iMyanmarHouse.com - Best Property Website for Myanmar
×

 ကေလးငယ္အမ်ားအျပား အစာေၾကး(ဂ်ီး)မ်ားၾကၿပီး ထမင္းစားခ်ိန္တိုင္း စိန္ေခၚမႈျဖစ္ေနတတ္သည္။ သို႔ေသာ္ အခ်ိဳ႕ကေလးမ်ားတြင္ ဟင္းသီးဟင္းရြက္မႀကိဳက္ျခင္း (သို႔မဟုတ္) ထမင္းမစား ခ်င္ျခင္းထက္ ပိုေသာ အေၾကာင္းအရာမ်ားရွိႏုိင္သည္။

အသက္ (၂)ႏွစ္ႏွင့္ (၆)ႏွစ္ၾကား ကေလးငယ္ငါးဦးတြင္ တစ္ဦး သည္ အစားအစာေရြးခ်ယ္စားေသာက္သူူမ်ားျဖစ္သည္ဟု ကေလး အထူးကုမ်ားဂ်ာနယ္တစ္ေစာင္၏ ေလ့လာမႈက ေတြ႕ရွိခဲ့သည္။ အမ်ားစုက အသင့္အတင့္သာ အစားေၾကးမ်ားၾကေသာ္လည္း သံုးရာခိုင္ႏႈန္းသည္ အလြန္႔အလြန္ အစားအစာေရြးသည္။

ေလ့လာမႈကာလတစ္ေလွ်ာက္ သုေတသီမ်ားက ပို၍ႀကီးမား ေသာ ေနာက္ဆက္တြဲမ်ားကို ေတြ႕ရွိခဲ့ၿပီး အစားအစာေၾကးမ်ားေသာ ကေလးငယ္မ်ားသည္ အစားမေရြးေသာ ကေလးမ်ားထက္ လူမႈေရး စိုးရိမ္ပူပန္မႈ၊ အေထြေထြပူပန္မႈႏွင့္ စိတ္က်ျခင္းလကၡဏာမ်ား ေတြ႕ရန္ အလားအလာႏွစ္ဆပိုမ်ားသည္ဟုဆိုသည္။

အခ်ိဳ႕အေျခအေနမ်ားတြင္ အစားအေသာက္ နည္းျခင္းမွာ ကေလးငယ္၏ ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ အေထြေထြက်န္းမာေရးကို ထိခိုက္ႏိုင္သည္။ ႏွစ္ဖက္စလံုးတြင္ စိတ္ဖိစီးမႈမ်ားျဖစ္ၿပီး ကေလးငယ္ႏွင့္ အေဖ၊ အေမတို႔၏ ဆက္ဆံေရးကိုပင္ ထိခိုက္ႏိုင္ပါသည္။

ယခုေလ့လာမႈမွ ကေလးငယ္မ်ား အသားစားရန္ စိတ္အားထက္သန္မႈနည္းျခင္းက ေခါင္းမာျခင္းသက္သက္ထက္ ပိုသည္ကို နားလည္ႏိုင္ပါသည္။ အခ်ိဳ႕ကေလးငယ္မ်ားသည္ အာ႐ံုခံစားမႈ ေကာင္းၿပီး အစားအစာအခ်ိဳ႕၏ အရသာႏွင့္အနံ႔ကို ႀကိဳက္ႏွစ္သက္ ျခင္းမရွိ ျဖစ္ႏုိင္ပါသည္။ အခ်ိဳ႕ကလည္း အစားအေသာက္တစ္ မ်ိဳးမ်ိဳးကို ႀကိဳက္ႏွစ္သက္မႈရွိရာက အျခားအစားအစာအသစ္မ်ား စားၾကည့္ရမည္ကို စိုးရိမ္ပူပန္ေနျခင္းလည္း ျဖစ္ႏိုင္ပါသည္။

ကေလးကို အစားေကြၽးရ အလြန္ခက္ေနလွ်င္ ကေလးဆရာ ဝန္ႏွင့္ တိုင္ပင္သင့္ပါသည္။ မည္သည့္ကေလးက အစားေၾကးမ်ား ျခင္းကို ေက်ာ္လႊားႏိုင္ၿပီး မည္သည့္ကေလးက မေက်ာ္လႊားႏိုင္သည္ ကို မသိရေပ။ ဆရာဝန္ႏွင့္ တိုင္ပင္ျခင္းက သင့္ကေလးအခက္အခဲ ကို ေက်ာ္လႊားႏိုင္ေရး နည္းလမ္းတစ္ခု ျဖစ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily.
# Unicode Version ျဖင့္ ဖတ္ပါ #
 ကလေးငယ်အများအပြား အစာကြေး(ဂျီး)များကြပြီး ထမင်းစားချိန်တိုင်း စိန်ခေါ်မှုဖြစ်နေတတ်သည်။ သို့သော် အချို့ကလေးများတွင် ဟင်းသီးဟင်းရွက်မကြိုက်ခြင်း (သို့မဟုတ်) ထမင်းမစား ချင်ခြင်းထက် ပိုသော အကြောင်းအရာများရှိနိုင်သည်။

အသက် (၂)နှစ်နှင့် (၆)နှစ်ကြား ကလေးငယ်ငါးဦးတွင် တစ်ဦး သည် အစားအစာရွေးချယ်စားသောက်သူူများဖြစ်သည်ဟု ကလေး အထူးကုများဂျာနယ်တစ်စောင်၏ လေ့လာမှုက တွေ့ရှိခဲ့သည်။ အများစုက အသင့်အတင့်သာ အစားကြေးများကြသော်လည်း သုံးရာခိုင်နှုန်းသည် အလွန့်အလွန် အစားအစာရွေးသည်။

လေ့လာမှုကာလတစ်လျှောက် သုတေသီများက ပို၍ကြီးမား သော နောက်ဆက်တွဲများကို တွေ့ရှိခဲ့ပြီး အစားအစာကြေးများသော ကလေးငယ်များသည် အစားမရွေးသော ကလေးများထက် လူမှုရေး စိုးရိမ်ပူပန်မှု၊ အထွေထွေပူပန်မှုနှင့် စိတ်ကျခြင်းလက္ခဏာများ တွေ့ရန် အလားအလာနှစ်ဆပိုများသည်ဟုဆိုသည်။

အချို့အခြေအနေများတွင် အစားအသောက် နည်းခြင်းမှာ ကလေးငယ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အထွေထွေကျန်းမာရေးကို ထိခိုက်နိုင်သည်။ နှစ်ဖက်စလုံးတွင် စိတ်ဖိစီးမှုများဖြစ်ပြီး ကလေးငယ်နှင့် အဖေ၊ အမေတို့၏ ဆက်ဆံရေးကိုပင် ထိခိုက်နိုင်ပါသည်။

ယခုလေ့လာမှုမှ ကလေးငယ်များ အသားစားရန် စိတ်အားထက်သန်မှုနည်းခြင်းက ခေါင်းမာခြင်းသက်သက်ထက် ပိုသည်ကို နားလည်နိုင်ပါသည်။ အချို့ကလေးငယ်များသည် အာရုံခံစားမှု ကောင်းပြီး အစားအစာအချို့၏ အရသာနှင့်အနံ့ကို ကြိုက်နှစ်သက် ခြင်းမရှိ ဖြစ်နိုင်ပါသည်။ အချို့ကလည်း အစားအသောက်တစ် မျိုးမျိုးကို ကြိုက်နှစ်သက်မှုရှိရာက အခြားအစားအစာအသစ်များ စားကြည့်ရမည်ကို စိုးရိမ်ပူပန်နေခြင်းလည်း ဖြစ်နိုင်ပါသည်။

ကလေးကို အစားကျွေးရ အလွန်ခက်နေလျှင် ကလေးဆရာ ဝန်နှင့် တိုင်ပင်သင့်ပါသည်။ မည်သည့်ကလေးက အစားကြေးများ ခြင်းကို ကျော်လွှားနိုင်ပြီး မည်သည့်ကလေးက မကျော်လွှားနိုင်သည် ကို မသိရပေ။ ဆရာဝန်နှင့် တိုင်ပင်ခြင်းက သင့်ကလေးအခက်အခဲ ကို ကျော်လွှားနိုင်ရေး နည်းလမ်းတစ်ခု ဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top