မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×






Credit:myanmarload
# Unicode Version ဖြင့် ဖတ်ပါ #
အနုပညာလောကကို အောက်ခြေကနေ အခက်ခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်ပြီး ဆယ်စုနှစ်တစ်ခုအထိ ကြိုးစားခဲ့တဲ့ ပရိသတ်အချစ်တော် ဟာသသရုပ်ဆောင်ခင်လှိုင်ကတော့ လက်ရှိအနုပညာလောကမှာ အောင်မြင်မှုအတိုင်းအတာတစ်ခုအထိရရှိနေပြီပဲ ဖြစ်ပါတယ်။

ဟာသဆိုရင်ဟာသသူများနဲ့ မတူတဲ့ ထူးခြားတဲ့ဟာသတွေ ဇာတ်ကြမ်းအက်ရှင်ဆိုရင်လည်း တကယ့်ကို ခပ်မိုက်မိုက်ပုံစံတွေနဲ့ အမြဲမြင်တွေ့ရတဲ့ ထူးချွန်သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။လက်ရှိမှာ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးနဲ့ အနုပညာလုပ်ငန်းတွေလုပ်ကိုင်ရင်း ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။

ခင်လှိုင်တို့ဇနီးမောင်နှံကတော့ ပရိသတ်တွေ သတိထားမိလောက်အောင် လိုက်ဖက်လှတဲ့ အနုပညာရှင်စုံတွဲလေးဆိုတာ ငြင်းလို့ရမယ်မထင်ပါဘူးနော်။သူတို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ တက်တူးထိုးလည်းအတူတူ ခရီးတွေသွားလည်း အတူတူ အလှူအတန်းတွေမှာလည်း အမြဲအတူတူမြင်တွေ့ရပြီး တကယ့်ကို လိုက်ဖက်လှတဲ့ ဇနီးမောင်နှံ့လေးပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ခင်လှိုင်တစ်ယောက်ဇနီးသည်နဲ့ အတူကြိုးစားရုန်းကန်ခဲ့ဖူးတဲ့ ဘယ်သောအခါမှမေ့လို့မရနိုင်တဲ့ အမှတ်တရလေးတစ်ခုဖွင့်ဟပြောပြလာခဲ့ပါတယ်။

ခင်လှိုင်က” ကျွန်တော်တို့နှစ်ယောက်တစ်ချိန်ကရတဲ့အနုပညာကြေးလေးနဲ့စုပြီးဆိုင်ကယ်လေးတစ်စီးပိုင်ခဲ့ဘူးတယ်နေပူမိုးရွာမရှောင်နိုင်ဘူးရိုက်ကွင်းရှိတဲ့နေရာဇာတ်ပွဲကမဲ့နေရာလေးတွေကိုအဲ့လိုဆိုင်ကယ်လေးစီးပြီးသွားခဲ့ကြဘူးတယ်ဒီနေ့အချိန်လေးတွေကိုပြန်သတိရနေမိတယ်”ဆိုတဲ့စာလေးနဲ့ အတူသူတို့ဇနီးမောင်နှံ့ရဲ့ကြည်နူးဖွယ်ပုံရိပ်လေးတွေလူမှုကွန်ယက်မှာတင်ထားတာပဲ ဖြစ်ပါတယ်။မအောင်မြင်ခင်အချိန်ကတည်းက နှစ်ကိုယ်တူကြိုးစားရုန်းကန်ခဲ့ကြပြီး လက်ရှိအချိန်အထိ လက်တွဲခိုင်မြဲကာ အားကျစရာစုံတွဲလေးအဖြစ်ရှိနေတဲ့ ဇနီးမောင်နှံလေးဖြစ်တာကြောင့် တကယ့်ကိုလေးစားစရာကောင်းပါတယ်နော်။သူတို့ဇနီးမောင်နှံ့ရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် – ခင်လှိုင်

ဖိုးသူတော် (www.phothutaw.com)
Credit:myanmarload
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top