့်ခြင်း အခမ်းအနားသို့ လာရောက်သော အိန္ဒိယရေတပ်သင်္ဘောနှစ်စီးသည် ရန် ကုန်မြို့သို့ ယနေ့ရောက်ရှိမည် ဖြစ်သည်။


အိန္ဒိယနိုင်ငံရေတပ်သင်္ဘော နှစ်စီး Kulish နှင့် Battimalv တို့သည် အိန္ဒိယရေတပ်မှ Dornierရဟတ်ယာဉ်နှင့်အတူ ရန်ကုန်မြို့သို့ စက်တင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 အိန္ဒိယနိုင်ငံထုတ် INS Kulish သင်္ဘောသည် အိန္ဒိယရေ တပ်သို့ ၂၀၀၁ တွင် တပ်တော်ဝင်ခဲ့ကာ ပို့ဘလဲဆိပ်ကမ်း၌ အခြေပြုနေကြောင်း ဖော်ပြသည်။ လက်နက်များနှင့် အာရုံခံကိရိယာများ တပ်ဆင်ထားပြီး သင်္ဘောပေါ်တွင် အိန္ဒိယနိုင်ငံထုတ် Dhruv A IH (သို့မဟုတ်) Chetak ဟယ်လီကော်ပတာ တင်ဆောင်နိုင်သည့်ပုံစံထုတ်ပြီး တည်ဆောက်ထားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ အဆိုပါသင်္ဘော၏ အကြီးတန်းအရာရှိအဖြစ် အိန္ဒိယနိုင်ငံ ပို့ဘလဲ ရေတပ်စခန်းတပ်မှူး Commodore Ashutosh Rid-horkar ၊ သင်္ဘောအရာရှိအဖြစ် Cdr Deepak Bali တို့ လိုက်ပါလာမည်ဖြစ်ကာ ဝန်ထမ်း ၁၂၀ ကျော် ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန် ချက်က ဆိုသည်။

ထို့အပြင် INS Battimalv သင်္ဘောသည် လျင်မြန်စွာတိုက် ခိုက်နိုင်သော ရေယာဉ်ဖြစ်ပြီး အိန္ဒိယရေတပ်သို့ ၂၀၀၆ တွင် တပ်တော်ဝင်ခဲ့ကာ ပုံမှန်ကင်းလှည့်ခြင်းနှင့် စုံစမ်းထောက်လှမ်းခြင်းတာဝန်များကို အက်ဒမန်နှင့် နီကိုဘာကျွန်းစုများတွင် ထမ်းဆောင်နေကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။ Lieutenant Com-mander MC Chandeep သည် အဆိုပါသင်္ဘော၏ အရာရှိဖြစ်ပြီး ဝန်ထမ်း ၅၀ ကျော်ကို ခေါင်းဆောင်လာကြောင်း ဖော်ပြထား သည်။

‘‘အိန္ဒိယ-မြန်မာ ပူးတွဲကင်း လှည့်ခြင်းသည် ယခုအခါ ခုနစ် ကြိမ်ရှိပြီဖြစ်သည်။

အဆိုပါ သင်္ဘောနှစ်စီးသည် ရန်ကုန်မြို့တွင် ပူးတွဲကင်းလှည့် ခြင်းဖွင့်ပွဲအခမ်းအနား၊ ဂါရဝပြု တွေ့ဆုံခြင်းများ၊ အားကစားနှင့် လူမှုရေး ဆောင်ရွက်ခြင်းများနှင့် စိတ်ဝင်စားဖွယ် နေရာများ သို့ လည်ပတ်မည်ဖြစ်ကြောင်း အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top