iMyanmarHouse.com - Best Property Website for Myanmar
×

ကမာၻလွည့္ ခရီးသည္ႏွစ္ဦး ငါးမန္းတိုက္ခုိက္မႈ ႀကံဳခဲ့ရသည့္ေနာက္ ဩစေၾတးလ်တြင္ က်ားငါးမန္းႀကီး ေလးေကာင္ကို တာဝန္ရွိသူမ်ားက ရွင္းလင္း သုတ္သင္ခဲ့ေၾကာင္း သိရသည္။

အမ်ိဳးသမီး တစ္ဦးႏွင့္ ၁၂ ႏွစ္အရြယ္ မိန္းကေလး တစ္ဦးတို႔မွာ မဟာ သႏာၱေက်ာက္တန္းႀကီးအနီး နာမည္ႀကီး ကမ္းေျခ တစ္ခုတြင္ ငါးမန္း တိုက္ခုိက္ ခံရျခင္း ျဖစ္သည္။ ၿပီးခဲ့သည့္ သီတင္းပတ္ကုန္ ျဖစ္စဉ္အၿပီး ႏွစ္ဦးစလံုး ေဆး႐ံုတြင္ ကုသမႈ ခံယူေနရသည္။

တာဝန္ရွိသူမ်ားက ဝွစ္ဆန္းေဒး ကၽြန္းစုအနီး ေရျပင္တြင္ လႈပ္ရွားသြားလာေနသည့္ ငါးမန္းႀကီးမ်ားကို ငါးစာျဖင့္ မွ်ားေခၚကာ ၎တို႔အနက္မွ ေလးေကာင္ကို သတ္ျဖတ္ခဲ့ျခင္း ျဖစ္သည္။ အႀကီးဆံုး က်ားငါးမန္းမွာ ၁၂ မီတာမွ် အရွည္ရွိသည္။ သို႔ေသာ္ ထိုငါးမန္းမ်ားသည္ ကမာၻလွည့္ ခရီးသည္မ်ား တိုက္ခုိက္ခဲ့ျခင္း ဟုတ္မဟုတ္ တိတိက်က် အတည္မျပဳႏိုင္ေခ်။

ကြင္းစလန္း ျပည္နယ္ ငါးသယံဇာတ ဌာနတာဝန္ရွိသူ တစ္ဦးက “ကမ္းေျခမွာ ေရကူးေနသူ ႏွစ္ေယာက္ကို ထိခုိက္ ဒဏ္ရာရေစခဲ့တဲ့ထဲမွာ အခုငါးမန္းေတြ ပါသလား ဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မေျပာႏုိင္ပါဘူး။ ဒါေပမဲ့ ဒီအရြယ္အစားေလာက္ထိ ႀကီးမားေနတဲ့ ငါးမန္းေတြဟာ လူေတြအတြက္ အႏၱရာယ္ ရွိႏုိင္ပါတယ္”ဟု ေျပာၾကားခဲ့သည္။ ငါးမန္းႀကီးမ်ားကို အတတ္ႏုိင္ဆံုး ျငင္သာေသာ နည္းလမ္းျဖင့္ ဇီဝိန္ေႁခြခဲ့ေၾကာင္းလည္း ၎က ဆိုသည္။

လတ္တေလာတြင္ တိုက္ခုိက္မႈ ျဖစ္ပြားရာ ကမ္းေျခႏွင့္ အနီးတဝို္က္၌ ငါးမန္းတား ပိုက္ကြန္မ်ား ျဖန္႔ခ်ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာလှည့် ခရီးသည်နှစ်ဦး ငါးမန်းတိုက်ခိုက်မှု ကြုံခဲ့ရသည့်နောက် ဩစတြေးလျတွင် ကျားငါးမန်းကြီး လေးကောင်ကို တာဝန်ရှိသူများက ရှင်းလင်း သုတ်သင်ခဲ့ကြောင်း သိရသည်။

အမျိုးသမီး တစ်ဦးနှင့် ၁၂ နှစ်အရွယ် မိန်းကလေး တစ်ဦးတို့မှာ မဟာ သန္တာကျောက်တန်းကြီးအနီး နာမည်ကြီး ကမ်းခြေ တစ်ခုတွင် ငါးမန်း တိုက်ခိုက် ခံရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန် ဖြစ်စဉ်အပြီး နှစ်ဦးစလုံး ဆေးရုံတွင် ကုသမှု ခံယူနေရသည်။

တာဝန်ရှိသူများက ဝှစ်ဆန်းဒေး ကျွန်းစုအနီး ရေပြင်တွင် လှုပ်ရှားသွားလာနေသည့် ငါးမန်းကြီးများကို ငါးစာဖြင့် မျှားခေါ်ကာ ၎င်းတို့အနက်မှ လေးကောင်ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ အကြီးဆုံး ကျားငါးမန်းမှာ ၁၂ မီတာမျှ အရှည်ရှိသည်။ သို့သော် ထိုငါးမန်းများသည် ကမ္ဘာလှည့် ခရီးသည်များ တိုက်ခိုက်ခဲ့ခြင်း ဟုတ်မဟုတ် တိတိကျကျ အတည်မပြုနိုင်ချေ။

ကွင်းစလန်း ပြည်နယ် ငါးသယံဇာတ ဌာနတာဝန်ရှိသူ တစ်ဦးက “ကမ်းခြေမှာ ရေကူးနေသူ နှစ်ယောက်ကို ထိခိုက် ဒဏ်ရာရစေခဲ့တဲ့ထဲမှာ အခုငါးမန်းတွေ ပါသလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဒီအရွယ်အစားလောက်ထိ ကြီးမားနေတဲ့ ငါးမန်းတွေဟာ လူတွေအတွက် အန္တရာယ် ရှိနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။ ငါးမန်းကြီးများကို အတတ်နိုင်ဆုံး ငြင်သာသော နည်းလမ်းဖြင့် ဇီဝိန်ခြွေခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

လတ်တလောတွင် တိုက်ခိုက်မှု ဖြစ်ပွားရာ ကမ်းခြေနှင့် အနီးတဝိုက်၌ ငါးမန်းတား ပိုက်ကွန်များ ဖြန့်ချထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top