မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

အစာအိမ္ အခ်ဥ္ေပါက္ျခင္း ဟာ အသက္အရြယ္မေရြး မည္သူမဆို ျဖစ္နိုင္ပါတယ္။ဒီလိုျဖစ္ရတာဟာ ေယဘုယ်အားျဖင့္ မိမိစားလိုက္တဲ့ အစားအစာ မွ အစာေကာင္းစြာမေျချခင္းေၾကာင့္ အစာအိမ္ အူအေပၚပိုင္းမွာ ေနာက္ဆက္တြဲျဖစ္ေပၚလာရတဲ့ လကၡဏာတစ္ခုပါ။အစာအိမ္ နာျခင္းနွင့္ အတြင္းမွ အက္ဆစ္ရည္မ်ား ျပန္က်စီးျခင္းဟာ အစာအိမ္ အခ်ဥ္ေပါက္ ျခင္းေၾကာင့္ ျဖစ္လာရတဲ့ အရာေတြပါ။အစာအိမ္ အခ်ဥ္ေပါက္ ရတာကေတာ့ အစာေျခစနစ္ရဲ႕ ျပႆနာေတြေၾကာင့္ ဆက္ႏြယ္ျဖစ္လာရျခင္း ျဖစ္ပါတယ္။ဒါ့အျပင္ တျခားျဖစ္နိုင္တဲ့ အဓိက အေၾကာင္းအရာေတြကေတာ့

အစားမ်ားျခင္း
အပူအစပ္မ်ားစားျခင္း
ေန႔လည္စာ နွင့္ ညစာ မ်ားမ်ားစားျခင္း
မလတ္ဆတ္ေသာ၊ပုပ္သိုးေသာ အစားအစာမ်ား စားသံုးမိျခင္း
အရက္နွင့္ အျမွဳပ္ထေသာ ေသာက္စရာမ်ား လြန္ၾကဴးစြာ ေသာက္ျခင္း
အစာကိုေၾကညက္ေအာင္မဝါးဘဲ ျမန္ျမန္စားသံုးျခင္း
အစာစားျပီး တန္းအိပ္ျခင္း
စိတ္ဖိစီးမႈနွင့္စိတ္ရႈပ္ေထြးမႈမ်ားေၾကာင့္ ျဖစ္ျခင္း
အူတြင္း ပိုးဝင္ေရာက္ျခင္း နွင့္ အျခားေသာ အစာအိမ္ျပႆနာမ်ားစြာတို႔ေၾကာင့္ ျဖစ္ပါတယ္။

အစာအိမ္အခ်ဥ္ေပါက္ျခင္းရဲ႕ အျဖစ္မ်ားတဲ့ လကၡဏာေတြကေတာ့ ဝမ္းဗိုက္ပူျခင္း၊ရင္ပူျခင္း၊မၾကာခဏ ေလသက္ျခင္း၊ပ်ိဳ႔ခ်င္အန္ခ်င္ျဖစ္ျခင္း၊အစာအိမ္နွင့္ဝမ္းဗိုက္တြင္းမွနာၾကင္ျခင္း၊ခံတြင္းအရသာပ်က္ျခင္း စသည္တုိ႔ပဲ ျဖစ္ပါတယ္။

အစာအိမ္အခ်ဥ္ေပါက္ျခင္းကို ကုသနိုင္တဲ့ အိမ္တြင္းနည္းလမ္းေကာင္းေတြကေတာ့ အမ်ားၾကီးရွိပါတယ္။နည္းလမ္းေတြဟာ ထိေရာက္ရံုသာမက လုပ္ဖို႔လည္း လြယ္ကူပါတယ္။

၁။မုန္လာဥနီနွင့္ငွက္ေပ်ာသီး

အလယ္လတ္အရြယ္အစားရွိတဲ့ မုန္လာဥနီ ၂ခု(သို႔)၃ခုကို ေရေဆးေၾကာျပီး ခပ္ေသးေသး ပိုင္းျဖတ္ပါ။ထို႔ေနာက္ ငွက္ေပ်ာသီးမွည့္တစ္လံုးကို အခြံခြာျပီး ခပ္ေသးေသး ထပ္လွီးပါ။ထို႔ေနာက္ blender ထဲသို႔ လွီးျဖတ္ထားေသာ မုန္လာဥနီ နွင့္ ငွက္ေပ်ာသီးတို႔ကိုထည့္ပါ။ ထုိ႔ေနာက္ ေရတစ္ခြက္၏ တစ္ဝက္စာခန္႔ ထည့္ပါ။ျပီးေနာက္ blenderျဖင့္ ေၾကညက္သြားေအာင္ ေခတၱၾကိတ္လိုက္ပါ ။ဒါဆိုလွ်င္ေတာ့ အစာအိမ္ အခ်ဥ္ေပါက္ ျခင္းအတြက္ ထိေရာက္ေကာင္းမြန္တဲ့ smoothie ကို ေသာက္သံုးလို႔ရပါျပီ။

၂။ႏြားနို႔ နွင့္ပ်ားရည္

ႏြားနို ႔ပူပူတစ္ခြက္ထဲသို႔ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၂ဇြန္းခန္႔ေမႊျပီး ေသာက္သံုးေပးျခင္းကလည္း အစာအိမ္အခ်ဥ္ေပါက္ျခင္းကို သက္သာေစမွာပါ။

၃။ခ်င္း(ဂ်င္း)

ပထမဦးစြာ ခ်င္း(ဂ်င္း)ကို လက္ဖက္ရည္ဇြန္း ၁ဇြန္းစာခန္႔ ျခစ္ယူထားပါ။ ထို႔ေနာက္ ေရေႏြး ၁ဖန္ခြက္ထဲသို႔ တစ္ဝက္ခန္႔ ထည့္ျပီး ၅မိနစ္၊၁၀မိနစ္ခန္႔ထားလိုက္ပါ။ ေရေႏြးမ်ား အေရာင္ေျပာင္းလာလွ်င္ ေသာက္လိုက္လို႔ ရပါျပီ။ဒီနည္းလမ္းဟာ အစာအိမ္အခ်ဥ္ေပါက္ျခင္းကို ခ်က္ခ်င္းသက္သာေစမယ့္ နည္းလမ္းတစ္ခုလည္း ျဖစ္ပါတယ္။

အစာအိမ္ အခ်ဥ္ေပါက္ ျခင္းမျဖစ္ေစရန္ ဘယ္လိုကာကြယ္မလဲ

အစာေျခစနစ္ေကာင္းမြန္ေစရန္ တစ္ေန႔လွ်င္ ေရ ၈ခြက္မွ ၁၀ခြက္အထိ ေသာက္ပါ။
အမွ်င္ဓါတ္ၾကြယ္ေသာ အစားအစာ စားပါ။
မွ်တစြာ ကုိယ္အေလးခ်ိန္ေလွ်ာ့ခ်ျပီး အပူ၊အစပ္၊အငန္မ်ားေသာ အစားအစာမ်ား ေရွာင္ပါ။
ေန႔လည္စာ၊ညစာကို အနည္းငယ္သာ စားပါ။
စားျပီး တန္းမအိပ္ပါနွင့္ ။နာရီဝက္၊တစ္နာရီခန္႔ ေျဖးညွင္းစြာ လမ္းေလွ်ာက္ေပးပါ။
အျမွဳပ္ထေသာ ေသာက္စရာမ်ား၊အယ္လ္ကိုေဟာမ်ား၊ကဖင္းဓါတ္မ်ား တတ္နိုင္သေရြ႕ ေရွာင္ပါ။
ေဆးေျခာက္၊ေဆးလိပ္ မသံုးစြဲပါနွင့္။
ကိုယ္ခႏၶာအတြက္ ေန႔စဥ္ ေလ့က်င့္ခန္း ပံုမွန္လုပ္ေဆာင္ပါ။
စိတ္ဖိစီးမႈမ်ားမွ ကင္းေဝးေစဖိုပ ေယာဂေလ့က်င့္ပါ၊တရားထုိင္ပါ၊

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original

#Unicode Version#

 အစာအိမ် အချဉ်ပေါက်ခြင်း ဟာ အသက်အရွယ်မရွေး မည်သူမဆို ဖြစ်နိုင်ပါတယ်။ဒီလိုဖြစ်ရတာဟာ ယေဘုယျအားဖြင့် မိမိစားလိုက်တဲ့ အစားအစာ မှ အစာကောင်းစွာမခြေခြင်းကြောင့် အစာအိမ် အူအပေါ်ပိုင်းမှာ နောက်ဆက်တွဲဖြစ်ပေါ်လာရတဲ့ လက္ခဏာတစ်ခုပါ။အစာအိမ် နာခြင်းနှင့် အတွင်းမှ အက်ဆစ်ရည်များ ပြန်ကျစီးခြင်းဟာ အစာအိမ် အချဉ်ပေါက် ခြင်းကြောင့် ဖြစ်လာရတဲ့ အရာတွေပါ။အစာအိမ် အချဉ်ပေါက် ရတာကတော့ အစာခြေစနစ်ရဲ့ ပြဿနာတွေကြောင့် ဆက်နွယ်ဖြစ်လာရခြင်း ဖြစ်ပါတယ်။ဒါ့အပြင် တခြားဖြစ်နိုင်တဲ့ အဓိက အကြောင်းအရာတွေကတော့

အစားများခြင်း
အပူအစပ်များစားခြင်း
နေ့လည်စာ နှင့် ညစာ များများစားခြင်း
မလတ်ဆတ်သော၊ပုပ်သိုးသော အစားအစာများ စားသုံးမိခြင်း
အရက်နှင့် အမြှုပ်ထသော သောက်စရာများ လွန်ကြူးစွာ သောက်ခြင်း
အစာကိုကြေညက်အောင်မဝါးဘဲ မြန်မြန်စားသုံးခြင်း
အစာစားပြီး တန်းအိပ်ခြင်း
စိတ်ဖိစီးမှုနှင့်စိတ်ရှုပ်ထွေးမှုများကြောင့် ဖြစ်ခြင်း
အူတွင်း ပိုးဝင်ရောက်ခြင်း နှင့် အခြားသော အစာအိမ်ပြဿနာများစွာတို့ကြောင့် ဖြစ်ပါတယ်။

အစာအိမ်အချဉ်ပေါက်ခြင်းရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းဗိုက်ပူခြင်း၊ရင်ပူခြင်း၊မကြာခဏ လေသက်ခြင်း၊ပျို့ချင်အန်ချင်ဖြစ်ခြင်း၊အစာအိမ်နှင့်ဝမ်းဗိုက်တွင်းမှနာကြင်ခြင်း၊ခံတွင်းအရသာပျက်ခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။

အစာအိမ်အချဉ်ပေါက်ခြင်းကို ကုသနိုင်တဲ့ အိမ်တွင်းနည်းလမ်းကောင်းတွေကတော့ အများကြီးရှိပါတယ်။နည်းလမ်းတွေဟာ ထိရောက်ရုံသာမက လုပ်ဖို့လည်း လွယ်ကူပါတယ်။

၁။မုန်လာဥနီနှင့်ငှက်ပျောသီး

အလယ်လတ်အရွယ်အစားရှိတဲ့ မုန်လာဥနီ ၂ခု(သို့)၃ခုကို ရေဆေးကြောပြီး ခပ်သေးသေး ပိုင်းဖြတ်ပါ။ထို့နောက် ငှက်ပျောသီးမှည့်တစ်လုံးကို အခွံခွာပြီး ခပ်သေးသေး ထပ်လှီးပါ။ထို့နောက် blender ထဲသို့ လှီးဖြတ်ထားသော မုန်လာဥနီ နှင့် ငှက်ပျောသီးတို့ကိုထည့်ပါ။ ထို့နောက် ရေတစ်ခွက်၏ တစ်ဝက်စာခန့် ထည့်ပါ။ပြီးနောက် blenderဖြင့် ကြေညက်သွားအောင် ခေတ္တကြိတ်လိုက်ပါ ။ဒါဆိုလျှင်တော့ အစာအိမ် အချဉ်ပေါက် ခြင်းအတွက် ထိရောက်ကောင်းမွန်တဲ့ smoothie ကို သောက်သုံးလို့ရပါပြီ။

၂။နွားနို့ နှင့်ပျားရည်

နွားနို့ပူပူတစ်ခွက်ထဲသို့ ပျားရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်မွှေပြီး သောက်သုံးပေးခြင်းကလည်း အစာအိမ်အချဉ်ပေါက်ခြင်းကို သက်သာစေမှာပါ။

၃။ချင်း(ဂျင်း)

ပထမဦးစွာ ချင်း(ဂျင်း)ကို လက်ဖက်ရည်ဇွန်း ၁ဇွန်းစာခန့် ခြစ်ယူထားပါ။ ထို့နောက် ရေနွေး ၁ဖန်ခွက်ထဲသို့ တစ်ဝက်ခန့် ထည့်ပြီး ၅မိနစ်၊၁၀မိနစ်ခန့်ထားလိုက်ပါ။ ရေနွေးများ အရောင်ပြောင်းလာလျှင် သောက်လိုက်လို့ ရပါပြီ။ဒီနည်းလမ်းဟာ အစာအိမ်အချဉ်ပေါက်ခြင်းကို ချက်ချင်းသက်သာစေမယ့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

အစာအိမ် အချဉ်ပေါက် ခြင်းမဖြစ်စေရန် ဘယ်လိုကာကွယ်မလဲ

အစာခြေစနစ်ကောင်းမွန်စေရန် တစ်နေ့လျှင် ရေ ၈ခွက်မှ ၁၀ခွက်အထိ သောက်ပါ။
အမျှင်ဓါတ်ကြွယ်သော အစားအစာ စားပါ။
မျှတစွာ ကိုယ်အလေးချိန်လျှော့ချပြီး အပူ၊အစပ်၊အငန်များသော အစားအစာများ ရှောင်ပါ။
နေ့လည်စာ၊ညစာကို အနည်းငယ်သာ စားပါ။
စားပြီး တန်းမအိပ်ပါနှင့် ။နာရီဝက်၊တစ်နာရီခန့် ဖြေးညှင်းစွာ လမ်းလျှောက်ပေးပါ။
အမြှုပ်ထသော သောက်စရာများ၊အယ်လ်ကိုဟောများ၊ကဖင်းဓါတ်များ တတ်နိုင်သရွေ့ ရှောင်ပါ။
ဆေးခြောက်၊ဆေးလိပ် မသုံးစွဲပါနှင့်။
ကိုယ်ခန္ဓာအတွက် နေ့စဉ် လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပါ။
စိတ်ဖိစီးမှုများမှ ကင်းဝေးစေဖိုပ ယောဂလေ့ကျင့်ပါ၊တရားထိုင်ပါ၊


ဖိုးသူတော် (www.phothutaw.com)
Credit: Original


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top