မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

အခ်က္အလက္ေတြအရ အရက္ေသစာေသာက္သုံးတဲ့ ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႔ ကင္ဆာနဲ႔ ႏွလုံးေရာဂါေတြအျပင္ ယာဥ္တိုက္မႈေတြပါျဖစ္လာခဲ့ၿပီး တစ္ႏွစ္ကို လူေပါင္း (၂.၈) သန္းေလာက္ေသဆုံးေနရတယ္လို႔ သိရပါတယ္။

အရက္ကို ေဆးျဖစ္ဝါးျဖစ္ နည္းနည္းေလးေသာက္လို႔ က်န္းမာေရးေကာင္းလာတာလည္း ဘယ္မွာမွမေတြ႕ရသလို

တစ္စက္မွမေသာက္လို႔ က်န္းမာေရးသိသိသာသာ တိုးတက္လာတာမ်ိဳးကိုလည္း မေတြ႕ရပါဘူးလို႔ သုေတသနျပဳသူေတြက ဆိုပါတယ္။ အရက္ေသစာေသာက္သုံးမႈကို ေလၽွာ႔ခ်ႏိုင္ဖို႔အတြက္ အခြန္ေကာက္ခံမႈႏႈန္းကိုလည္း ႏိုင္ငံအာဏာပိုင္ေတြက ၎တို႔ရဲ႕ႏိုင္ငံသားေတြအေပၚ ျပင္ဆင္သင့္တယ္လို႔ ေလ့လာသူေတြက ဆိုပါတယ္။


ေလ့လာေတြ႕ရွိခ်က္တစ္ခုမွာေတာ့ အရက္အနည္းငယ္ေလာက္ ေသာက္သုံးေပးျခင္းဟာ ႏွလုံးေရာဂါကို သက္သာလာေစဖို႔ အေထာက္အကူျပဳတယ္ဆိုေပမဲ့ တျခားေသာက်န္းမာေရးျပႆနာေတြကိုေတာ့ ပိုလို႔ဆိုး႐ြားလာေစႏိုင္တယ္လို႔ ဆိုထားပါတယ္။ ေသဆုံးမႈေတြရဲ႕ အဓိကတရားခံစာရင္းမွာ အယ္လ္ကိုေဟာက နံပါတ္(၇) ေနရာမွာေတာင္ ရပ္တည္ေနတယ္လို႔လည္း ေျပာၾကားထားပါေသးတယ္။


တစ္ကမၻာလုံးကလူေတြရဲ႕ (၃) ပုံ (၁) ပုံက အရက္ေသစာကို နည္းအမ်ိဳးမ်ိဳးနဲ႔ ေသာက္သုံးေနၾကတယ္လို႔ ဆိုပါတယ္။ အဲဒီထဲကမွ (၂၅) ရာခိုင္ႏႈန္းက အမ်ိဳးသမီးေတြျဖစ္ၿပီး (၃၉) ရာခိုင္ႏႈန္းကေတာ့ အမ်ိဳးသားေတြ ျဖစ္ပါတယ္။


CDC ရဲ႕ေျပာၾကားခ်က္အရ ႏွစ္စဥ္ အေမရိကန္လူမ်ိဳး (၂,၀၀၀) ေက်ာ္ဟာ အရက္အလြန္အကၽြံေသာက္သုံးမႈေၾကာင့္ ေသဆုံးေနရၿပီး အ႐ြယ္ေရာက္ၿပီးတဲ့အေမရိကန္လူမ်ိဳး (၃.၈) သန္းေလာက္ကေတာ့ တစ္ပတ္တစ္ခါေလာက္ ပုံမွန္အရက္ေသာက္တတ္ၾကၿပီး တစ္ခါေသာက္ရင္ (၈) ခြက္ေအာက္ေလာက္ေတာ့ ေသာက္တတ္ၾကတယ္လို႔ ဆိုပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.yoyarlay
# Unicode Version ျဖင့္ ဖတ္ပါ #
အချက်အလက်တွေအရ အရက်သေစာသောက်သုံးတဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကင်ဆာနဲ့ နှလုံးရောဂါတွေအပြင် ယာဉ်တိုက်မှုတွေပါဖြစ်လာခဲ့ပြီး တစ်နှစ်ကို လူပေါင်း (၂.၈) သန်းလောက်သေဆုံးနေရတယ်လို့ သိရပါတယ်။

အရက်ကို ဆေးဖြစ်ဝါးဖြစ် နည်းနည်းလေးသောက်လို့ ကျန်းမာရေးကောင်းလာတာလည်း ဘယ်မှာမှမတွေ့ရသလို

တစ်စက်မှမသောက်လို့ ကျန်းမာရေးသိသိသာသာ တိုးတက်လာတာမျိုးကိုလည်း မတွေ့ရပါဘူးလို့ သုတေသနပြုသူတွေက ဆိုပါတယ်။ အရက်သေစာသောက်သုံးမှုကို လျှော့ချနိုင်ဖို့အတွက် အခွန်ကောက်ခံမှုနှုန်းကိုလည်း နိုင်ငံအာဏာပိုင်တွေက ၎င်းတို့ရဲ့နိုင်ငံသားတွေအပေါ် ပြင်ဆင်သင့်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

လေ့လာတွေ့ရှိချက်တစ်ခုမှာတော့ အရက်အနည်းငယ်လောက် သောက်သုံးပေးခြင်းဟာ နှလုံးရောဂါကို သက်သာလာစေဖို့ အထောက်အကူပြုတယ်ဆိုပေမဲ့ တခြားသောကျန်းမာရေးပြဿနာတွေကိုတော့ ပိုလို့ဆိုးရွားလာစေနိုင်တယ်လို့ ဆိုထားပါတယ်။ သေဆုံးမှုတွေရဲ့ အဓိကတရားခံစာရင်းမှာ အယ်လ်ကိုဟောက နံပါတ်(၇) နေရာမှာတောင် ရပ်တည်နေတယ်လို့လည်း ပြောကြားထားပါသေးတယ်။

တစ်ကမ္ဘာလုံးကလူတွေရဲ့ (၃) ပုံ (၁) ပုံက အရက်သေစာကို နည်းအမျိုးမျိုးနဲ့ သောက်သုံးနေကြတယ်လို့ ဆိုပါတယ်။ အဲဒီထဲကမှ (၂၅) ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ပြီး (၃၉) ရာခိုင်နှုန်းကတော့ အမျိုးသားတွေ ဖြစ်ပါတယ်။

CDC ရဲ့ပြောကြားချက်အရ နှစ်စဉ် အမေရိကန်လူမျိုး (၂,၀၀၀) ကျော်ဟာ အရက်အလွန်အကျွံသောက်သုံးမှုကြောင့် သေဆုံးနေရပြီး အရွယ်ရောက်ပြီးတဲ့အမေရိကန်လူမျိုး (၃.၈) သန်းလောက်ကတော့ တစ်ပတ်တစ်ခါလောက် ပုံမှန်အရက်သောက်တတ်ကြပြီး တစ်ခါသောက်ရင် (၈) ခွက်အောက်လောက်တော့ သောက်တတ်ကြတယ်လို့ ဆိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:.yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top