×

သင့္ ရင္သား ေတြဟာ ပုရိသ ေတြကို ဆြဲေဆာင္ ဖို႕ဆိုတာထက္ ပိုတယ္လို႕ ေျပာရင္ အံ့ဩသြားမလား မသိဖူး။သင့္အေနနဲ႕ သင့္ ရင္သား ေတြကို ဂ႐ုတစိုက္ မရွိခဲ့ဖူးဆိုရင္ အခု အခ်ိန္ကစျပီး ဂ႐ုစိုက္ခ်ိန္တန္ပါျပီ။ဘာလို႕လဲဆိုေတာ့ သင့္ ရင္သား ေတြဟာ သင့္ရဲ့ က်န္းမာေရး အေျခအေနေတြနဲ႕ ပတ္သက္ျပီး အမ်ားၾကီး ေျပာျပေနလို႕ပါပဲ။

(၁) ရင္သား ၾကီးလာတာ

သင့္ ရင္သား ေတြဟာ အဆီဆဲလ္ ေတြနဲ႕ အဓိက ဖြဲ႕စည္းထားတာမို႕ ရင္သား ေတြၾကီးလာတယ္လို႕ သတိထားမိရင္ သင္ဝ လာတာေၾကာင့္ ျဖစ္ႏိုင္သလို သင့္အေနနဲ႕ အကာအကြယ္မဲ့ လိင္ဆက္ဆံထားဖူးတယ္ဆိုရင္ သင္ ကိုယ္ဝန္ ရွိေနတာလည္း ျဖစ္ႏိုင္ပါတယ္။ဘာလို႕လဲဆိုေတာ့ ရင္ေသြးကို ႏို႕ခ်ိဳတိုက္ေကြၽးဖို႕ ရင္သားမွာရွိတဲ့ ႏို႕ျပြန္ေတြက စတင္ျပင္ဆင္ရျပီျဖစ္လို႕ပါ။တားေဆးသုံးတာ နဲ႕ ဓမၼတာလာစဥ္ ေဟာ္မုန္း အေျပာင္းအလဲေၾကာင့္လည္း ရင္သား ၾကီးလာႏိုင္ပါတယ္။

(၂) ရင္သား ႐ံႈ႕သြား/ေသး သြားတာ

သင္ပိန္သြားတဲ့အခ်ိန္ ဒါမွမဟုတ္ estrogen ေဟာ္မုန္ းပမာဏနည္းသြားခ်ိန္ေတြမွာ ရင္သား က ႐ံႈ႕သြား၊ေသးသြား ႏိုင္ပါတယ္။တကယ္လို႕ သင္ဟာ ပိန္လည္းမပိန္သြားဖူး ဒါမွမဟုတ္ ေသြးဆုံးဖို႕လည္း လိုေသးရက္နဲ႕ ရင္သားေတြ ေသးသြားတယ္လို႕ သတိထားမိရင္ polycystic ovarian syndrome (PCOS) ျဖစ္ေနႏိုင္လို႕ စစ္ေဆးၾကည့္သင့္ပါတယ္။PCOS အျပင္ ေကာ္ဖီ ေတြ အလြန္အကြၽံေသာက္ရင္လည္း ရင္သားေသး႐ံႈ႕သြားႏိုင္တယ္လို႕ ေလ့လာမႈတခုက ဆိုထားပါေသးတယ္။

(၃) ပံုစံေျပာင္းသြားတာ

သင့္ရဲ့ ရင္သား ပံုစံ ဟာ မ်ိဳး႐ိုးဗီဇက ဆုံးျဖတ္ျပီးသား ျဖစ္ေပမယ့္ အသက္အရြယ္ၾကီးလာတာနဲ႕ အမွ်လည္း ေျပာင္းလဲႏိုင္ပါေသးတယ္။ဒါေတြဟာ တစ္႐ႉးအမွ်င္ေတြ ဆြဲဆန္႕ခံရတာ၊တြယ္ဆက္ တစ္႐ႉးေတြ ပ်က္စီးကုန္တာ နဲ႕ အေရျပား ရုန္းျပန္ ဂုဏ္သတၱိ ဆုံးရွုံးလာတာ စတာေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ဒီလို မျဖစ္ရေလေအာင္ သင္လုပ္ႏိုင္တဲ့အရာေတြကေတာ့ ကိုယ္အေလးခ်ိန္ကို တက္လိုက္က်လိုက္မျဖစ္ေအာင္ေနတာ၊ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းမွန္မွန္လုပ္တာ နဲ႕ ရင္သားေအာက္ကို တြဲမက်ေအာင္ ေထာက္မေပးႏိုင္တဲ့ အတြင္းခံေကာင္းေကာင္း ဝတ္တာတို႕ပဲ ျဖစ္ပါတယ္။

(၄) အဖု အက်ိတ ္ေတြ ထြက္လာတာ

ဓမၼတာ လာေနစဥ္ကာလမွာ ေဟာ္မုန္း ေတြ ပိုထြက္လာတဲ့အတြက္ နဂိုရွိျပီးသား အရည္ အိတ္ေတြမွာ အရည္ ေတြ ျပည့္လာတဲ့အတြက္ အဖု ေလးေတြ၊ အက်ိတ္ ေလးေတြကို စမ္းမိတတ္ပါလိမ့္မယ္။ဒါဟာ လုံးဝပံုမွန္ပဲ ျဖစ္ျပီး ဓမၼတာ ရက္ျပီးသြားတာနဲ႕ ျပန္ေပ်ာက္သြားပါလိမ့္မယ္။ဒါေပမယ့္ သင့္အေနနဲ႕ စိတ္ထဲ မသိုးမသန္႕ျဖစ္တယ္ဆိုရင္ေတာ့ သကၤာရွင္းသြားေအာင္ ဆရာဝန္နဲ႕ ျပသတိုင္ပင္ႏိုင္ပါတယ္။

(၅) ရင္သား ေတြ နာက်င္တာ

ရင္သား ေတြ နာက်င္ တာဟာ ေဟာ္မုန္းပမာဏ မညီမမွ်ျဖစ္တာ၊ဝတ္တဲ့ အတြင္းခံနဲ႕ အဆင္မေျပတာ၊ကဖင္းေတြ အရမ္းေသာက္လြန္းတာကေန ရင္ဘတ္ကို ဒါဏ္ရာရ ထိခိုက္မိတာေတြေၾကာင့္အထိ အေၾကာင္းရင္း အမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ႏိုင္ပါတယ္။အိတ္ေလးေလး လြယ္ရင္ေတာင္ ရင္သား ကို နာက်င္ ေစႏိုင္ပါတယ္။ဒီလို နာက်င္ မႈမ်ိဳးေတြဟာ ကာလၾကာရွည္ျဖစ္တတ္ပါတယ္။ၾကာလြန္းတဲ့အတြက္ ဘာေၾကာင့္ျဖစ္မွန္းေတာင္ မသိေတာ့ပါဖူး။ဒါ့အျပင္ သံဓာတ္ခ်ိဳ႕တဲ့တာ၊သိုင္းရြိုက္ဂလင္း အလုပ္ လုပ္ပံုမူမမွန္တာေတြေၾကာင့္လည္း ရင္သား နာက်င္ တတ္ပါေသးတယ္။ေလ့လာခ်က္ေတြအရ သိုင္းရြိုက္ဂလင္းရဲ့ လုပ္ငန္း ေဆာင္တာေတြကို ပံုမွန္အတိုင္း လည္ပတ္ေအာင္ ပံ့ပိုးေပးႏိုင္တဲ့ အိုင္အိုဒင္းျဖည့္စြက္ေဆး ၆မီလီဂရမ္ကို တိုက္မယ္ဆိုရင္ ရင္သားနာတာ သက္သာေစတယ္လို႕ ဆိုပါတယ္။

(၆) ႏို႕သီးေခါင္း အထဲဝင္တာ

တကယ္လို႕ သင္ဟာ ေမြးကတည္းက ဒီလို အေနအထားအတိုင္း ေမြးလာတယ္ဆိုရင္ ဒါဟာ ျပႆနာမဟုတ္ပါဖူး။ဒါေပမယ့္ အခုတေလာမွ ဒါမ်ိဳးျဖစ္လာပါတယ္ဆိုရင္ေတာ့ အႏၲရာယ္ရွိပါတယ္။ဘာလို႕လဲဆိုေတာ့ ႏို႕သီးေခါင္း အထဲဝင္တာဟာ ရင္သားကင္ဆာရဲ့ လကၡဏာတခု ျဖစ္ေနလို႕ပါပဲ။ႏို႕သီးေခါင္း အထဲခ်ိဳင့္ဝင္သြားတယ္ဆိုရင္ ဒါဟာ အတြင္းခံ bra ေၾကာင့္ မဟုတ္မွန္း ေသခ်ာေအာင္ အရင္လုပ္ပါ။ျပီးရင္ေတာ့ က်န္းမာေရး ေစာင့္ေရွာက္မႈကို တတ္ႏိုင္သမွ် အျမန္ဆုံး ခံယူပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hello sayawon

#Unicode Version#
သင့် ရင်သား တွေဟာ ပုရိသ တွေကို ဆွဲဆောင် ဖို့ဆိုတာထက် ပိုတယ်လို့ ပြောရင် အံ့ဩသွားမလား မသိဖူး။သင့်အနေနဲ့ သင့် ရင်သား တွေကို ဂရုတစိုက် မရှိခဲ့ဖူးဆိုရင် အခု အချိန်ကစပြီး ဂရုစိုက်ချိန်တန်ပါပြီ။ဘာလို့လဲဆိုတော့ သင့် ရင်သား တွေဟာ သင့်ရဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အများကြီး ပြောပြနေလို့ပါပဲ။

(၁) ရင်သား ကြီးလာတာ

သင့် ရင်သား တွေဟာ အဆီဆဲလ် တွေနဲ့ အဓိက ဖွဲ့စည်းထားတာမို့ ရင်သား တွေကြီးလာတယ်လို့ သတိထားမိရင် သင်ဝ လာတာကြောင့် ဖြစ်နိုင်သလို သင့်အနေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံထားဖူးတယ်ဆိုရင် သင် ကိုယ်ဝန် ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ ရင်သွေးကို နို့ချိုတိုက်ကျွေးဖို့ ရင်သားမှာရှိတဲ့ နို့ပြွန်တွေက စတင်ပြင်ဆင်ရပြီဖြစ်လို့ပါ။တားဆေးသုံးတာ နဲ့ ဓမ္မတာလာစဉ် ဟော်မုန်း အပြောင်းအလဲကြောင့်လည်း ရင်သား ကြီးလာနိုင်ပါတယ်။

(၂) ရင်သား ရှုံ့သွား/သေး သွားတာ

သင်ပိန်သွားတဲ့အချိန် ဒါမှမဟုတ် estrogen ဟော်မုန် းပမာဏနည်းသွားချိန်တွေမှာ ရင်သား က ရှုံ့သွား၊သေးသွား နိုင်ပါတယ်။တကယ်လို့ သင်ဟာ ပိန်လည်းမပိန်သွားဖူး ဒါမှမဟုတ် သွေးဆုံးဖို့လည်း လိုသေးရက်နဲ့ ရင်သားတွေ သေးသွားတယ်လို့ သတိထားမိရင် polycystic ovarian syndrome (PCOS) ဖြစ်နေနိုင်လို့ စစ်ဆေးကြည့်သင့်ပါတယ်။PCOS အပြင် ကော်ဖီ တွေ အလွန်အကျွံသောက်ရင်လည်း ရင်သားသေးရှုံ့သွားနိုင်တယ်လို့ လေ့လာမှုတခုက ဆိုထားပါသေးတယ်။

(၃) ပုံစံပြောင်းသွားတာ

သင့်ရဲ့ ရင်သား ပုံစံ ဟာ မျိုးရိုးဗီဇက ဆုံးဖြတ်ပြီးသား ဖြစ်ပေမယ့် အသက်အရွယ်ကြီးလာတာနဲ့ အမျှလည်း ပြောင်းလဲနိုင်ပါသေးတယ်။ဒါတွေဟာ တစ်ရှူးအမျှင်တွေ ဆွဲဆန့်ခံရတာ၊တွယ်ဆက် တစ်ရှူးတွေ ပျက်စီးကုန်တာ နဲ့ အရေပြား ရုန်းပြန် ဂုဏ်သတ္တိ ဆုံးရှုံးလာတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ဒီလို မဖြစ်ရလေအောင် သင်လုပ်နိုင်တဲ့အရာတွေကတော့ ကိုယ်အလေးချိန်ကို တက်လိုက်ကျလိုက်မဖြစ်အောင်နေတာ၊ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမှန်မှန်လုပ်တာ နဲ့ ရင်သားအောက်ကို တွဲမကျအောင် ထောက်မပေးနိုင်တဲ့ အတွင်းခံကောင်းကောင်း ဝတ်တာတို့ပဲ ဖြစ်ပါတယ်။

(၄) အဖု အကျိတ ်တွေ ထွက်လာတာ

ဓမ္မတာ လာနေစဉ်ကာလမှာ ဟော်မုန်း တွေ ပိုထွက်လာတဲ့အတွက် နဂိုရှိပြီးသား အရည် အိတ်တွေမှာ အရည် တွေ ပြည့်လာတဲ့အတွက် အဖု လေးတွေ၊ အကျိတ် လေးတွေကို စမ်းမိတတ်ပါလိမ့်မယ်။ဒါဟာ လုံးဝပုံမှန်ပဲ ဖြစ်ပြီး ဓမ္မတာ ရက်ပြီးသွားတာနဲ့ ပြန်ပျောက်သွားပါလိမ့်မယ်။ဒါပေမယ့် သင့်အနေနဲ့ စိတ်ထဲ မသိုးမသန့်ဖြစ်တယ်ဆိုရင်တော့ သင်္ကာရှင်းသွားအောင် ဆရာဝန်နဲ့ ပြသတိုင်ပင်နိုင်ပါတယ်။

(၅) ရင်သား တွေ နာကျင်တာ

ရင်သား တွေ နာကျင် တာဟာ ဟော်မုန်းပမာဏ မညီမမျှဖြစ်တာ၊ဝတ်တဲ့ အတွင်းခံနဲ့ အဆင်မပြေတာ၊ကဖင်းတွေ အရမ်းသောက်လွန်းတာကနေ ရင်ဘတ်ကို ဒါဏ်ရာရ ထိခိုက်မိတာတွေကြောင့်အထိ အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။အိတ်လေးလေး လွယ်ရင်တောင် ရင်သား ကို နာကျင် စေနိုင်ပါတယ်။ဒီလို နာကျင် မှုမျိုးတွေဟာ ကာလကြာရှည်ဖြစ်တတ်ပါတယ်။ကြာလွန်းတဲ့အတွက် ဘာကြောင့်ဖြစ်မှန်းတောင် မသိတော့ပါဖူး။ဒါ့အပြင် သံဓာတ်ချို့တဲ့တာ၊သိုင်းရွိုက်ဂလင်း အလုပ် လုပ်ပုံမူမမှန်တာတွေကြောင့်လည်း ရင်သား နာကျင် တတ်ပါသေးတယ်။လေ့လာချက်တွေအရ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်း ဆောင်တာတွေကို ပုံမှန်အတိုင်း လည်ပတ်အောင် ပံ့ပိုးပေးနိုင်တဲ့ အိုင်အိုဒင်းဖြည့်စွက်ဆေး ၆မီလီဂရမ်ကို တိုက်မယ်ဆိုရင် ရင်သားနာတာ သက်သာစေတယ်လို့ ဆိုပါတယ်။

(၆) နို့သီးခေါင်း အထဲဝင်တာ

တကယ်လို့ သင်ဟာ မွေးကတည်းက ဒီလို အနေအထားအတိုင်း မွေးလာတယ်ဆိုရင် ဒါဟာ ပြဿနာမဟုတ်ပါဖူး။ဒါပေမယ့် အခုတလောမှ ဒါမျိုးဖြစ်လာပါတယ်ဆိုရင်တော့ အန္တရာယ်ရှိပါတယ်။ဘာလို့လဲဆိုတော့ နို့သီးခေါင်း အထဲဝင်တာဟာ ရင်သားကင်ဆာရဲ့ လက္ခဏာတခု ဖြစ်နေလို့ပါပဲ။နို့သီးခေါင်း အထဲချိုင့်ဝင်သွားတယ်ဆိုရင် ဒါဟာ အတွင်းခံ bra ကြောင့် မဟုတ်မှန်း သေချာအောင် အရင်လုပ်ပါ။ပြီးရင်တော့ ကျန်းမာရေး စောင့်ရှောက်မှုကို တတ်နိုင်သမျှ အမြန်ဆုံး ခံယူပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:hello sayawon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top