×

ရန္ကုန္၊ တာေမြၿမိဳ႕နယ္မွာ မေန႔ညက ျဖစ္ပြားခဲ့တဲ့ ဓားခုတ္မႈမွာ က်ဴးလြန္သူ ၈ ဦးကို ဒီေန႔ စက္တင္ဘာ ၁၂ရက္ ညေနပိုင္းက  တာေမြၿမိဳ႕နယ္တရားရံုးမွာ ႐ုံးထုတ္ရမန္ယူ ခဲ့ပါတယ္။

ရန္ကုန္တိုင္းရဲတပ္ဖြဲ႔ရဲ႕ ထုတ္ျပန္ခ်က္အရ ဒီလူသတ္မႈဟာ ကေလးခ်င္း ျပႆနာ ျဖစ္ရာ ကေန လူႀကီးေတြပါ ပါ၀င္လာၿပီး ညအခ်ိန္မွာ ဓားနဲ႔ ၀င္ခုတ္မႈျဖစ္ပြားခဲ့တာလို႔ ထုတ္ျပန္ထား ပါတယ္။

လက္ရွိမွာေတာ့က်ဴးလြန္သူေတြကို တာေမြၿမိဳ႕နယ္ရဲစခန္းက (ပ) ၈၈၃/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂/၃၂၆/၁၁၄နဲ႔ အသတ္ခံရသူ အမ်ိဳးသားရဲ႕ ဇနီးက အမႈဖြင့္ထားပါတယ္။

ဒီအမႈနဲ႔ပတ္သက္ၿပီး ဒုတိယ႐ုံးခ်ိန္းကိုေတာ့ စက္တင္ဘာ ၂၆ ရက္ေန႔ကို ျပန္လည္ခ်ိန္းဆိုထားပါတယ္။

တာေမြၿမိဳ႕နယ္၊ (က) ရပ္ကြက္မွာ ေနထိုင္တဲ့  မိသားတစုဟာ မေန႔ ည ၁၀ နာရီေက်ာ္ ကတိုက္ေအာက္ကို ဆင္းလာခ်ိန္မွာ လမ္းတဖက္ ကား ၃ စီးေပၚက လူတစုဆင္းလာၿပီး ပါလာတဲ့ လွံ၊ ဓားေတြနဲ႔ခုတ္တိုက္ခုိက္ခဲ့တာလို႔ ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ပါတယ္။

ဒီျဖစ္စဥ္မွာ အမ်ဳိးသားတဦးက ညာလက္ ထိုးသြင္းဒဏ္ရာရၿပီး အလုပ္သမားျဖစ္သူက ဘယ္ပခံုး ထိုးသြင္းဒဏ္ရာ၊ ဘယ္မ်က္႐ိုး ထိုးသြင္းဒဏ္ရာ၊ ေခါင္းေနာက္ေစ့ ျပတ္ရွဒဏ္ရာေတြ ရခဲ့ပါတယ္။

ကတုံးမ(ခ) ေဇာ္ဟိန္းသူမွာေတာ့ ဦးေခါင္း ေနာက္ေစ့ျပတ္ရွဒဏ္ရာ၊ ဘယ္မ်က္ခုံး ဖူးေရာင္ဒဏ္ရာ၊ ဘယ္မ်က္လုံးျပတ္ရွဒဏ္ရာ၊ ရင္ၫြန္႔ထုိးသြင္းဒဏ္ရာ၊ ဘယ္နံေဘးထိုးသြင္း ဒဏ္ရာ၊ ေက်ာကုန္းဘယ္ဘက္ထိုးသြင္းဒဏ္ရာ၊ ညာဘက္ေပါင္ ျပတ္ရွဒဏ္ရာေတြရခဲ့လို႔ ရန္ကုန္ျပည္သူ႔ ေဆး႐ံုႀကီးသုိ႔ ပို႔ေဆာင္ေနတုန္းမွာ ေသဆံုးသြားပါတယ္။

မေန႔က ညေန ၅ နာရီအခ်ိန္က  ကတုံးမ(ခ) ေဇာ္ဟိန္းသူနဲ႔ သူ႔ဇနီးတို႔မိသားစုဟာ က်ိဳကၠဆံလမ္းမေပၚက ကေလးကစားတဲ့ ဆိုင္မွာ ဂိမ္းေဆာ့ရင္း ဆိုင္ေရွ႕မွာ ကေလး တေယာက္က သူ႔ရဲ႕ ကေလးကို ကစားစရာေသနတ္ျဖင့္ ေခါင္းကိုထုေနလို႔ မထုဖို႔ ေျပာခဲ့တယ္လို႔ ဆိုပါတယ္။

ဒီလိုေျပာရာကေန ကေလးမိခင္နဲ႔ စကားမ်ားခဲ့ၿပီး ည ၁၀ နာရီ ၁၅ မိနစ္မွာ ဝင္းထြဋ္ဝင္းဆိုသူက ကတုံးမ(ခ) ေဇာ္ဟိန္းသူရဲ႕ ေယာက္ခမကို ဖုန္းဆက္ၿပီး ဖုန္းထဲမွာ အျပန္အလွန္စကားမ်ားခဲ့တယ္လို႔ ရဲသတင္းမွာ ေဖာ္ျပထားပါတယ္။

ကတုံးမ(ခ)ေဇာ္ဟိန္းသူေသဆံုးခဲ့လု႔ိ တာေမြၿမိဳ႕မရဲစခန္းမွာ တိုင္ၾကားခဲ့ၿပီးေနာက္  အေရွ႕ပိုင္း ခ႐ိုင္ ရဲတပ္ဖြဲ႔မႉး႐ံုး၊ မႈခင္းႏွိမ္နင္းေရးဌာနစုကတပ္ဖြဲ႔ဝင္ေတြနဲ႔ ပူးေပါင္းအဖြဲ႔က အခင္းျဖစ္ေနရာကို သြားေရာက္စစ္ေဆးၿပီး ျပစ္မႈက်ဴးလြန္သူေတြ က်န္ခဲ့တဲ့ Toyota Succeed အျပာေရာင္အငွားကားေပၚက ဓားရွည္ ၉ ေခ်ာင္း၊ ဓားတို ၂ ေခ်ာင္း၊ လွံ  ၂ ေခ်ာင္း၊ ပုဆိန္ ၁ လက္၊ သံလက္သီးကြင္း ၁ ခုနဲ႔ တာေမြယာယီေစ်းေရွ႕အမႈိက္ပုံနားက ဓားရွည္ ၂ ေခ်ာင္း၊ တာေမြ ယာယီေစ်း အေနာက္ လူဝင္ေပါက္နားက ဓားရွည္ ၂ ေခ်ာင္းတို႔ကို ေတြ႔ရွိသိမ္းဆည္းခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီေနာက္ ည ၁၁ နာရီခြဲေလာက္မွာ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ၂၆ ရပ္ကြက္၊ ျပည္ေထာင္စု လမ္းမေပၚ တကၠစီ တစီးေပၚက  ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ေန ျဖဴတုတ္(ခ) သိန္းေထြးကို ရန္ျဖစ္တုန္းကရခဲ့တဲ့ ဘယ္လက္ဖဝါး ျပတ္ရွဒဏ္ရာနဲ႔ ဖမ္းဆီးရမိၿပီး သာေကတၿမိဳ႕နယ္ေန သံဗုေဒၶ(ခ)ဝင္းႏိုင္၊ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း)ၿမိဳ႕နယ္ေန သီဟေအာင္နဲ႔ ယဥ္မိုး(ခ)မိုးႀကီးတို႔ကိုလည္း ဖမ္းမိခဲ့ပါတယ္။

ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ေန ဝင္းျမင့္ကေတာ့ ကားနဲ႔ ထြက္ေျပး တာေၾကာင့္ ရဲတပ္ဖြဲ႔ဝင္ေတြက လိုက္ဖမ္းရာမွာ ည ၁၁ နာရီခြဲအခ်ိန္မွာ သာေကတၿမိဳ႕နယ္၊ (၉)ရပ္ကြက္၊ နဝရတ္လမ္းေပၚမွာ ကားရပ္ဆင္းလာၿပီး ျပန္ခုခံလို႔ ပန္႔အက္ရွင္ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့ ခဲ့ပါတယ္။

အဲဒီေနာက္ ဒီေန႔မနက္အေစာပိုင္း ၁ နာရီေလာက္မွာ သာေကတၿမိဳ႕နယ္ေန သိန္းထိုက္ေအာင္(ခ)အန္းကုန္း၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ေန မင္းေအာင္တို႔ကို  ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္ မဂၤလာလမ္းေပၚမွာ ဖမ္းမိပါတယ္။

မနက္ ၂ နာရီေက်ာ္မွာ သာေကတၿမိဳ႕နယ္ေန ဝင္းထြဋ္ဝင္းကို ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း) ၿမိဳ႕နယ္ ရထားသံလမ္းအနီး၊ ေဗလုဝေကြ႔မွာ အသီးသီးဖမ္းဆီးရမိခဲ့ပါတယ္။

ဖမ္းဆီးရမိထားတဲ့ ဝင္းထြဋ္ဝင္းအပါအဝင္ ၈ ေယာက္ကို တာေမြၿမိဳ႕မရဲစခန္းမွာ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၂၆/၁၁၄ တို႔နဲ႔ အမႈဖြင့္လွစ္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်၊ တာမွေမြို့နယ်မှာ မနေ့ညက ဖြစ်ပွားခဲ့တဲ့ ဓားခုတ်မှုမှာ ကျူးလွန်သူ ၈ ဦးကို ဒီနေ့ စက်တင်ဘာ ၁၂ရက် ညနေပိုင်းက  တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ရမန်ယူ ခဲ့ပါတယ်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဒီလူသတ်မှုဟာ ကလေးချင်း ပြဿနာ ဖြစ်ရာ ကနေ လူကြီးတွေပါ ပါဝင်လာပြီး ညအချိန်မှာ ဓားနဲ့ ဝင်ခုတ်မှုဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ထား ပါတယ်။

လက်ရှိမှာတော့ကျူးလွန်သူတွေကို တာမွေမြို့နယ်ရဲစခန်းက (ပ) ၈၈၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆/၁၁၄နဲ့ အသတ်ခံရသူ အမျိုးသားရဲ့ ဇနီးက အမှုဖွင့်ထားပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ဒုတိယရုံးချိန်းကိုတော့ စက်တင်ဘာ ၂၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

တာမွေမြို့နယ်၊ (က) ရပ်ကွက်မှာ နေထိုင်တဲ့  မိသားတစုဟာ မနေ့ ည ၁၀ နာရီကျော် ကတိုက်အောက်ကို ဆင်းလာချိန်မှာ လမ်းတဖက် ကား ၃ စီးပေါ်က လူတစုဆင်းလာပြီး ပါလာတဲ့ လှံ၊ ဓားတွေနဲ့ခုတ်တိုက်ခိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်မှာ အမျိုးသားတဦးက ညာလက် ထိုးသွင်းဒဏ်ရာရပြီး အလုပ်သမားဖြစ်သူက ဘယ်ပခုံး ထိုးသွင်းဒဏ်ရာ၊ ဘယ်မျက်ရိုး ထိုးသွင်းဒဏ်ရာ၊ ခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာတွေ ရခဲ့ပါတယ်။

ကတုံးမ(ခ) ဇော်ဟိန်းသူမှာတော့ ဦးခေါင်း နောက်စေ့ပြတ်ရှဒဏ်ရာ၊ ဘယ်မျက်ခုံး ဖူးရောင်ဒဏ်ရာ၊ ဘယ်မျက်လုံးပြတ်ရှဒဏ်ရာ၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ၊ ဘယ်နံဘေးထိုးသွင်း ဒဏ်ရာ၊ ကျောကုန်းဘယ်ဘက်ထိုးသွင်းဒဏ်ရာ၊ ညာဘက်ပေါင် ပြတ်ရှဒဏ်ရာတွေရခဲ့လို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်နေတုန်းမှာ သေဆုံးသွားပါတယ်။

မနေ့က ညနေ ၅ နာရီအချိန်က  ကတုံးမ(ခ) ဇော်ဟိန်းသူနဲ့ သူ့ဇနီးတို့မိသားစုဟာ ကျိုက္ကဆံလမ်းမပေါ်က ကလေးကစားတဲ့ ဆိုင်မှာ ဂိမ်းဆော့ရင်း ဆိုင်ရှေ့မှာ ကလေး တယောက်က သူ့ရဲ့ ကလေးကို ကစားစရာသေနတ်ဖြင့် ခေါင်းကိုထုနေလို့ မထုဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုပြောရာကနေ ကလေးမိခင်နဲ့ စကားများခဲ့ပြီး ည ၁၀ နာရီ ၁၅ မိနစ်မှာ ဝင်းထွဋ်ဝင်းဆိုသူက ကတုံးမ(ခ) ဇော်ဟိန်းသူရဲ့ ယောက်ခမကို ဖုန်းဆက်ပြီး ဖုန်းထဲမှာ အပြန်အလှန်စကားများခဲ့တယ်လို့ ရဲသတင်းမှာ ဖော်ပြထားပါတယ်။

ကတုံးမ(ခ)ဇော်ဟိန်းသူသေဆုံးခဲ့လု့ိ တာမွေမြို့မရဲစခန်းမှာ တိုင်ကြားခဲ့ပြီးနောက်  အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုကတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့က အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးပြီး ပြစ်မှုကျူးလွန်သူတွေ ကျန်ခဲ့တဲ့ Toyota Succeed အပြာရောင်အငှားကားပေါ်က ဓားရှည် ၉ ချောင်း၊ ဓားတို ၂ ချောင်း၊ လှံ  ၂ ချောင်း၊ ပုဆိန် ၁ လက်၊ သံလက်သီးကွင်း ၁ ခုနဲ့ တာမွေယာယီဈေးရှေ့အမှိုက်ပုံနားက ဓားရှည် ၂ ချောင်း၊ တာမွေ ယာယီဈေး အနောက် လူဝင်ပေါက်နားက ဓားရှည် ၂ ချောင်းတို့ကို တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ည ၁၁ နာရီခွဲလောက်မှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၆ ရပ်ကွက်၊ ပြည်ထောင်စု လမ်းမပေါ် တက္ကစီ တစီးပေါ်က  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဖြူတုတ်(ခ) သိန်းထွေးကို ရန်ဖြစ်တုန်းကရခဲ့တဲ့ ဘယ်လက်ဖဝါး ပြတ်ရှဒဏ်ရာနဲ့ ဖမ်းဆီးရမိပြီး သာကေတမြို့နယ်နေ သံဗုဒ္ဓေ(ခ)ဝင်းနိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်နေ သီဟအောင်နဲ့ ယဉ်မိုး(ခ)မိုးကြီးတို့ကိုလည်း ဖမ်းမိခဲ့ပါတယ်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ဝင်းမြင့်ကတော့ ကားနဲ့ ထွက်ပြေး တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက လိုက်ဖမ်းရာမှာ ည ၁၁ နာရီခွဲအချိန်မှာ သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ နဝရတ်လမ်းပေါ်မှာ ကားရပ်ဆင်းလာပြီး ပြန်ခုခံလို့ ပန့်အက်ရှင်သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ ခဲ့ပါတယ်။

အဲဒီနောက် ဒီနေ့မနက်အစောပိုင်း ၁ နာရီလောက်မှာ သာကေတမြို့နယ်နေ သိန်းထိုက်အောင်(ခ)အန်းကုန်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ မင်းအောင်တို့ကို  ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မင်္ဂလာလမ်းပေါ်မှာ ဖမ်းမိပါတယ်။

မနက် ၂ နာရီကျော်မှာ သာကေတမြို့နယ်နေ ဝင်းထွဋ်ဝင်းကို ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် ရထားသံလမ်းအနီး၊ ဗေလုဝကွေ့မှာ အသီးသီးဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိထားတဲ့ ဝင်းထွဋ်ဝင်းအပါအဝင် ၈ ယောက်ကို တာမွေမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ တို့နဲ့ အမှုဖွင့်လှစ်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top