×

(၁၄)ႏွစ္သားသံုးဦးအား အရက္၊ မူးယစ္ေဆး၀ါးမ်ား တိုက္ ေကၽြးခဲ့ကာ အုပ္စုဖြဲ႔လိင္ဆက္ဆံ မႈျပဳလုပ္ခဲ့သည့္ အသက္(၄၀)ႏွစ္ အရြယ္အမ်ဳိးသမီးအား ေထာင္ႏွစ္ ႏွစ္ခြဲက်ခံေစရန္အဂၤလန္ႏုိင္ငံ၊ လိဒ္ တရား႐ံုးက အမိန္႔ခ်မွတ္လုိက္သည္။ တရားခံ ဘာဘလီတီလ္ယာမွာ သူမ အိမ္တြင္ ပါတီပြဲမ်ားျပဳလုပ္ၿပီး လူ ငယ္ေလးမ်ားအား အရက္၊ မူးယစ္ ေဆး၀ါးမ်ားေပးကာ ေသာက္သံုးေစခဲ့ သူျဖစ္သည္။

တီလ္ယာမွာ(၁၄)ႏွစ္ သားႏွစ္ဦးႏွင့္ လိင္ဆက္ဆံမႈျပဳလုပ္ ေနျခင္းအား တစ္ႀကိမ္တြင္ ဗီဒီယို ႐ိုက္ကူးခဲ့ၿပီး ဆယ္ေက်ာ္သက္တစ္ ဦး၏ ေနအိမ္သို႔ လုိက္သြားခဲ့ကာ လိင္ဆက္ဆံခဲ့ေသးေၾကာင္း တရား႐ံုး မွ ေဖာ္ျပခဲ့သည္။
အစိုးရေရွ႔ေန ေဒ့ဗ္မက္ ေကးက အဆိုပါက်ဴးလြန္မႈမ်ားအား တီလ္ယာက သူမ အသက္(၃၀)ေက်ာ္အရြယ္ ၂၀၁၁ ခုႏွစ္အတြင္း ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး ေနရာမ်ဳိးစံု တြင္ ျဖစ္ပြားခဲ့ေၾကာင္း၊ ပထမဆံုး ဆယ္ေက်ာ္သက္ႏွင့္ ေျခာက္ႀကိမ္၊ ဒုတိယ (၁၄)ႏွစ္သားႏွင့္ ႏွစ္ႀကိမ္၊ တတိယတစ္ဦးႏွင့္တစ္ႀကိမ္ လိင္ ဆက္ဆံမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ေျပာ ခဲ့သည္။ ၂၀၁၈ခု ႏွစ္တြင္ အမ်ဳိး သမီးတစ္ဦး၏ တိုင္ၾကားခဲ့မႈေၾကာင့္ သက္ဆိုင္ရာမွသိရွိသြားခဲ့ၿပီး ယင္း ဆယ္ေက်ာ္သက္မ်ားအား စစ္ေဆး ခဲ့ကာ တီလ္ယာအား ဖမ္းဆီးခဲ့ၾက သည္။

အစပိုင္းတြင္ တီလ္ယာက သူမကို ဆယ္ေက်ာ္သက္သံုးဦးတို႔က ၀ိုင္း၍မုဒိမ္းက်င့္ခဲ့ၾကသည္ဟု လိမ္ ညာေနခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္မူ က်ဴးလြန္ခဲ့မႈမ်ားကို ၀န္ခံသြားခဲ့ သည္။ တီလ္ယာအေနျဖင့္ ေထာင္မွ လြတ္ေျမာက္လာခဲ့လွ်င္လည္း လိင္ ပိုင္းဆိုင္ရာက်ဴးလြန္သူ တရားခံ အေနျဖင့္ (၁၀)ႏွစ္စာရင္းသြင္းခံထား ရဦးမည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: N.G
# Unicode Version ျဖင့္ ဖတ္ပါ #
(၁၄)နှစ်သားသုံးဦးအား အရက်၊ မူးယစ်ဆေးဝါးများ တိုက် ကျွေးခဲ့ကာ အုပ်စုဖွဲ့လိင်ဆက်ဆံ မှုပြုလုပ်ခဲ့သည့် အသက်(၄၀)နှစ် အရွယ်အမျိုးသမီးအား ထောင်နှစ် နှစ်ခွဲကျခံစေရန်အင်္ဂလန်နိုင်ငံ၊ လိဒ် တရားရုံးက အမိန့်ချမှတ်လိုက်သည်။ တရားခံ ဘာဘလီတီလ်ယာမှာ သူမ အိမ်တွင် ပါတီပွဲများပြုလုပ်ပြီး လူ ငယ်လေးများအား အရက်၊ မူးယစ် ဆေးဝါးများပေးကာ သောက်သုံးစေခဲ့ သူဖြစ်သည်။

တီလ်ယာမှာ(၁၄)နှစ် သားနှစ်ဦးနှင့် လိင်ဆက်ဆံမှုပြုလုပ် နေခြင်းအား တစ်ကြိမ်တွင် ဗီဒီယို ရိုက်ကူးခဲ့ပြီး ဆယ်ကျော်သက်တစ် ဦး၏ နေအိမ်သို့ လိုက်သွားခဲ့ကာ လိင်ဆက်ဆံခဲ့သေးကြောင်း တရားရုံး မှ ဖော်ပြခဲ့သည်။
အစိုးရရှေ့နေ ဒေ့ဗ်မက် ကေးက အဆိုပါကျူးလွန်မှုများအား တီလ်ယာက သူမ အသက်(၃၀)ကျော်အရွယ် ၂၀၁၁ ခုနှစ်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နေရာမျိုးစုံ တွင် ဖြစ်ပွားခဲ့ကြောင်း၊ ပထမဆုံး ဆယ်ကျော်သက်နှင့် ခြောက်ကြိမ်၊ ဒုတိယ (၁၄)နှစ်သားနှင့် နှစ်ကြိမ်၊ တတိယတစ်ဦးနှင့်တစ်ကြိမ် လိင် ဆက်ဆံမှုများပြုလုပ်ခဲ့ကြောင်း ပြော ခဲ့သည်။ ၂၀၁၈ခု နှစ်တွင် အမျိုး သမီးတစ်ဦး၏ တိုင်ကြားခဲ့မှုကြောင့် သက်ဆိုင်ရာမှသိရှိသွားခဲ့ပြီး ယင်း ဆယ်ကျော်သက်များအား စစ်ဆေး ခဲ့ကာ တီလ်ယာအား ဖမ်းဆီးခဲ့ကြ သည်။

အစပိုင်းတွင် တီလ်ယာက သူမကို ဆယ်ကျော်သက်သုံးဦးတို့က ဝိုင်း၍မုဒိမ်းကျင့်ခဲ့ကြသည်ဟု လိမ် ညာနေခဲ့သော်လည်း နောက်ပိုင်းတွင်မူ ကျူးလွန်ခဲ့မှုများကို ဝန်ခံသွားခဲ့ သည်။ တီလ်ယာအနေဖြင့် ထောင်မှ လွတ်မြောက်လာခဲ့လျှင်လည်း လိင် ပိုင်းဆိုင်ရာကျူးလွန်သူ တရားခံ အနေဖြင့် (၁၀)နှစ်စာရင်းသွင်းခံထား ရဦးမည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: N.G
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top