ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×


 ၿမိဳ႕တစ္ၿမိဳ႕ရဲ႕ အလယ္မွာ ေက်ာက္႐ုပ္ထုႀကီးတစ္ခုကို ခန္႔ညားထည္ဝါစြာ တည္ေဆာက္ထားပါတယ္။ ကမၻာအႏွံ႔က ခရီးသြားဧည့္သည္ေတြဟာ ဒီၿမိဳ႕ကိုေရာက္တာနဲ႔

႐ုပ္ထုႀကီးဆီကို အေရာက္လာၾကၿပီး ႐ုပ္ထုႀကီးနဲ႔ အမွတ္တရဓာတ္ပုံေတြ ႐ိုက္ၾကပါတယ္။ တစ္ညမွာေတာ့ ေက်ာက္႐ုပ္ထုႀကီးရဲ႕ ေအာက္ေျခမွာခင္းထားတဲ့ ေက်ာက္ျပားႀကီးက အခုလိုပဲ ေျပာပါတယ္။

" ေဟး… ႐ုပ္ထုႀကီး ကမၻာအႏွံ႔ကလူေတြက ငါတို႔ဆီကိုလာၾကတယ္။ ငါ့ကိုဂ႐ုမစိုက္ဘဲ အေပၚကေနျဖတ္ေလၽွာက္သြားေပမဲ့ မင္းကိုေတာ့ ႀကီးက်ယ္ခမ္းနားလွပတဲ့အေၾကာင္းေတြေျပာၿပီး အမွတ္တရဓါတ္ပုံေတြ ႐ိုက္သြားၾကတယ္။ မတရားဘူးကြာ "လို႔ ေျပာလိုက္ပါတယ္။

အဲဒီအခါ ေက်ာက္႐ုပ္ထုႀကီးက " သူငယ္ခ်င္း ေက်ာက္ျပားႀကီး…ငါေရာမင္းေရာ ေက်ာက္ဂူႀကီးတစ္ခုထဲကေန လာခဲ့တာကို မွတ္မိေသးလား " လို႔ ဆိုလိုက္ပါတယ္။

" သိပ္မွတ္မိတာေပါ့။ အဲဒါေၾကာင့္ ငါမတရားဘူးလို႔ ေျပာတာေပါ့"လို႔ ေက်ာက္ျပားႀကီးက ဆိုပါတယ္။

" သူငယ္ခ်င္း… လူတစ္ေယာက္က မင္းကို ပုံသြင္းဖို႔ ႀကိဳးစားခဲ့တဲ့ ေန႔ေလးကိုေရာ မွတ္မိေသးလား။ ဒါေပမဲ့ မင္းက ပုံသြင္းတာကို လက္မခံခဲ့ဘူးေလ"



ေက်ာက္ျပားႀကီးက "ဟုတ္တယ္ေလ။ ငါမႏွစ္သက္တဲ့ ကိရိယာ၊ တန္ဆာပလာေတြနဲ႔ ငါ့ကိုယ္ေပၚမွာ ၾကမ္းၾကမ္းတမ္းတမ္းျပဳမူေနတာကို ငါမႀကိဳက္လို႔ ငါခုခံခဲ့တာ"လို႔ေျပာလိုက္တဲ့အခါ ေက်ာက္႐ုပ္ထုႀကီးက အခုလိုပဲေျပာလိုက္ပါတယ္။

" မင္းက အဲ့ဒီလို နာက်င္လို႔ခုခံလိုက္တာေၾကာင့္ ေက်ာက္႐ုပ္ထုျပဳလုပ္တဲ့သူက သူမင္းနဲ႔ အလုပ္လုပ္လို႔မရဘူးဆိုၿပီးေတာ့ ငါ့ကို ေ႐ြးခ်ယ္ခဲ့တာ။ ငါက နာက်င္မႈေတြကို လ်စ္လ်ဴ႐ႈၿပီးေတာ့ ေက်ာက္႐ုပ္ထုျပဳလုပ္တဲ့သူ လိုခ်င္တဲ့ပုံစံရေအာင္ ကူညီေပးခဲ့တယ္။ အဲ့ဒါေၾကာင့္ အခုလိုမ်ိဳး ေက်ာက္႐ုပ္ထုဘဝကို ေရာက္ခဲ့တာပါ။ မင္းသာ အစကတည္းက ေက်ာက္႐ုပ္ထုျပဳလုပ္တဲ့သူရဲ႕ ပုံသြင္းတာကိုလက္ခံခဲ့မယ္ဆိုရင္ ငါ့ကိုမေ႐ြးခ်ယ္ဘဲ မင္းကိုပဲ ေက်ာက္႐ုပ္ထုအျဖစ္ ပုံသြင္းမွာပါ။

ဒီအေၾကာင္းအရာေလးကေနေပးခ်င္တဲ့ အသိေလးကေတာ့ သင္ဟာ အဆင္မေျပမႈေတြ၊ နာက်င္မႈေတြ ေတြ႕ႀကဳံတိုင္း အ႐ႈံးေပးလိုက္မယ္ဆိုရင္ေတာ့ လုံလ၊ ဝီရိယရွိတဲ့ အျခားသူေတြနဲ႔ယွဥ္လိုက္ရင္ အၿမဲေနာက္ေကာက္က်ေနမွာပါ။ တစ္ခဏတာ နာက်င္မႈေတြ၊ အဆင္မေျပမႈေတြက တစ္ဘဝတာအတြက္ ေအာင္ျမင္မႈေတြကို ျဖစ္ေပၚလာေစႏိုင္ပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Paradise (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
မြို့တစ်မြို့ရဲ့ အလယ်မှာ ကျောက်ရုပ်ထုကြီးတစ်ခုကို ခန့်ညားထည်ဝါစွာ တည်ဆောက်ထားပါတယ်။ ကမ္ဘာအနှံ့က ခရီးသွားဧည့်သည်တွေဟာ ဒီမြို့ကိုရောက်တာနဲ့

ရုပ်ထုကြီးဆီကို အရောက်လာကြပြီး ရုပ်ထုကြီးနဲ့ အမှတ်တရဓာတ်ပုံတွေ ရိုက်ကြပါတယ်။ တစ်ညမှာတော့ ကျောက်ရုပ်ထုကြီးရဲ့ အောက်ခြေမှာခင်းထားတဲ့ ကျောက်ပြားကြီးက အခုလိုပဲ ပြောပါတယ်။

" ဟေး… ရုပ်ထုကြီး ကမ္ဘာအနှံ့ကလူတွေက ငါတို့ဆီကိုလာကြတယ်။ ငါ့ကိုဂရုမစိုက်ဘဲ အပေါ်ကနေဖြတ်လျှောက်သွားပေမဲ့ မင်းကိုတော့ ကြီးကျယ်ခမ်းနားလှပတဲ့အကြောင်းတွေပြောပြီး အမှတ်တရဓါတ်ပုံတွေ ရိုက်သွားကြတယ်။ မတရားဘူးကွာ "လို့ ပြောလိုက်ပါတယ်။

အဲဒီအခါ ကျောက်ရုပ်ထုကြီးက " သူငယ်ချင်း ကျောက်ပြားကြီး…ငါရောမင်းရော ကျောက်ဂူကြီးတစ်ခုထဲကနေ လာခဲ့တာကို မှတ်မိသေးလား " လို့ ဆိုလိုက်ပါတယ်။

" သိပ်မှတ်မိတာပေါ့။ အဲဒါကြောင့် ငါမတရားဘူးလို့ ပြောတာပေါ့"လို့ ကျောက်ပြားကြီးက ဆိုပါတယ်။

" သူငယ်ချင်း… လူတစ်ယောက်က မင်းကို ပုံသွင်းဖို့ ကြိုးစားခဲ့တဲ့ နေ့လေးကိုရော မှတ်မိသေးလား။ ဒါပေမဲ့ မင်းက ပုံသွင်းတာကို လက်မခံခဲ့ဘူးလေ"

ကျောက်ပြားကြီးက "ဟုတ်တယ်လေ။ ငါမနှစ်သက်တဲ့ ကိရိယာ၊ တန်ဆာပလာတွေနဲ့ ငါ့ကိုယ်ပေါ်မှာ ကြမ်းကြမ်းတမ်းတမ်းပြုမူနေတာကို ငါမကြိုက်လို့ ငါခုခံခဲ့တာ"လို့ပြောလိုက်တဲ့အခါ ကျောက်ရုပ်ထုကြီးက အခုလိုပဲပြောလိုက်ပါတယ်။

" မင်းက အဲ့ဒီလို နာကျင်လို့ခုခံလိုက်တာကြောင့် ကျောက်ရုပ်ထုပြုလုပ်တဲ့သူက သူမင်းနဲ့ အလုပ်လုပ်လို့မရဘူးဆိုပြီးတော့ ငါ့ကို ရွေးချယ်ခဲ့တာ။ ငါက နာကျင်မှုတွေကို လျစ်လျူရှုပြီးတော့ ကျောက်ရုပ်ထုပြုလုပ်တဲ့သူ လိုချင်တဲ့ပုံစံရအောင် ကူညီပေးခဲ့တယ်။ အဲ့ဒါကြောင့် အခုလိုမျိုး ကျောက်ရုပ်ထုဘဝကို ရောက်ခဲ့တာပါ။ မင်းသာ အစကတည်းက ကျောက်ရုပ်ထုပြုလုပ်တဲ့သူရဲ့ ပုံသွင်းတာကိုလက်ခံခဲ့မယ်ဆိုရင် ငါ့ကိုမရွေးချယ်ဘဲ မင်းကိုပဲ ကျောက်ရုပ်ထုအဖြစ် ပုံသွင်းမှာပါ။

ဒီအကြောင်းအရာလေးကနေပေးချင်တဲ့ အသိလေးကတော့ သင်ဟာ အဆင်မပြေမှုတွေ၊ နာကျင်မှုတွေ တွေ့ကြုံတိုင်း အရှုံးပေးလိုက်မယ်ဆိုရင်တော့ လုံလ၊ ဝီရိယရှိတဲ့ အခြားသူတွေနဲ့ယှဉ်လိုက်ရင် အမြဲနောက်ကောက်ကျနေမှာပါ။ တစ်ခဏတာ နာကျင်မှုတွေ၊ အဆင်မပြေမှုတွေက တစ်ဘဝတာအတွက် အောင်မြင်မှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit:Paradise (ရိုးရာလေး)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top