×

—— မာရင်ရင်
# Unicode Version ဖြင့် ဖတ်ပါ #
ကလေးဘဝတုန်းက အပူပင်ကင်းပြီး
စိတ်ချမ်းသာစရာ ကောင်းလိုက်တာလို့ ထင်ခဲ့ဖူးလို့ လက်ရှိဘဝလေးကို ပစ်ပြီး အဲ့ဒီဘဝလေးကို ပြန်တမ်းတခဲ့ဖူးတာပေါ့ ။

ဒါပေမယ့်လည်း အခုစိတ်နဲ့ အရင်တုန်းက ဘဝလေးကို ပြန်သွားလည်း ခုလိုခံစားနေရဦးမှာပဲ ဆိုတာကို မတွေးခဲ့ဖူးဘူးလေ။

ကလေးတုန်းကတော့ ပူစရာလည်း မရှိသလို ပူစရာတွေလည်း မတွေးမိဘူးလေ ။
အမုန်းတွေလည်း မရှိကြသလို ရန်သူလည်း မရှိဘူးလေ ။
ဒီတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ရှင်းရှင်းပျော်နေလို့ရတယ် ။

စိတ်တစ်ခုတည်းကနေ ခံစားချက်အမျိုးမျိုး အတွေးအဖုံဖုံကို ဖန်တီးပြီး ဘဝအခြေနေတွေမှာ ပျော်တာမပျော်တာတွေ ဖြစ်ပေါ်လာရတာပဲလေ။

—— မာရင်ရင်
ဖိုးသူတော် (www.phothutaw.com)
Credit:မနုဿ ရဲ့ စာမျက်နှာလေးများ
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top