iMyanmarHouse.com - Best Property Website for Myanmar
×

ဆုံဆုိ႔နာေရာဂါေၾကာင့္ အသက္ (၉)ႏွစ္ကိုးလအရြယ္ ကေလးတစ္ဦး ေသဆုံးၿပီးေနာက္ သီေပါတစ္ၿမိဳ႕နယ္လုံးရွိ အသက္ (၁၅)ႏွစ္ေအာက္ ကေလးမ်ားကုိ ကာကြယ္ေဆးထုိးႏွံေပးမည္ျဖစ္ သည္။

ရွမ္းျပည္နယ္ သီေပါၿမိဳ႕တြင္ ၿပီးခဲ့သည့္ ဩဂုတ္ ၂၄ ရက္က အ သက္(၉)ႏွစ္ကိုးလအရြယ္ မနန္း ေလာ၀္ႏြံဖုန္းသည္ ဆုံဆုိ႔နာေရာဂါပုိးေၾကာင့္ ႏွလုံးႂကြက္သား ေရာင္ကာ ေသဆုံးခဲ့သည္။

ယခုေသဆုံးသည့္ ကေလးအပါအ၀င္ တစ္လအတြင္း ဆုံဆုိ႔နာေရာဂါ သံသယလူနာရွစ္ဦးေတြ႕ရွိ၍ က်န္ရွိသည့္ခုနစ္ဦးအနက္ အသက္(၁၁)ႏွစ္အရြယ္ ကုိရင္တစ္ပါး ဆုံဆုိ႔နာေရာဂါျဖင့္ မႏၲေလးေဆး႐ုံႀကီး အထူးၾကပ္မတ္ကုသေဆာင္သုိ႔ လႊဲေျပာင္း ကုသမႈ ခံယူေနရသည္။

‘‘တစ္လအတြင္း ေတြ႕တဲ့ သံသယလူနာ ရွစ္ေယာက္မွာ ေလးေယာက္ အေျဖသိရၿပီ။ ႏွစ္ ေယာက္က ဆုံဆုိ႔နာဟုတ္တယ္။ ဟုတ္တဲ့ႏွစ္ေယာက္မွာ တစ္ ေယာက္က ေသသြားၿပီ။ ေနာက္ တစ္ေယာက္က အခုထိ အသည္း အသန္လုေနရတုန္း။ ႏွစ္ေယာက္ က ဆုံဆုိ႔နာမဟုတ္ဘူး။ က်န္တဲ့ ေလးေယာက္ကေတာ့ အေျဖမထြက္ေသးဘူး။ ပုိးေမြးထားတုန္း။ ေသဆုံးသြားတဲ့ကေလးဆုိ ကာ ကြယ္ေဆးကုိ တစ္ခါမွမထုိးဖူးဘူးေပါ့။ မိဘေတြအလုပ္ေၾကာင့္  ကာကြယ္ေဆး အလွမ္းကြာတဲ့ ေနရာမွာေနၿပီး ေက်ာင္းတက္တဲ့ အရြယ္ေရာက္ေတာ့မွ ၿမိဳ႕ကုိ ေျပာင္းလာတာေပါ့။ ကာကြယ္ေဆးသာထုိးခဲ့ရရင္ ဒီလုိ ဘယ္ျဖစ္ပါ့မလဲ’’ဟု သီေပါေဆး႐ုံအုပ္ ေဒါက္တာနႏၵ၀င္းက 7Day အား ေျပာၾကားသည္။

ကနဦးအေနျဖင့္ ကေလး ငယ္ ၄,၅၄၅ ဦးကုိ ထုိးႏွံေပးမည္ ျဖစ္ရာ လတ္တေလာဦးေရ ၁,၀၀၀ ကုိ ကာကြယ္ေဆးထုိးႏွံၿပီး ျဖစ္သည္။ က်န္ရွိသည့္ ကာကြယ္ ေဆးမထုိးရေသးေသာ အသက္ (၁၅)ႏွစ္ေအာက္ ကေလးငယ္ အားလုံးကုိ လာမည့္တစ္လအ တြင္း ထုိးႏွံေပးမည္ျဖစ္သည္။

‘‘သံသယရွိတဲ့ ကေလးေတြ အျပင္ က်န္တဲ့ကေလးေတြမွာ ေတြ႕တာလည္းရွိတယ္။ ဒါေပမဲ့ က်န္တဲ့ကေလးေတြက ဆုံဆုိ႔နာ ကာကြယ္ေဆးထုိးထားေတာ့ ဒီ လုိေရာဂါျဖစ္တဲ့အထိ မျဖစ္ေတာ့ ဘူး။ လည္ေခ်ာင္းနာတာေလးနဲ႔ပဲ ၿပီးသြားၿပီ။ ဒါေၾကာင့္ ကာကြယ္ ေဆး ဒီအခြင့္အေရးရတုန္းမွာ ကုိယ့္သားသမီးေတြ ကာကြယ္ ေဆး မလြတ္ပါေစနဲ႔။ ေဆးထုိးလုုိ႔ ဖ်ားမွာကုိ မေၾကာက္ပါနဲ႔။ ေဆး မထုိးေတာ့မွ ခုခ်ိန္မွာ ဘာပဲေျပာ ေျပာ ကေလးေတြက အသက္အႏၲ ရာယ္လည္းျဖစ္ေတာ့ အင္မတန္ ပင္ပန္းပါတယ္။ မိသားစုေတြ လည္း အင္မတန္စိတ္ညစ္ရပါ တယ္။ ကာကြယ္ေဆးမွန္မွန္ထုိး ေပးၾကပါ’’ဟု ေဒါက္တာနႏၵ၀င္း က တိုက္တြန္းသည္။

ျမန္မာႏုိင္ငံတြင္ ႏွစ္စဥ္ ဆုံ ဆုိ႔နာေရာဂါ ျဖစ္ပြားသူဦးေရ ၂၀ မွ ၆၀ ၾကားရွိၿပီး အသက္(၁၅)ႏွစ္ေအာက္ ကေလးမ်ားတြင္ ပုိမုိျဖစ္ပြားေလ့ရွိကာ ကူးစက္မႈျဖစ္ပြား လွ်င္ ေသဆုံးသူ ၁၀ မွ ၅၀ ရာခုိင္ႏႈန္းရွိႏုိင္ေၾကာင္း ကမၻာ့က်န္းမာ ေရးအဖြဲ႕က ခန္႔မွန္းထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7daydaily

#Unicode Version#
ဆုံဆို့နာရောဂါကြောင့် အသက် (၉)နှစ်ကိုးလအရွယ် ကလေးတစ်ဦး သေဆုံးပြီးနောက် သီပေါတစ်မြို့နယ်လုံးရှိ အသက် (၁၅)နှစ်အောက် ကလေးများကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ် သည်။

ရှမ်းပြည်နယ် သီပေါမြို့တွင် ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်က အ သက်(၉)နှစ်ကိုးလအရွယ် မနန်း လောဝ်နွံဖုန်းသည် ဆုံဆို့နာရောဂါပိုးကြောင့် နှလုံးကြွက်သား ရောင်ကာ သေဆုံးခဲ့သည်။

ယခုသေဆုံးသည့် ကလေးအပါအဝင် တစ်လအတွင်း ဆုံဆို့နာရောဂါ သံသယလူနာရှစ်ဦးတွေ့ရှိ၍ ကျန်ရှိသည့်ခုနစ်ဦးအနက် အသက်(၁၁)နှစ်အရွယ် ကိုရင်တစ်ပါး ဆုံဆို့နာရောဂါဖြင့် မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်သို့ လွှဲပြောင်း ကုသမှု ခံယူနေရသည်။

‘‘တစ်လအတွင်း တွေ့တဲ့ သံသယလူနာ ရှစ်ယောက်မှာ လေးယောက် အဖြေသိရပြီ။ နှစ် ယောက်က ဆုံဆို့နာဟုတ်တယ်။ ဟုတ်တဲ့နှစ်ယောက်မှာ တစ် ယောက်က သေသွားပြီ။ နောက် တစ်ယောက်က အခုထိ အသည်း အသန်လုနေရတုန်း။ နှစ်ယောက် က ဆုံဆို့နာမဟုတ်ဘူး။ ကျန်တဲ့ လေးယောက်ကတော့ အဖြေမထွက်သေးဘူး။ ပိုးမွေးထားတုန်း။ သေဆုံးသွားတဲ့ကလေးဆို ကာ ကွယ်ဆေးကို တစ်ခါမှမထိုးဖူးဘူးပေါ့။ မိဘတွေအလုပ်ကြောင့်  ကာကွယ်ဆေး အလှမ်းကွာတဲ့ နေရာမှာနေပြီး ကျောင်းတက်တဲ့ အရွယ်ရောက်တော့မှ မြို့ကို ပြောင်းလာတာပေါ့။ ကာကွယ်ဆေးသာထိုးခဲ့ရရင် ဒီလို ဘယ်ဖြစ်ပါ့မလဲ’’ဟု သီပေါဆေးရုံအုပ် ဒေါက်တာနန္ဒဝင်းက 7Day အား ပြောကြားသည်။

ကနဦးအနေဖြင့် ကလေး ငယ် ၄,၅၄၅ ဦးကို ထိုးနှံပေးမည် ဖြစ်ရာ လတ်တလောဦးရေ ၁,၀၀၀ ကို ကာကွယ်ဆေးထိုးနှံပြီး ဖြစ်သည်။ ကျန်ရှိသည့် ကာကွယ် ဆေးမထိုးရသေးသော အသက် (၁၅)နှစ်အောက် ကလေးငယ် အားလုံးကို လာမည့်တစ်လအ တွင်း ထိုးနှံပေးမည်ဖြစ်သည်။

‘‘သံသယရှိတဲ့ ကလေးတွေ အပြင် ကျန်တဲ့ကလေးတွေမှာ တွေ့တာလည်းရှိတယ်။ ဒါပေမဲ့ ကျန်တဲ့ကလေးတွေက ဆုံဆို့နာ ကာကွယ်ဆေးထိုးထားတော့ ဒီ လိုရောဂါဖြစ်တဲ့အထိ မဖြစ်တော့ ဘူး။ လည်ချောင်းနာတာလေးနဲ့ပဲ ပြီးသွားပြီ။ ဒါကြောင့် ကာကွယ် ဆေး ဒီအခွင့်အရေးရတုန်းမှာ ကိုယ့်သားသမီးတွေ ကာကွယ် ဆေး မလွတ်ပါစေနဲ့။ ဆေးထိုးလို့ ဖျားမှာကို မကြောက်ပါနဲ့။ ဆေး မထိုးတော့မှ ခုချိန်မှာ ဘာပဲပြော ပြော ကလေးတွေက အသက်အန္တ ရာယ်လည်းဖြစ်တော့ အင်မတန် ပင်ပန်းပါတယ်။ မိသားစုတွေ လည်း အင်မတန်စိတ်ညစ်ရပါ တယ်။ ကာကွယ်ဆေးမှန်မှန်ထိုး ပေးကြပါ’’ဟု ဒေါက်တာနန္ဒဝင်း က တိုက်တွန်းသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဆုံ ဆို့နာရောဂါ ဖြစ်ပွားသူဦးရေ ၂၀ မှ ၆၀ ကြားရှိပြီး အသက်(၁၅)နှစ်အောက် ကလေးများတွင် ပိုမိုဖြစ်ပွားလေ့ရှိကာ ကူးစက်မှုဖြစ်ပွား လျှင် သေဆုံးသူ ၁၀ မှ ၅၀ ရာခိုင်နှုန်းရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ခန့်မှန်းထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top