ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အေဆာက္အအုံေအာက္ထပ္အတြင္း ေရမ်ား၀င္ေရာက္ေနသည္ကို တာ၀န္ရွိသူမ်ားက ၀င္ေရာက္စစ္ေဆးေနသည္ကို ေတြ႕ရစဥ္ (ဓာတ္ပံု − ျမတ္ကုိကို)

 ၿမိတ္ၿမိဳ႕နယ္အတြင္း တင္ဒါစနစ္ျဖင့္ တည္ေဆာက္ၿပီးစီးခဲ့သည့္ ပင္လံုအငွားအိမ္ရာခုနစ္လံုးကို စစ္ေဆးရာ အေဆာက္အအံုႏွစ္လံုး အရည္အေသြးမျပည့္မီဘဲ လူေနထိုင္ရန္မသင့္ေၾကာင္း ေတြ႕ရွိခဲ့သည္ဟု ၿမိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒ ဦးျမတ္ကိုကိုက ေျပာသည္။

ယခုႏွစ္ဆန္းပိုင္းကစ၍ တိုင္းအစိုးရအဖြဲ႕က ႏိုင္ငံေတာ္သမၼတအထူးရန္ပံုေငြျဖင့္ ေျခာက္ခန္းတြဲ၊ ေလးထပ္၊ ၂၄ ခန္းပါ အေဆာက္အအံု ခုနစ္လံုးကို ၿမိတ္ၿမိဳ႕နယ္ ေရပုန္းရပ္ကြက္အတြင္း တည္ေဆာက္ရန္ ကုမၸဏီမ်ားကို တင္ဒါေခၚယူၿပီးတည္ေဆာက္ျခင္း ျဖစ္သည္။


ေဆာက္လုပ္ၿပီးစီးသည့္ အေဆာက္အအံုမ်ားကို စက္တင္ ဘာ ၈ ရက္က တိုင္းစည္ပင္သာ ယာေရးေကာ္မတီတာ၀န္ရွိသူ မ်ားႏွင့္အတူ သြားေရာက္စစ္ေဆး ရာ အေဆာက္အအံု ခုနစ္လံုးအ နက္ ငါးလံုးသာ လူေနထုိင္ရန္ သင့္ေတာ္ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ သည္ဟု ဦးျမတ္ကိုကိုက ဆိုသည္။

သိန္းကမၻာကုမၸဏီက တင္ ဒါေအာင္ျမင္၍ တည္ေဆာက္ သည့္ အေဆာက္အအံု ႏွစ္လံုး၏ နံရံမ်ားတြင္ အက္ကြဲေၾကာင္းမ်ား ေပၚေနျခင္း၊ မ်က္ႏွာၾကက္ပတ္ တီးမ်ားကြာက်ေနျခင္း၊ အေဆာက္အအံုေအာက္ထပ္ ေရစိမ့္၀င္ေန ျခင္းအပါအ၀င္ တပ္ဆင္ထား  သည့္ တံခါးရြက္မ်ားလည္း ခိုင္ခံ့မႈမရွိသည့္အျပင္ လံုၿခံဳမႈမရွိသည္ကို ေတြ႕ရေၾကာင္း ဦးျမတ္ကိုကိုက ဆိုသည္။

ထို႔ေၾကာင့္ အရည္အေသြး မျပည့္မီေသာ အဆိုပါအေဆာက္ အအံု ႏွစ္ခုစလံုးကို သက္ဆိုင္ရာ ကုမၸဏီက တာ၀န္ယူ၍ ျပဳျပင္ တည္ေဆာက္ေပးရန္ႏွင့္ သက္ ဆိုင္ရာကြၽမ္းက်င္ပညာရွင္မ်ား ပါ၀င္သည့္ အဖြဲ႕က စစ္ေဆးအ တည္ျပဳၿပီးမွသာ လူေနထိုင္ခြင့္ျပဳ ရန္ မွတ္ခ်က္ျပဳထားေၾကာင္း ဦးျမတ္ကိုကိုက ေျပာသည္။

‘‘ကြၽန္ေတာ္တို႔ စစ္တဲ့အခ်ိန္ မွာ ကုမၸဏီကတာ၀န္ခံလည္းရွိ ပါတယ္။ ဒါေတြအကုန္လံုးသူတို႔ ေသခ်ာျပန္ျပင္ေပးပါ့မယ္လို႔ေျပာ ပါတယ္’’ ဟု ဦးျမတ္ကိုကိုကေျပာ သည္။ အဆိုပါကုမၸဏီကို ဆက္ သြယ္ရန္ႀကိဳးပမ္းခဲ့ေသာ္လည္း  ဆက္သြယ္၍ မရေပ။

‘‘တိုင္းအစိုးရအေနနဲ႔ ကုမၸဏီေတြကို တင္ဒါေပးတဲ့အခါ ေသ ေသခ်ာခ်ာစိစစ္ေပးဖို႔ လိုတယ္။ ယခင္အစိုးရအဆက္ဆက္ကဟာ မ်ဳိး ဆီးသီးဗန္းေမွာက္တာ ကြၽန္ ေတာ္တို႔မလိုခ်င္ဘူး။ အေဆာက္အအံုဟာ ႀကံ႕ခိုင္မႈ၊ ခိုင္ခံ့မႈရွိဖို႔ လို တယ္။ ခိုင္ခံ့မႈမရွိဘူးဆိုရင္ အႏၲ ရာယ္ရွိမယ့္အေနအထားမ်ဳိးဆို ရင္ အေဆာက္အအံုတစ္ခုလံုးၿဖိဳ ခ်ရတာမ်ဳိး အမ်ားႀကီးေတြ႕ခဲ့ရ တယ္ေလ’’ဟု ၎က ရွင္းျပသည္။အဆိုပါကိစၥႏွင့္ ပတ္သက္၍ အေသးစိတ္အခ်က္အလက္မ်ား ကို သိရွိျခင္းမရွိသလို တိုင္းအစိုးရအဖြဲ႕အစည္းအေ၀း၌လည္း ေဆြးေႏြးျခင္းမရွိေသးေၾကာင္း တိုင္းလူမႈေရးႏွင့္ စည္ပင္၀န္ႀကီး ဦးဟိုပင္က ဆိုသည္။

ထား၀ယ္ၿမိဳ႕နယ္ ေညာင္ ရမ္းေတာင္ရပ္ကြက္အတြင္း တည္ေဆာက္ထားသည့္ ပင္လံု အငွားအိမ္ရာ ေျခာက္ခန္းတြဲ၊ ေလးထပ္၊ ၂၄ ခန္းပါ အေဆာက္ အအံုေလးလံုးတြင္မူ  အဆိုပါ ျပႆနာမ်ားမရွိဘဲ လူေနထိုင္ခြင့္ ရၿပီ ျဖစ္ေၾကာင္း ၀န္ႀကီး ဦးဟိုပင္က ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
 # Unicode Version ျဖင့္ ဖတ္ပါ #
အဆောက်အအုံအောက်ထပ်အတွင်း ရေများဝင်ရောက်နေသည်ကို တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − မြတ်ကိုကို)

 မြိတ်မြို့နယ်အတွင်း တင်ဒါစနစ်ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ပင်လုံအငှားအိမ်ရာခုနစ်လုံးကို စစ်ဆေးရာ အဆောက်အအုံနှစ်လုံး အရည်အသွေးမပြည့်မီဘဲ လူနေထိုင်ရန်မသင့်ကြောင်း တွေ့ရှိခဲ့သည်ဟု မြိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။

ယခုနှစ်ဆန်းပိုင်းကစ၍ တိုင်းအစိုးရအဖွဲ့က နိုင်ငံတော်သမ္မတအထူးရန်ပုံငွေဖြင့် ခြောက်ခန်းတွဲ၊ လေးထပ်၊ ၂၄ ခန်းပါ အဆောက်အအုံ ခုနစ်လုံးကို မြိတ်မြို့နယ် ရေပုန်းရပ်ကွက်အတွင်း တည်ဆောက်ရန် ကုမ္ပဏီများကို တင်ဒါခေါ်ယူပြီးတည်ဆောက်ခြင်း ဖြစ်သည်။


ဆောက်လုပ်ပြီးစီးသည့် အဆောက်အအုံများကို စက်တင် ဘာ ၈ ရက်က တိုင်းစည်ပင်သာ ယာရေးကော်မတီတာဝန်ရှိသူ များနှင့်အတူ သွားရောက်စစ်ဆေး ရာ အဆောက်အအုံ ခုနစ်လုံးအ နက် ငါးလုံးသာ လူနေထိုင်ရန် သင့်တော်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ သည်ဟု ဦးမြတ်ကိုကိုက ဆိုသည်။

သိန်းကမ္ဘာကုမ္ပဏီက တင် ဒါအောင်မြင်၍ တည်ဆောက် သည့် အဆောက်အအုံ နှစ်လုံး၏ နံရံများတွင် အက်ကွဲကြောင်းများ ပေါ်နေခြင်း၊ မျက်နှာကြက်ပတ် တီးများကွာကျနေခြင်း၊ အဆောက်အအုံအောက်ထပ် ရေစိမ့်ဝင်နေ ခြင်းအပါအဝင် တပ်ဆင်ထား  သည့် တံခါးရွက်များလည်း ခိုင်ခံ့မှုမရှိသည့်အပြင် လုံခြုံမှုမရှိသည်ကို တွေ့ရကြောင်း ဦးမြတ်ကိုကိုက ဆိုသည်။

ထို့ကြောင့် အရည်အသွေး မပြည့်မီသော အဆိုပါအဆောက် အအုံ နှစ်ခုစလုံးကို သက်ဆိုင်ရာ ကုမ္ပဏီက တာဝန်ယူ၍ ပြုပြင် တည်ဆောက်ပေးရန်နှင့် သက် ဆိုင်ရာကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် အဖွဲ့က စစ်ဆေးအ တည်ပြုပြီးမှသာ လူနေထိုင်ခွင့်ပြု ရန် မှတ်ချက်ပြုထားကြောင်း ဦးမြတ်ကိုကိုက ပြောသည်။

‘‘ကျွန်တော်တို့ စစ်တဲ့အချိန် မှာ ကုမ္ပဏီကတာဝန်ခံလည်းရှိ ပါတယ်။ ဒါတွေအကုန်လုံးသူတို့ သေချာပြန်ပြင်ပေးပါ့မယ်လို့ပြော ပါတယ်’’ ဟု ဦးမြတ်ကိုကိုကပြော သည်။ အဆိုပါကုမ္ပဏီကို ဆက် သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း  ဆက်သွယ်၍ မရပေ။

‘‘တိုင်းအစိုးရအနေနဲ့ ကုမ္ပဏီတွေကို တင်ဒါပေးတဲ့အခါ သေ သေချာချာစိစစ်ပေးဖို့ လိုတယ်။ ယခင်အစိုးရအဆက်ဆက်ကဟာ မျိုး ဆီးသီးဗန်းမှောက်တာ ကျွန် တော်တို့မလိုချင်ဘူး။ အဆောက်အအုံဟာ ကြံ့ခိုင်မှု၊ ခိုင်ခံ့မှုရှိဖို့ လို တယ်။ ခိုင်ခံ့မှုမရှိဘူးဆိုရင် အန္တ ရာယ်ရှိမယ့်အနေအထားမျိုးဆို ရင် အဆောက်အအုံတစ်ခုလုံးဖြို ချရတာမျိုး အများကြီးတွေ့ခဲ့ရ တယ်လေ’’ဟု ၎င်းက ရှင်းပြသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ ကို သိရှိခြင်းမရှိသလို တိုင်းအစိုးရအဖွဲ့အစည်းအဝေး၌လည်း ဆွေးနွေးခြင်းမရှိသေးကြောင်း တိုင်းလူမှုရေးနှင့် စည်ပင်ဝန်ကြီး ဦးဟိုပင်က ဆိုသည်။

ထားဝယ်မြို့နယ် ညောင် ရမ်းတောင်ရပ်ကွက်အတွင်း တည်ဆောက်ထားသည့် ပင်လုံ အငှားအိမ်ရာ ခြောက်ခန်းတွဲ၊ လေးထပ်၊ ၂၄ ခန်းပါ အဆောက် အအုံလေးလုံးတွင်မူ  အဆိုပါ ပြဿနာများမရှိဘဲ လူနေထိုင်ခွင့် ရပြီ ဖြစ်ကြောင်း ဝန်ကြီး ဦးဟိုပင်က ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top