iMyanmarHouse.com - Best Property Website for Myanmar
×
သင်နှစ်သက်ရာ မျက်လုံးပုံစံ ရွေးချယ်၍ သင်၏စိတ်နေစိတ်ထားကို ဖော်ထုတ်ကြည့်ပါ။
၁။ ဒီပုံကို ရွေးခဲ့မည်ဆိုပါက သင်က ပွင့်လင်းတတ်သော လူတစ်ဦးပါ။
သင်ဟာ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သူမျိုးပါ။ အသစ်အဆန်းမျိုးကို ကြုံတွေ့လိုသူ တစ်ဦးပါ။
ဒါပေမယ့် သင့်စိတ်ခံစားချက်များကိုတော့ လျှို့ဝှက်တတ်သူ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် အခက်ကြုံနေချိန်မှာတောင် အခြားသူကို ကူညီတတ်သူမျိုး ဖြစ်ပါတယ်။
၂။ ဒီပုံကို ရွေးချယ်ခဲ့သူများကတော့ တာဝန်သိစိတ်ရှိသူများ ဖြစ်ပါတယ်။
သင်ဟာ အမှန်တရားကို သင့်ဘ၀ စံအဖြစ် သတ်မှတ်ထားသူ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အမြဲပြီးပြည့်စုံအောင် နေထိုင်တတ်သူ တစ်ဦး ဖြစ်ပါတယ်။ သင့် ပတ်ဝန်းကျင်တွင် မတရားမှုကို မတွေ့လိုသူ ဖြစ်ပြီး ရှိခဲ့ပါကလည်း အမြဲမှန်ကန်အောင် ပြုပြင်ချင်သူ ဖြစ်ပါတယ်။
၃။ ဒီပုံကို ရွေးချယ်ခဲ့သူများကတော့ ကိုယ့်အတိတ်မှ မရုန်းထွက်နိုင်သူများ ဖြစ်ပါတယ်။
သင်ဟာ အတိတ်ဆိုးဆီမှ ယနေ့ထက်တိုင် ရုန်းမထွက်နိုင်တဲ့ လှောင်ပိတ်မိနေသူ ဖြစ်ပါတယ်။
သင်၏ လျှို့ဝှက်ချက်များကို ဘယ်သူ့ကိုမျှ ထုတ်ပြောလေ့မရှိဘဲ
ကိုယ်တိုင်ဖြေရှင်းတတ်သူ ဖြစ်ပါတယ်။ သို့သော်လည်း အဆိုးထဲမှ အကောင်း မမြဲမြင်တတ်သူ တစ်ဦးလည်း ဖြစ်ပါသေးတယ်။
၄။ ဒီပုံကို ရွေးချယ်ခဲ့သူများကတော့ တည်ငြိမ်သောသူများ ဖြစ်ပါတယ်။
သင်ဟာ ပြဿနာတစ်ခုပေါ် အကြောင်းအရာတစ်ခုချင်းစီပေါ် သေချာတွေးတော ဆင်ခြင်ပြီးမှ ကောက်ချက်ချ ဆုံးဖြတ်ဖြေရှင်းတတ်သူများ ဖြစ်ပါတယ်။
ဒါပေမယ့် သင်ဟာ အတွေးလွန်၊ အစဉ်းစာလွန်သဖြင့် အရာရာကို အမှန်၊ အမှား သီးသန့် ခွဲခြားရန် ခက်ခဲနေတတ်ပါတယ်။
၅။ ဒီပုံကို ရွေးချယ်ခဲ့သူများကတော့ အလွန်လျှို့ဝှက် တတ်သူများ ဖြစ်ပါတယ်။
စကားနည်း၍ လျှို့ဝှက်ဆန်လွန်းသူ တစ်ဦးလည်း ဖြစ်ပါတယ်။
၆။ ဒီပုံကိ ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်က ခံစားလွယ်ပြီး နူးညံ့သိမ်မွေ့သူ ဖြစ်ပါတယ်။
သင်က စူးစမ်းရတာ ကြိုက်တဲ့အလျှောက် လူတွေနဲ့ အခြေအနေများကို ပါးပါးနပ်နပ် သုံးသပ်နိုင်ပါတယ်။ စိတ်ခံစားချက်ပြင်းထန်ပြီး ထိခိုက်လွယ်ပါတယ်။
သင့်အားနည်းချက်တွေကိုလည်း မလျှို့ဝှက်တတ်ပါဘူး။
၇။ ဒီပုံကို ရွေးချယ်ခဲ့သူကတော့ မီးလို သဘာဝရှိသူ ဖြစ်ပါတယ်။
သင်က အလွန့်အလွန် အားအင်ပြည့်ဝပြီး အခြားသူတွေ အားကျစေလောက်အောင် လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ အစွန်းရောက်လွန်းသူလည်း ဖြစ်ပါတယ်။
ဆိုလိုတာက အချစ်ကြီး၊ အမုန်းကြီးသူ ဖြစ်ပါတယ်။ သင်၏ အားနည်းချက်များကို မထုတ်ဖော်ပြတတ်သူ ဖြစ်ပါတယ်။
ကံဆိုး မိုးမှောင်ကျမှုကို သင့်ဦးနှောက်ထဲတွင် ပို၍ ဆိုးအောင် တွေးရခြင်းကို မသိစိတ်က နှစ်သက်နေပါတယ်။
၈။ ဒီပုံကို ရွေးချယ်ခဲ့သူများကတော့ တမူထူးခြားသူများ ဖြစ်ပါတယ်။
သင်က အားအင်ပြည့်ဝပြီး လူမှုဆက်ဆံရေး ကောင်းသည့်အပြင် အပြုအမူ ယဉ်ကျေးသူများ ဖြစ်ပါတယ်။ သင့်ခံစားချက်တွေ ထုတ်ဖော်ပြောဆိုခြင်းက
သင်မခံစားရအောင် ကာကွယ်ပေးနိုင်တယ်လို့ ယူဆထားပါတယယ်။ သင့်အပေါ် မကောင်းတဲ့လူတွေအပေါ်တောင်မှ အကောင်းမြင်တတ်သူ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Min Thu (Daily Hot News )