မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×

နှစ်စဉ်အောက်တိုဘာကစ၍ ဘုရားဖူးများဖြင့် စည်ကားလေ့ရှိသော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ (ဓာတ်ပုံ − စိုင်းဇော်)

ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတွင် သီတင်း ကျွတ်လပြည့်နေ့ တောင်ဖွင့်ပွဲအမီ တောင်တက်ကားပြေးဆွဲခွင့်ပြု ရန် ဒေသခံ ယာဉ်ပိုင်ရှင်များက သမ္မတထံသို့(၁၃)ကြိမ်မြောက်အ ထိ အသနားခံစာပေးပို့ခဲ့ကြောင်း ဒေသခံယာဉ်ပိုင်ရှင် ဦးကျော်မင်း ဦးက ပြောသည်။

လက်ရှိတွင် ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အ သင်းက တောင်တက်ကားများဖြင့် ပြေးဆွဲနေပြီး ဒေသခံတောင်တက် ကားအစီးရေ ၃၀ ပြေးဆွဲခွင့်ပြုရန် တင်ပြခြင်းဖြစ်သည်။ ထိုသို့ ပြေး ဆွဲခွင့်ပြုရန် ၂၀၁၆ ကစ၍ သမ္မတထံ တင်ပြသော်လည်း မရသေးသဖြင့် စက်တင်ဘာ ၁၀ ရက်တွင် ထပ်မံ တင်ပြခြင်းဖြစ်ကြောင်း ဦးကျော်မင်းဦးက ဆိုသည်။

‘‘အခု သနားခံစာနဲ့ပါဆိုရင် (၁၃) ကြိမ်မြောက်ရှိပြီ။ သမ္မတ ဟောင်း ဦးထင်ကျော်လက်ထက် မှာ(၁၀) ကြိမ်၊ အခု သမ္မတလက် ထက်မှာ ဒီတစ်ကြိမ်နဲ့ဆိုရင် သုံး ကြိမ်ရှိပြီ။ ပြည်နယ် အစိုးရကို လည်း တင်ပြခဲ့ပါတယ်’’ ဟု ဦးကျော်မင်းဦးက ပြောသည်။

နှစ်စဉ် များပြားလာသည့် ဘုရားဖူးခရီးသည်များနှင့် တောင် တက်ကား အချိုးညီစွာ ပြေးဆွဲနိုင် ရေး၊ သယ်ယူပို့ဆောင်နိုင်ရေးကို နိုင်ငံတော်သမ္မတကြီးက အထူးကိစ္စတစ်ရပ်အနေဖြင့် လမ်းညွှန်ခွင့်ပြုပေးရန် တင်ပြခဲ့ကြောင်း ဦးကျော်မင်းဦးက ဆိုသည်။  တောင်တက်မော်တော်ယာဉ်အသင်း တာဝန်ရှိသူတစ်ဦးက ‘‘ကင်ပွန်းစခန်းဒေသခံတွေက သူတို့လိုချင်လို့ သူတို့တောင်းတာပဲ။ ကျွန်တော်တို့က ခွင့်မပြုနိုင်ဘူး။ ပြည်နယ်အစိုးရကလည်း ခွင့်မပြုဘူး။ သူတို့ကို ခွင့်ပြုလိုက်ရင် ကျန်တဲ့လူတွေလည်း ထပ်ပြီး ဝင်လာဦးမယ်။ လက်ရှိ ပြေးဆွဲနေတဲ့ ကားအစီးရေလုံလောက်နေပါတယ်’’ဟု ပြောသည်။

ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ်အသင်းကို ၁၉၉၃ က စတင်တည်ထောင်ပြီး ယခု ကျိုက်ထီးရိုးသို့ ပြေးဆွဲနေသည့် တောင်တက်ယာဉ်အစီး ၁၅၀ ရှိကြောင်း စာရင်းအရ သိရသည်။

ကျိုက်ထီးရိုးဘုရားပွဲတော် ရာသီဖြစ်သည့် သီတင်းကျွတ်လ ပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့် သည်တော်များ နေ့စဉ် သိန်းနှင့်ချီ လာရောက်ကြောင်း ဘုရားဂေါပကအဖွဲ့မှ သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily
# Unicode Version ဖြင့် ဖတ်ပါ #


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top