(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး
×




Credit:  ကြေးမုံ

#Unicode Version#
ဆီးချိုဖြစ်ပြီဆိုရင် လူတိုင်းကကြောက်ကြတာချည်းပါပဲ။ ဘယ်သူမှလည်း ဒီဝေဒနာကို မဖြစ်ချင်ကြပါဘူး။ ဆီးချိုသမားတွေဟာ သူများတွေထက်ပိုဂရုစိုက်ရတယ်။ အစားအသာက်ဆင်ခြင်ရတယ်။ သူတို့က စိတ်ကျဝေဒနာ တွေကိုလည်း ခံစားရတတ်ပါတယ်။ သူတို့ကိုဖေးမဖို့လိုတယ်။ ခိုက်မိတိုက်မိ အနာတစ်ခုခုဖြစ် ပြီဆိုလည်း တော်တော်နဲ့ အနာမကျက်နိုင်ကြပါဘူး။

ဒါကြောင့် ဆီးချိုသမားတွေ ဆင်ခြင်လို့ရအောင် နည်းလမ်းလေးတွေကို တင်ပြလိုက်ရပါတယ်။ ဆေးလိပ်သောက်တတ်သူဆိုရင် ခုချက်ချင်း ဆေးလိပ်ဖြတ်နိုင်အောင်ကြိုးစားပါ။အရက်ကိုလုံးဝမသောက် မိပါ စေနဲ့။အမျိုးသမီးတွေအနေနဲ့ အရက်နဲ့မသက်ဆိုင်ပေမဲ့ အမျိုးသားတွေကတော့ သတိထားရမှာဖြစ်ပါတယ်။အချို အငန်တွေ လျော့စားပါ။ သွေးတွင်းသကြားဓာတ်ကို ထိန်းထားပေးပါ။ အမြဲတမ်းကျန်းမာရေးစစ်ဆေးမူ့ပြုလုပ် ပါ။

ကဖင်းဓာတ်ရှောင့်ကြည်သင့်ပါတယ်။လေ့ကျင့်ခန်း ကောင်းကောင်းလုပ်ပေးပါ။ ရေကိုတော့ များများသောက် ပေးပါ။ပြီးတော့ ဆီးချိုဝေဒနာခံစားရတဲ့ လူတွေဟာ တစ်ခြားလူတွေလို ပျော်ပျော်ရွင်ရွင်မနေနိုင်တော့ပဲ အမြဲ စိတ်အားငယ်နေတတ်ကြပါတယ်။ ဒါကြောင့် ဆီးချိုဖြစ်တဲ့သူတွေကို အတတ်နိုင်ဆုံး စိတ်ပျော်ရွင်အောင်ထား ပေးပါ။ လေကောင်းလေသန့်ရတဲ့နေရာတွေမှာနေပါ။ ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:  ကြေးမုံ


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top