ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×



----






Credit : 99 sanay

#Unicode Version#
ကိုယ့်ယောက်ျားကို နှစ်သက်အားကျတဲ့မိန်းကလေးတွေ ပိုများလာအောင် ဖေးမပျိုးထောင် အားပေးနိုင်တာဟာလည်း မိန်းမတစ်ယောက်ရဲ့ အောင်မြင်ခြင်းတွေထဲမှာ တစ်ပါးအပါအဝင်ဖြစ်ပြီး

ကိုယ့်မိန်းမကို ချီးမွမ်းဂုဏ်ယူတဲ့လူတွေ ပိုများလာအောင်
ယုယစောင့်ရှောက်နိုင်တာဟာလည်း
ယောက်ျားတစ်ယောက်ရဲ့ အောင်မြင်ခြင်းတွေထဲမှာ တစ်ပါးအပါအဝင်ဖြစ်ပါတယ်။

----
ကျွန်မတို့ပတ်ဝန်းကျင်မှာ ကြားတတ်ရတဲ့ စကားတွေလိုပေါ့။
အိုး... ယောက်ျားရ ကံကောင်းတယ်တော်
အိုး.. မိန်းမရ ကံကောင်းတယ်နော်.. ဆိုတာရှိသလို

အိုး.. မိန်းမရမှ အရက်သမားလုံးလုံးဖြစ်သွားတာ
အိုး.. ယောက်ျားရမှ အပူသည်လင်လုပ်နေသလိုပဲ လူရုပ်တောင်မပေါ်တော့ဘူး ဆိုတာတွေလည်း ရှိတာပေါ့။

"အချစ်"က လူတစ်ယောက်ကို ပိုထူးကဲတောက်ပစေပါတယ်.. ပိုအကျည်းတန်သွားစေတာ မဟုတ်ပါဘူး။

အချင်းချင်းချစ်ကြသူတွေ အားပေးဖေးမတတ်ကြပါစေ၊ ကြင်နာယုယစောင့်ရှောက်တတ်ပါစေ၊ ခွင့်လွှတ်သည်းခံနားလည်မှုတွေရှိပါစေလို့.

ဆံဖြူသွားကျိုးဆိုတာ တကယ်တော့ "အချစ်"နဲ့သိပ်မဆိုင်လှဘူး။
"စိတ်ရှည်သည်းခံ"နဲ့ ပိုသက်ဆိုင်လိမ့်မယ်။

တကယ်တော့ သည်းခံတာကလည်း အချစ်တစ်မျိုးပါပဲ။ ဒါကြောင့် သင့်ကိုတကယ်ချစ်တဲ့လူက သင့်အပေါ် အမြဲသည်းခံစိတ်ရှိတဲ့လူပဲဖြစ်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : 99 sanay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top