iMyanmarHouse.com - Best Property Website for Myanmar
×

မင္းျပားျမိဳ႕နယ္ အိုးပ်ဥ္ေထာင္ရြာတြင္ ေတာင္ေပၚလြတ္ေမြးထားသည့္ ကၽြဲ ၅၅ ေကာင္ ထူးထူးဆန္းဆန္း ေသဆံုးေနမႈႏွင့္ ပတ္သက္ျပီး အခ်က္အလက္မ်ားကို ရန္ကုန္ရွိ ဓာတ္ခြဲခန္းထိ ပို႕ေဆာင္၍ စစ္ေဆးသြားမည္ ျဖစ္ေၾကာင္း မင္းျပားျမိဳ႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရး ဦစီးဌာနမွ ျမိဳ႕နယ္ဦးစီးမွဴး ေဒါက္တာ ခ်စ္ဦးလြင္က နိရဥၥရာသတင္းဌာနသို႕ ေျပာသည္။

" မနက္ပိုင္းမွာ ကၽြဲေတြေသတဲ့ ေတာင္ေပၚတက္ပါမယ္။ ေတာက္ထိပ္ကို ေရာက္ရင္ ေသဆံုးတဲ့ ကၽြဲေတြရဲ႕ ဓာတ္ခြဲ စမ္းသပ္လို႕ရမယ့္ အဂၤါအစိတ္အပိုင္း တစ္ခ်ိဳ႕ကို ရန္ကုန္ ဓာတ္ခြဲခန္းကို ပို႕ပါမယ္။ ေရကန္၊ ေရေျမာင္းေတြက ေရနမူနာေတြကိုလည္း ရန္ကုန္ ဓာတ္ခြဲခန္းထဲကို ပို႕ျပီး စစ္ေဆးမွာ ျဖစ္ပါတယ္” ဟု ေဒါက္တာ ခ်စ္ဦးလြင္က ေျပာသည္။

မင္းျပားျမိဳ႕နယ္ တိေမြးကု ဦစီးဌာန ဦးစီးမွဴး ေဒါက္တာ ခ်စ္ဦးလြင္ဦးေဆာင္ေသာ ၈ ဦးပါ ကုသေရး အဖြဲ႕သည္ စက္တင္ဘာ ၂၃ ရက္ေန႕တြင္ အိုးပ်ဥ္ေထာင္ ေက်းရြာသို႕ ေရာက္ရွိေနျပီး ၎ရြာတြင္ ညအိပ္ရပ္နားကာ စက္တင္ဘာ ၂၄ ရက္ေန႕တြင္ ေတာင္ေပၚတက္ကာ ကာကြယ္ေရး အပိုင္းကို ေဆာင္ရြက္မည္ ျဖစ္သည္။

“ အခုကေတာ့ ကာကြယ္ေရးအပိုင္းကိုဘဲ လုပ္ဖို႕ ညႊန္ၾကားထားေတာ့ ကာကြယ္ေရးအတြက္ ေဆးေတြေတာ့ ပါလာပါတယ္။ ကုသေရး အပိုင္းက်ေတာ့ ဓာတ္ခြဲစမ္းသပ္ျပီး ေရာဂါ အေျခအေနကို သိရွိမွ ကုသေရး အပိုင္းကို ေဆာင္ရြက္မွာ ျဖစ္ပါတယ္။ ေလာေလာဆယ္ေတာ့ ဘာေၾကာင့္ကၽြဲေတြေသတယ္ဆိုတာကိုေတာ့ မေျပာႏိုင္ေသးပါ” ဟု မင္းျပားျမိဳ႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရး ဦစီးဌာနမွ ျမိဳ႕နယ္ဦးစီးမွဴး ေဒါက္တာ ခ်စ္ဦးလြင္က ေျပာဆုိသည္။


အဆိုပါကၽြဲမ်ား အစုလိုက္ အျပံဳလိုက္ေသဆံုးမႈႏွင့္ ပတ္သက္ျပီး အိုးပ်ဥ္ေထာင္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးက်န္လူက “ ေသတဲ့ကၽြဲက ေကာင္ေရ ၅၅ ေကာင္ပါ။ ေပ်ာက္ေနတဲ့ ကၽြဲက အေကာင္ ၄၄ ေကာင္ရွိပါတယ္။ လယ္ထြန္ယက္စုိက္ပ်ိဳးလို႕ အျပီး ေတာင္ေပၚမွာ လြတ္ထားရာကေန အခုလို ေသဆံုးသြားခဲ့တာ ျဖစ္ပါတယ္” ဟု ေျပာဆိုသည္။

ယခုလို ရြာအနီးအနားတြင္ ကၽြဲမ်ားအား ေမြးျမဴမထားဘဲ ေတာင္ေပၚကို လြတ္တင္ထားရျခင္းမွာ ကၽြဲမ်ားအတြက္ စားက်က္ေျမမ်ား မရွိရာမွ ျဖစ္ေၾကာင္း ၎က ေျပာဆိုသည္။

“ ကၽြဲေတြစားမယ့္ စားက်က္ေတြက မရွိေတာ့ဘူး။ အကုန္လံုး စပါးစုိက္ထားၾကျပီ။ ဒါေၾကာင့္ လယ္ထြန္လို႕ ျပီးတာနဲ႕ ေတာင္ေပၚမွာ လြတ္ထားၾကရပါတယ္။ အခုေတာ့ ကၽြဲအေကာင္ ၅၀ ေက်ာ္ေသဆံုးသြားခဲ့ၾကပါျပီ” ဟု ဦးက်န္လူက ေျပာၾကားသည္။

"ေသတာက လွ်ာေတြထြက္ၿပီး ပါးစပ္ေတြက အျမႇဳပ္ေတြထြက္ပါတယ္။ လည္ပင္းေတြလည္း ေရာင္တယ္ေလ။ လည္ပင္းေရာင္ၿပီး ခဏေလးနဲ႔ကို ေသတာ"ဟု ကၽြဲ ၁၁ ေကာင္ေသဆံုးသြားသည့္ အုိးပ်ဥ္ေထာင္ေက်းရြာမွ ကုိေမာင္သန္းႏုိင္က နိရၪၥရာသို႔ေျပာသည္။

"ကၽြဲတစ္ေကာင္ဆုိရင္ ကာလေပါက္ေစ်း က်ပ္ ၁ဝ သိန္းရွိပါတယ္။ က်ေနာ္တုိ႔ ၁၁ ေကာင္လံုးေသသြားေတာ့၊ ကုိယ္ဝန္နဲ႔ကၽြဲေတြလည္း ေသသြားတယ္ေလ။ အခုလို ေသသြားေတာ့ က်ေနာ္တုိ႔လည္း အရမ္းအခက္ေတြ႕ေနပါတယ္။ က်ေနာ့္အေဖဆုိရင္ လယ္ေတြကိုလည္း မသြားေတာ့ဘူး။ အိမ္မွာ မႈိင္ၿပီးေတာ့ ျဖစ္ေနရပါတယ္"ဟု ကုိေမာင္သန္းႏုိင္က ဆုိသည္။

ေသဆံုးေနသည့္ကၽြဲမ်ားမွာ အုိးပ်ဥ္ေထာင္ေက်းရြာတစ္ခုတည္းမွျဖစ္ၿပီး အဆုိပါေဒသရွိ ကၽြဲ၊ ႏြားမ်ားအား မင္းျပားၿမိဳ႕နယ္ တိရစၦာန္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနက ဇူလုိင္လတြင္း တိရစၦာန္ကူးစက္ေရာဂါကာကြယ္ေဆးထုိးေပးထားၿပီးျဖစ္ေၾကာင္းလည္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မာန္ယုေက်ာ္(ေရႊ၀ေျမ)
Narinjara
https://www.facebook.com/Narinjara

#Unicode Version#
မင်းပြားမြို့နယ် အိုးပျဉ်ထောင်ရွာတွင် တောင်ပေါ်လွတ်မွေးထားသည့် ကျွဲ ၅၅ ကောင် ထူးထူးဆန်းဆန်း သေဆုံးနေမှုနှင့် ပတ်သက်ပြီး အချက်အလက်များကို ရန်ကုန်ရှိ ဓာတ်ခွဲခန်းထိ ပို့ဆောင်၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း မင်းပြားမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ချစ်ဦးလွင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

" မနက်ပိုင်းမှာ ကျွဲတွေသေတဲ့ တောင်ပေါ်တက်ပါမယ်။ တောက်ထိပ်ကို ရောက်ရင် သေဆုံးတဲ့ ကျွဲတွေရဲ့ ဓာတ်ခွဲ စမ်းသပ်လို့ရမယ့် အင်္ဂါအစိတ်အပိုင်း တစ်ချို့ကို ရန်ကုန် ဓာတ်ခွဲခန်းကို ပို့ပါမယ်။ ရေကန်၊ ရေမြောင်းတွေက ရေနမူနာတွေကိုလည်း ရန်ကုန် ဓာတ်ခွဲခန်းထဲကို ပို့ပြီး စစ်ဆေးမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ချစ်ဦးလွင်က ပြောသည်။

မင်းပြားမြို့နယ် တိမွေးကု ဦစီးဌာန ဦးစီးမှူး ဒေါက်တာ ချစ်ဦးလွင်ဦးဆောင်သော ၈ ဦးပါ ကုသရေး အဖွဲ့သည် စက်တင်ဘာ ၂၃ ရက်နေ့တွင် အိုးပျဉ်ထောင် ကျေးရွာသို့ ရောက်ရှိနေပြီး ၎င်းရွာတွင် ညအိပ်ရပ်နားကာ စက်တင်ဘာ ၂၄ ရက်နေ့တွင် တောင်ပေါ်တက်ကာ ကာကွယ်ရေး အပိုင်းကို ဆောင်ရွက်မည် ဖြစ်သည်။

“ အခုကတော့ ကာကွယ်ရေးအပိုင်းကိုဘဲ လုပ်ဖို့ ညွှန်ကြားထားတော့ ကာကွယ်ရေးအတွက် ဆေးတွေတော့ ပါလာပါတယ်။ ကုသရေး အပိုင်းကျတော့ ဓာတ်ခွဲစမ်းသပ်ပြီး ရောဂါ အခြေအနေကို သိရှိမှ ကုသရေး အပိုင်းကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ ဘာကြောင့်ကျွဲတွေသေတယ်ဆိုတာကိုတော့ မပြောနိုင်သေးပါ” ဟု မင်းပြားမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ချစ်ဦးလွင်က ပြောဆိုသည်။


အဆိုပါကျွဲများ အစုလိုက် အပြုံလိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး အိုးပျဉ်ထောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျန်လူက “ သေတဲ့ကျွဲက ကောင်ရေ ၅၅ ကောင်ပါ။ ပျောက်နေတဲ့ ကျွဲက အကောင် ၄၄ ကောင်ရှိပါတယ်။ လယ်ထွန်ယက်စိုက်ပျိုးလို့ အပြီး တောင်ပေါ်မှာ လွတ်ထားရာကနေ အခုလို သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ယခုလို ရွာအနီးအနားတွင် ကျွဲများအား မွေးမြူမထားဘဲ တောင်ပေါ်ကို လွတ်တင်ထားရခြင်းမှာ ကျွဲများအတွက် စားကျက်မြေများ မရှိရာမှ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ ကျွဲတွေစားမယ့် စားကျက်တွေက မရှိတော့ဘူး။ အကုန်လုံး စပါးစိုက်ထားကြပြီ။ ဒါကြောင့် လယ်ထွန်လို့ ပြီးတာနဲ့ တောင်ပေါ်မှာ လွတ်ထားကြရပါတယ်။ အခုတော့ ကျွဲအကောင် ၅၀ ကျော်သေဆုံးသွားခဲ့ကြပါပြီ” ဟု ဦးကျန်လူက ပြောကြားသည်။

"သေတာက လျှာတွေထွက်ပြီး ပါးစပ်တွေက အမြှုပ်တွေထွက်ပါတယ်။ လည်ပင်းတွေလည်း ရောင်တယ်လေ။ လည်ပင်းရောင်ပြီး ခဏလေးနဲ့ကို သေတာ"ဟု ကျွဲ ၁၁ ကောင်သေဆုံးသွားသည့် အိုးပျဉ်ထောင်ကျေးရွာမှ ကိုမောင်သန်းနိုင်က နိရဉ္စရာသို့ပြောသည်။

"ကျွဲတစ်ကောင်ဆိုရင် ကာလပေါက်ဈေး ကျပ် ၁ဝ သိန်းရှိပါတယ်။ ကျနော်တို့ ၁၁ ကောင်လုံးသေသွားတော့၊ ကိုယ်ဝန်နဲ့ကျွဲတွေလည်း သေသွားတယ်လေ။ အခုလို သေသွားတော့ ကျနော်တို့လည်း အရမ်းအခက်တွေ့နေပါတယ်။ ကျနော့်အဖေဆိုရင် လယ်တွေကိုလည်း မသွားတော့ဘူး။ အိမ်မှာ မှိုင်ပြီးတော့ ဖြစ်နေရပါတယ်"ဟု ကိုမောင်သန်းနိုင်က ဆိုသည်။

သေဆုံးနေသည့်ကျွဲများမှာ အိုးပျဉ်ထောင်ကျေးရွာတစ်ခုတည်းမှဖြစ်ပြီး အဆိုပါဒေသရှိ ကျွဲ၊ နွားများအား မင်းပြားမြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဇူလိုင်လတွင်း တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးထိုးပေးထားပြီးဖြစ်ကြောင်းလည်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မာန်ယုကျော်(ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top