ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

လူ႕ခႏၵာကိုယ္ဟာ ေရဓာတ္ 50ရာႏႈန္းကေန 60ရာႏႈန္းထိပါ၀င္ ဖြဲ႕စည္းထားပါတယ္။ေရဟာ လူသားတို႔က်နိးမာေရးအတြက္ အသက္ေသြးေၾကာျဖစ္ပါတယ္။ ေရကိုေန႔စဥ္လံုေလာက္စြာ ေသာက္သံုးဖို႔ လိုအပ္တာ ကြၽႏု္ပ္တို႔ သိရိွၾကေပမယ့္ ေရၾကက္ေအးနဲ႔ေရခဲေရဘယ္ဟာကို ပိုမိုေသာက္သံုးသင့္မွန္း သိၾကသူနည္းပါးပါတယ္။ေရခဲေရနဲ႔ ေရၾကက္ေအးရဲ႕ ေကာင္းက်ဳိး ဆိုးက်ဴိးေတြကို ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။

ေရခဲေရ

-အပူခ်ိန္45’F ကေန 70’F အထိ ေအးစက္ေနေသာေရကိုဆိုလိုပါတယ္။ေႏြရာသီမွာ ေရခဲေရေသာက္တာေလာက္ လန္းဆန္းေစတာမရိွဘူးဆိုေပမယ့္ ေရခဲေရဟာ က်န္းမာေရးအတြက္ ဆိုးက်ဳိးမ်ားေၾကာင္းေတြ႕ရိွထားပါတယ္။

(1)အစာမေၾကျဖစ္ျခင္း

ေရခဲေရဟာ ေသြးေၾကာမ်ားကိုက်ံဳ႕ေစပါတယ္။ အစာေခ်စနစ္ကို ေႏွာင့္ေႏွးေစပါတယ္။ေရခဲေရေသာက္သူမ်ားဟာ အစာမေၾကျခင္းနဲ႔၀မ္းခ်ဴပအျခင္းကို ခံစားရပါတယ္။

(2)စြမ္းအင္အကုန္ျမန္ျခင္း

ေရခဲေရေသာက္ေသာအခါ ခႏၵာကိုယ္မွ ပံုမွန္အပူခ်ိန္ရရိွေစဖို႔ စြမ္းအင္ပိုမိုအသံုးျပဳရပါတယ္၊ဒါေၾကာင့္ တအားပင္ပန္းပူအိုက္ေနတာမ်ဳိးမဟုတ္ရင္ေရခဲေရကိုမေသာက္သင့္ပါဘူး။

(4)ခြၽဲပိုထြက္ျခင္း

ေရခဲေရေၾကာင့္ ခြၽဲပိုထေစေၾကာင္းေတြ႕ရိွခ်က္မ်ားစြာရိွပါတယ္။ဒါ့အျပင္ ကိုယ္ခံအားကိုက်ေစၿပီး အသက္႐ႉလမ္းေၾကာင္းေရာဂါမ်ားကို ျဖစ္ေပၚေစတတ္ပါတယ္။

ေရေႏြး /ေရၾကက္ေအး

80’Fကေန106’F အထိရိွေသာေရကိုဆိုလိုျခင္းျဖစ္ၿပီး ထိုမွ်ေလာက္ ပူေသာေရမဟူတ္သည့္တိုင္ ေရၾကက္ေအးအေနအထားေလာက္ကို ေသာက္သံုးသင့္ပါတယ္ ။

(1)အဆိပ္အေတာက္ေတြဖယ္ရွားေပးတယ္

မနက္ပိုင္းကို ေရေႏြးတစ္ခြက္ေသာက္ျခင္းျဖင့္ ကိုယ္ခႏၵာကိုဆိုးက်ဳိးျဖစ္ေစမယ့္ အဆိပ္မ်ားကိုဖယ္ရွားေပးပါတယ္။ေရေႏြးထဲ သံပုရာ တစ္စိတ္ထည့္ေသာက္ပါကပိုထိေရာက္မႈရိွပါတယ္။

(2)နာက်င္မႈသက္သာေစျခင္း

ေရေႏြးဟာ အနာသက္သာေစတဲ့ ဂုဏ္သတၱိရိွၿပီး ရာသီလာျခင္းႏွင့္ေခါင္းမူးျခင္းေၾကာင့္ ကိုက္ခဲျခင္းတို႔ကိုသက္သာေစပါတယ္။ႂကြက္တက္ေသာသူမ်ား ေရေႏြးေသာက္ျခင္းျဖင့္ သက္သာတာကိုေတြရပါတယ္။

(3)စိတ္ဖိစီးမႈေလ်ာ့ေစျခင္း

ေရေႏြးေႏြးေနဲ႔ေရခ်ဳိးျခင္းက စိတ္ဖိအားကိုက်ဆင္းေစသလိုပဲ ေရေႏြးေႏြးေသာက္ျခင္းဟာ စိတ္ဖိစီးမႈျဖစ္ေစတဲ့ Cortisolဟိုမုန္းကို နည္းပါးေစပါတယ္။

(4)ကယ္လိုရီက်ေစျခင္း

ေရေႏြးေသာက္ျခင္းေၾကာင့္ ကိုယ္တြင္းအပူခ်ိန္တက္ၿပီး အဆီမ်ားကိုေလာင္ကြၽမ္းေစပါတယ္။

(5)ေသြးလွည့္ပတ္မႈေကာင္းေစျခင္း

ေ၇ေႏြးေႏြးေသာက္ျခင္းသည္ ေသြးေၾကာမ်ားကို ပြင့္ေစၿပီး ေသြးလွည့္ပတ္ႏႈန္းေကာင္းမြန္ေစေသာေၾကာင့္ ေသြးတိုးေရာဂါ ကို ကာကြယ္ေပးပါတယ္။

(6)အစာေခ်စနစ္ေကာင္းမြန္ေစျခင္း

ေရေႏြးေသာက္ျခင္းဟာ အူလမ္းေၾကာင္းလႈပ္ရွားမႈကိုေကာင္းမြန္ေစၿပီး ၀မ္းခ်ဴပ္ျခင္းကိုသက္သာေစပါတယ္။

(7)အရြယ္မတိုင္မီရင့္ေရာ္ျခင္းကိုကာကြယ္ျခင္း

အိုမင္းရင့္ေရာ္ျခင္းဟာ အမ်ဳိးသမီးထုအတြက္ အိမ္မက္ဆိုးျဖစ္ပါတယ္။ ေရေႏြးဟာ အဆ္ပ္အေတာက္မ်ားကိုရွင္းထုတ္ေပးတဲ့အတြက္ က်န္းမာၾကည္လင္တဲ့အသားအေရကိုေပးစြမ္းပါတယ္။
ေရခ်င္းေတာ့တူတူပါပဲ။ ေရေအးေသာက္မလားေရေႏြးေသာက္မလားဆိုတာကို ေရြးခ်ယ္ဆံုးျဖတ္ႏိုင္ၾကမယ္လို႔ေမွ်ာ္လင့္ပါတယ္ေနာ္။

Writer_Dr Jue
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Daily Hot News
# Unicode Version ျဖင့္ ဖတ္ပါ #
လူ့ခန္ဒာကိုယ်ဟာ ရေဓာတ် 50ရာနှုန်းကနေ 60ရာနှုန်းထိပါဝင် ဖွဲ့စည်းထားပါတယ်။ရေဟာ လူသားတို့ကျနိးမာရေးအတွက် အသက်သွေးကြောဖြစ်ပါတယ်။ ရေကိုနေ့စဉ်လုံလောက်စွာ သောက်သုံးဖို့ လိုအပ်တာ ကျွနု်ပ်တို့ သိရှိကြပေမယ့် ရေကြက်အေးနဲ့ရေခဲရေဘယ်ဟာကို ပိုမိုသောက်သုံးသင့်မှန်း သိကြသူနည်းပါးပါတယ်။ရေခဲရေနဲ့ ရေကြက်အေးရဲ့ ကောင်းကျိုး ဆိုးကျိူးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ရေခဲရေ

-အပူချိန်45’F ကနေ 70’F အထိ အေးစက်နေသောရေကိုဆိုလိုပါတယ်။နွေရာသီမှာ ရေခဲရေသောက်တာလောက် လန်းဆန်းစေတာမရှိဘူးဆိုပေမယ့် ရေခဲရေဟာ ကျန်းမာရေးအတွက် ဆိုးကျိုးများကြောင်းတွေ့ရှိထားပါတယ်။

(1)အစာမကြေဖြစ်ခြင်း

ရေခဲရေဟာ သွေးကြောများကိုကျုံ့စေပါတယ်။ အစာချေစနစ်ကို နှောင့်နှေးစေပါတယ်။ရေခဲရေသောက်သူများဟာ အစာမကြေခြင်းနဲ့ဝမ်းချူပအခြင်းကို ခံစားရပါတယ်။

(2)စွမ်းအင်အကုန်မြန်ခြင်း

ရေခဲရေသောက်သောအခါ ခန္ဒာကိုယ်မှ ပုံမှန်အပူချိန်ရရှိစေဖို့ စွမ်းအင်ပိုမိုအသုံးပြုရပါတယ်၊ဒါကြောင့် တအားပင်ပန်းပူအိုက်နေတာမျိုးမဟုတ်ရင်ရေခဲရေကိုမသောက်သင့်ပါဘူး။

(4)ချွဲပိုထွက်ခြင်း

ရေခဲရေကြောင့် ချွဲပိုထစေကြောင်းတွေ့ရှိချက်များစွာရှိပါတယ်။ဒါ့အပြင် ကိုယ်ခံအားကိုကျစေပြီး အသက်ရှူလမ်းကြောင်းရောဂါများကို ဖြစ်ပေါ်စေတတ်ပါတယ်။

ရေနွေး /ရေကြက်အေး

80’Fကနေ106’F အထိရှိသောရေကိုဆိုလိုခြင်းဖြစ်ပြီး ထိုမျှလောက် ပူသောရေမဟူတ်သည့်တိုင် ရေကြက်အေးအနေအထားလောက်ကို သောက်သုံးသင့်ပါတယ် ။

(1)အဆိပ်အတောက်တွေဖယ်ရှားပေးတယ်

မနက်ပိုင်းကို ရေနွေးတစ်ခွက်သောက်ခြင်းဖြင့် ကိုယ်ခန္ဒာကိုဆိုးကျိုးဖြစ်စေမယ့် အဆိပ်များကိုဖယ်ရှားပေးပါတယ်။ရေနွေးထဲ သံပုရာ တစ်စိတ်ထည့်သောက်ပါကပိုထိရောက်မှုရှိပါတယ်။

(2)နာကျင်မှုသက်သာစေခြင်း

ရေနွေးဟာ အနာသက်သာစေတဲ့ ဂုဏ်သတ္တိရှိပြီး ရာသီလာခြင်းနှင့်ခေါင်းမူးခြင်းကြောင့် ကိုက်ခဲခြင်းတို့ကိုသက်သာစေပါတယ်။ကြွက်တက်သောသူများ ရေနွေးသောက်ခြင်းဖြင့် သက်သာတာကိုတွေရပါတယ်။

(3)စိတ်ဖိစီးမှုလျော့စေခြင်း

ရေနွေးနွေးနေဲ့ရေချိုးခြင်းက စိတ်ဖိအားကိုကျဆင်းစေသလိုပဲ ရေနွေးနွေးသောက်ခြင်းဟာ စိတ်ဖိစီးမှုဖြစ်စေတဲ့ Cortisolဟိုမုန်းကို နည်းပါးစေပါတယ်။

(4)ကယ်လိုရီကျစေခြင်း

ရေနွေးသောက်ခြင်းကြောင့် ကိုယ်တွင်းအပူချိန်တက်ပြီး အဆီများကိုလောင်ကျွမ်းစေပါတယ်။

(5)သွေးလှည့်ပတ်မှုကောင်းစေခြင်း

ရေနွေးနွေးသောက်ခြင်းသည် သွေးကြောများကို ပွင့်စေပြီး သွေးလှည့်ပတ်နှုန်းကောင်းမွန်စေသောကြောင့် သွေးတိုးရောဂါ ကို ကာကွယ်ပေးပါတယ်။

(6)အစာချေစနစ်ကောင်းမွန်စေခြင်း

ရေနွေးသောက်ခြင်းဟာ အူလမ်းကြောင်းလှုပ်ရှားမှုကိုကောင်းမွန်စေပြီး ဝမ်းချူပ်ခြင်းကိုသက်သာစေပါတယ်။

(7)အရွယ်မတိုင်မီရင့်ရော်ခြင်းကိုကာကွယ်ခြင်း

အိုမင်းရင့်ရော်ခြင်းဟာ အမျိုးသမီးထုအတွက် အိမ်မက်ဆိုးဖြစ်ပါတယ်။ ရေနွေးဟာ အဆ်ပ်အတောက်များကိုရှင်းထုတ်ပေးတဲ့အတွက် ကျန်းမာကြည်လင်တဲ့အသားအရေကိုပေးစွမ်းပါတယ်။
ရေချင်းတော့တူတူပါပဲ။ ရေအေးသောက်မလားရေနွေးသောက်မလားဆိုတာကို ရွေးချယ်ဆုံးဖြတ်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်နော်။

Writer_Dr Jue
ဖိုးသူတော် (www.phothutaw.com)
Credit:Daily Hot News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top