မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

၁၃.၉.၂၀၁၈ ညေနပိုင္းက ညီျဖစ္သူ၏ သတင္းအရခ်မ္းျငိမ္းသူမွ ရဲေဘာ္ေဟာင္းသို႕ လိုက္သြားရာ ညီျဖစ္သူမွာဘာမွမျဖစ္ေၾကာင္းသိရသည့္အခါ (၁၂)ရက္ေန႕ကတည္းက ဆုမဲျပည့္ျပီျဖစ္သျဖင့္ ရဲေဘာ္ေဟာင္းေစ်း၌ (၅၀၀၀) ဆုမဲ စုထားသည့္ ဆုမဲရရွိေငြ(၁၈)သိန္းအား ထုတ္ယူ၍ ရဲေဘာ္ေဟာင္းမွတ္တိုင္မွ (၈၈)ကားကိုစီးကာသမိုင္းလမ္းဆံုတြင္ ဆင္းခဲ့ေၾကာင္း သမိုင္းလမ္းဆံုမွတဆင့္ YBS(၆၅)အဝါကားကို စီးကာ ေ႐ႊျပည္သာသို႕ျပန္ခဲ့သည္။

ခ်မ္းျငိမ္းသူမွာ ေရႊျပည္သာျမိဳ႕နယ္ ပုလဲလမ္း(၈၁)မွတ္တိုင္တြင္ ဆင္းရမည္ကို စိတ္နဲ႕ကိုယ္ လြတ္ေနသလိုခံစားရျပီး လူအုပ္ၾကီးႏွင့္အတူ ၁၄လမ္းဆံုမွတ္တိုင္၌ဆင္းခဲ့မိေၾကာင္း ေအာက္သို႕ေရာက္ျပီးေနာက္လူ(၆)ဦးမွ အသာအယာေခၚေဆာင္သြားသည္ကို လိုက္ပါသြားခဲ့ျပီး တစ္ဖက္ကားလမ္းသို႕ကူးကာ ေရႊျပည္သာတံတားဘက္ျခမ္းသို႕သြားသည့္ဘက္၌ ရပ္ထားေသာ ပါဂ်ဲရိုးပံုစံ အနက္ေရာင္ကား ဆီသို႕ေရာက္သည့္အခါမွပါးစပ္ပိတ္ကာ ကားေပၚသို႕ဆြဲတင္၍ ေခၚေဆာင္သြားခဲ့ေၾကာင္းေျပာသည္။

 ကားေပၚရွိ လူ(၆)ဦးမွာ ကုလားလူမ်ိဳး(၂)ဦးႏွင့္ ဗမာ(၄)ဦးျဖစ္ျပီး အားလံုးမွာ ကုတ္အကီ် ၤအနက္ဝတ္ထားၾကကာ (၄)ဦးမွာ လက္အိတ္မ်ားစြပ္ထားေၾကာင္း ဆံပင္ရွည္ရွည္ဂုတ္ဝဲႏွင့္လူတစ္ဦး ံဆံပင္က်စ္ဆံျမီး က်စ္ထားေသာ လူတစ္ဦး ပါဝင္ေၾကာင္း ေျပာသည္။ခ်မ္းျငိမ္းသူမွ အစဦးပိုင္း၌ သိေတာ့သိေနတယ္ စကားမေျပာႏိုင္ေသာ္လည္း ကားေပၚေရာက္ျပီး၌ အသိျပန္ဝင္လာခဲ့ေၾကာင္း နာရီဝက္နီးပါးခန္႕ ကားေမာင္းလာခဲ့ျပီးေနာက္

၎တို႕(၆)ဦးသည္ လမ္းေဘး၌ ကားရပ္၍ေသးဆင္းေပါက္ေနစဥ္ သူငယ္ခ်င္းျဖစ္သူႏွင့္ ေဆြမ်ိဳးထံဖုန္းေခၚဆိုခဲ့ေၾကာင္း၎တို႕(၆)ဦးသည္ ကားဆီသို႕ျပန္ေရာက္လာစဥ္ ဖုန္းပါရွိမွန္း သိသြားေသာအခါ လူႏွစ္ဦးမွ ပါးကို ဘယ္ျပန္ ညာျပန္ရိုက္ခဲ့ျပီး ဇက္ပိုးကိုပုတ္၍ႏွာေခါင္းႏွင့္ပါးစပ္အား အဝတ္နက္ျဖင့္ အုပ္လိုက္သည့္အခါ လံုးဝသတိလစ္သြားခဲ့ေၾကာင္း ခ်မ္းျငိမ္းသူမွ ေျပာသည္။

ခ်မ္းျငိမ္းသူမွ သတိရလာေသာအခါ ေခ်ာက္တစ္ခုအတြင္း ေရာက္ရွိေနျပီး အေနာက္ဘက္တြင္ေရျပင္ၾကီးႏွင့္ျမစ္တစ္ခုရွိေနကာ သေဘၤာမ်ားကိုလည္းျမင္ေတြ႕ေနရေၾကာင္း အေပၚသို႕ လမ္းေၾကာင္းရွာ၍တက္လာျပီးေနာက္ အျခားလူမ်ားကေတြ႕၍ ၎အားေမးျမန္းရာတြင္ စိတ္ကသိေနေသာ္လည္း စကားေကာင္းေကာင္းျပန္မေျပာႏိုင္ေၾကာင္း ယခုေရာက္ေနေသာေနရာသည္ ပန္းဆိုးတန္းအနီး ေက်ာက္တံတားျမိဳ႕နယ္ျဖစ္ေၾကာင္းသိခဲ့ရသည္။

ခ်မ္းျငိမ္းသူမွ ေျခဦးတည့္ရာ ေလ်ာက္သြားမိခဲ့ျပီးသာေကတျမိဳ႕နယ္ ေဒါပံုတံတားေပၚ အေရာက္တြင္ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ေတြ႕ကာ ေဒါပံုရဲစခန္းသို႕ေရာက္ခဲ့ျပီး ခ်မ္းျငိမ္းသူမွာ စကားေကာင္းေကာင္းမေျပာႏိုင္ လူလဲေလးလံထိုင္းမိႈင္းေနသျဖင့္ ရဲတပ္ဖြဲ႕ဝင္မ်ားမွ သံပရာသီးရွဴခိုင္းျခင္း မုန္႕မ်ားလည္းေကြ်းေမြးခဲ့ေၾကာင္းေျပာသည္။

၎ကိုင္ေဆာင္ေသာ ေရွာင္းမီ Note(2)ဖုန္း ႏွင့္အတူ မဲထုတ္လာေသာ ေငြ(၁၈)သိန္း ပါလာေသာ ေငြ(၆)သိန္း စုစုေပါင္း ေငြသား(၂၄)သိန္းမွာ လူ(၆)ဦးမွယူေဆာင္သြားေၾကာင္း ေျပာျပသည္။ခ်မ္းျငိမ္းသူမွ ၎မွတ္မိေသာ ရြာရွိ ဦးေလးျဖစ္သူဖုန္းအားလွမ္းဆက္ရာမွ မိသားစုမ်ားသိရွိကာ ေဒါပံုစခန္းသို႕သြားေရာက္ေခၚေဆာင္ခဲ့ျပီး ၁၄ ရက္ေန႕ နံနက္(၂ )နာရီအခ်ိန္ခန္႕တြင္ ေရႊျပည္သာျမိဳ႕နယ္ ေနအိမ္သို႕ျပန္လည္ေရာက္ရွိခဲ့သည္။

ခ်မ္းျငိမ္းသူ၏ မိသားစုမ်ားမွာ ရိုးသားေသာ ေတာသူေတာင္သားမ်ားျဖစ္၍ ေနာက္ဆက္တြဲ အႏၱရာယ္မ်ားကိုစိုးရိမ္ပူပန္ေသာေၾကာင့္ အမႈမလုပ္လိုေၾကာင္း ႏွင့္သားျဖစ္သူ၏ အသက္အႏၱရာယ္ ဘာမွမျဖစ္သည္ကိုပင္ကံေကာင္းလွျပီျဖစ္ေၾကာင္း မိခင္ျဖစ္သူ ေဒၚလွစံု ႏွင့္ဘၾကီးျဖစ္သူမွေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုကိုခိုင္-ဥကၠဌ(MCRA-SH)
အမွန္တရားသတင္းဂ်ာနယ္
ေရႊျပည္သာျမိဳ႕နယ္

#Unicode Version#
၁၃.၉.၂၀၁၈ ညနေပိုင်းက ညီဖြစ်သူ၏ သတင်းအရချမ်းငြိမ်းသူမှ ရဲဘော်ဟောင်းသို့ လိုက်သွားရာ ညီဖြစ်သူမှာဘာမှမဖြစ်ကြောင်းသိရသည့်အခါ (၁၂)ရက်နေ့ကတည်းက ဆုမဲပြည့်ပြီဖြစ်သဖြင့် ရဲဘော်ဟောင်းစျေး၌ (၅၀၀၀) ဆုမဲ စုထားသည့် ဆုမဲရရှိငွေ(၁၈)သိန်းအား ထုတ်ယူ၍ ရဲဘော်ဟောင်းမှတ်တိုင်မှ (၈၈)ကားကိုစီးကာသမိုင်းလမ်းဆုံတွင် ဆင်းခဲ့ကြောင်း သမိုင်းလမ်းဆုံမှတဆင့် YBS(၆၅)အဝါကားကို စီးကာ ရွှေပြည်သာသို့ပြန်ခဲ့သည်။

ချမ်းငြိမ်းသူမှာ ရွှေပြည်သာမြို့နယ် ပုလဲလမ်း(၈၁)မှတ်တိုင်တွင် ဆင်းရမည်ကို စိတ်နဲ့ကိုယ် လွတ်နေသလိုခံစားရပြီး လူအုပ်ကြီးနှင့်အတူ ၁၄လမ်းဆုံမှတ်တိုင်၌ဆင်းခဲ့မိကြောင်း အောက်သို့ရောက်ပြီးနောက်လူ(၆)ဦးမှ အသာအယာခေါ်ဆောင်သွားသည်ကို လိုက်ပါသွားခဲ့ပြီး တစ်ဖက်ကားလမ်းသို့ကူးကာ ရွှေပြည်သာတံတားဘက်ခြမ်းသို့သွားသည့်ဘက်၌ ရပ်ထားသော ပါဂျဲရိုးပုံစံ အနက်ရောင်ကား ဆီသို့ရောက်သည့်အခါမှပါးစပ်ပိတ်ကာ ကားပေါ်သို့ဆွဲတင်၍ ခေါ်ဆောင်သွားခဲ့ကြောင်းပြောသည်။

 ကားပေါ်ရှိ လူ(၆)ဦးမှာ ကုလားလူမျိုး(၂)ဦးနှင့် ဗမာ(၄)ဦးဖြစ်ပြီး အားလုံးမှာ ကုတ်အကျီ င်္အနက်ဝတ်ထားကြကာ (၄)ဦးမှာ လက်အိတ်များစွပ်ထားကြောင်း ဆံပင်ရှည်ရှည်ဂုတ်ဝဲနှင့်လူတစ်ဦး ံဆံပင်ကျစ်ဆံမြီး ကျစ်ထားသော လူတစ်ဦး ပါဝင်ကြောင်း ပြောသည်။ချမ်းငြိမ်းသူမှ အစဦးပိုင်း၌ သိတော့သိနေတယ် စကားမပြောနိုင်သော်လည်း ကားပေါ်ရောက်ပြီး၌ အသိပြန်ဝင်လာခဲ့ကြောင်း နာရီဝက်နီးပါးခန့် ကားမောင်းလာခဲ့ပြီးနောက်

၎င်းတို့(၆)ဦးသည် လမ်းဘေး၌ ကားရပ်၍သေးဆင်းပေါက်နေစဉ် သူငယ်ချင်းဖြစ်သူနှင့် ဆွေမျိုးထံဖုန်းခေါ်ဆိုခဲ့ကြောင်း၎င်းတို့(၆)ဦးသည် ကားဆီသို့ပြန်ရောက်လာစဉ် ဖုန်းပါရှိမှန်း သိသွားသောအခါ လူနှစ်ဦးမှ ပါးကို ဘယ်ပြန် ညာပြန်ရိုက်ခဲ့ပြီး ဇက်ပိုးကိုပုတ်၍နှာခေါင်းနှင့်ပါးစပ်အား အဝတ်နက်ဖြင့် အုပ်လိုက်သည့်အခါ လုံးဝသတိလစ်သွားခဲ့ကြောင်း ချမ်းငြိမ်းသူမှ ပြောသည်။

ချမ်းငြိမ်းသူမှ သတိရလာသောအခါ ချောက်တစ်ခုအတွင်း ရောက်ရှိနေပြီး အနောက်ဘက်တွင်ရေပြင်ကြီးနှင့်မြစ်တစ်ခုရှိနေကာ သင်္ဘောများကိုလည်းမြင်တွေ့နေရကြောင်း အပေါ်သို့ လမ်းကြောင်းရှာ၍တက်လာပြီးနောက် အခြားလူများကတွေ့၍ ၎င်းအားမေးမြန်းရာတွင် စိတ်ကသိနေသော်လည်း စကားကောင်းကောင်းပြန်မပြောနိုင်ကြောင်း ယခုရောက်နေသောနေရာသည် ပန်းဆိုးတန်းအနီး ကျောက်တံတားမြို့နယ်ဖြစ်ကြောင်းသိခဲ့ရသည်။

ချမ်းငြိမ်းသူမှ ခြေဦးတည့်ရာ လျောက်သွားမိခဲ့ပြီးသာကေတမြို့နယ် ဒေါပုံတံတားပေါ် အရောက်တွင်ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ကာ ဒေါပုံရဲစခန်းသို့ရောက်ခဲ့ပြီး ချမ်းငြိမ်းသူမှာ စကားကောင်းကောင်းမပြောနိုင် လူလဲလေးလံထိုင်းမှိုင်းနေသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ သံပရာသီးရှူခိုင်းခြင်း မုန့်များလည်းကျွေးမွေးခဲ့ကြောင်းပြောသည်။

၎င်းကိုင်ဆောင်သော ရှောင်းမီ Note(2)ဖုန်း နှင့်အတူ မဲထုတ်လာသော ငွေ(၁၈)သိန်း ပါလာသော ငွေ(၆)သိန်း စုစုပေါင်း ငွေသား(၂၄)သိန်းမှာ လူ(၆)ဦးမှယူဆောင်သွားကြောင်း ပြောပြသည်။ချမ်းငြိမ်းသူမှ ၎င်းမှတ်မိသော ရွာရှိ ဦးလေးဖြစ်သူဖုန်းအားလှမ်းဆက်ရာမှ မိသားစုများသိရှိကာ ဒေါပုံစခန်းသို့သွားရောက်ခေါ်ဆောင်ခဲ့ပြီး ၁၄ ရက်နေ့ နံနက်(၂ )နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် နေအိမ်သို့ပြန်လည်ရောက်ရှိခဲ့သည်။

ချမ်းငြိမ်းသူ၏ မိသားစုများမှာ ရိုးသားသော တောသူတောင်သားများဖြစ်၍ နောက်ဆက်တွဲ အန္တရာယ်များကိုစိုးရိမ်ပူပန်သောကြောင့် အမှုမလုပ်လိုကြောင်း နှင့်သားဖြစ်သူ၏ အသက်အန္တရာယ် ဘာမှမဖြစ်သည်ကိုပင်ကံကောင်းလှပြီဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်လှစုံ နှင့်ဘကြီးဖြစ်သူမှပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကိုကိုခိုင်-ဥက္ကဌ(MCRA-SH)
အမှန်တရားသတင်းဂျာနယ်

ရွှေပြည်သာမြို့နယ်




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top