ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

လူသိမ်ားေက်ာ္ၾကားတဲ့ ေဖ့စ္ဘြတ္ဆယ္လီတစ္ဦးျဖစ္သလို မိတ္ကပ္ပညာပိုင္းမွာလဲ ကၽြမ္းက်င္ပညာရွင္တစ္ေယာက္ျဖစ္တဲ့ မိတ္ကပ္ညီညီေမာင္ (စမ္းေခ်ာင္း)ကိုေတာ့ အားလံုးက သုသုဆိုတဲ့နာမည္ေလးနဲ႔ ခ်စ္စႏိုးေခၚေ၀ၚေနၾကတာပဲျဖစ္ပါတယ္။ သုသုက ပြင့္လင္းရိုးသားစြာေျပာဆိုေနထိုင္တတ္တဲ့ စိတ္ထားေကာင္းေလးရွိသူျဖစ္ျပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္သူ တစ္ဦးလဲျဖစ္ပါတယ္။ သူမရဲ႕ပရိသတ္ေတြကို ေပ်ာ္ရႊင္ေစခ်င္တဲ့ဆႏၵေလးနဲ႔ မၾကာခဏဆိုသလို ဟာသဗီဒီယိုေလးေတြဖိုင္ေလးေတြတင္ကာ ေပ်ာ္ရႊင္မႈေတြကိုဖန္တီးေပးတတ္သူလဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္လဲ ပရိသတ္ေတြက သုသုဆိုျပီး အခ်စ္ပိုေနရတာလည္းျဖစ္ပါတယ္။
အခ်စ္ေဟာင္းနဲ႔ လမ္းခြဲျပတ္စဲျပီးေနာက္ တစ္ေန႔တစ္ျခားေျပာင္းလဲစြာ လွပလာတဲ့သူမက လက္ရွိမွာသူမလိုခ်င္တဲ့ ေပ်ာ္ရႊင္ျပီးသာယာေအးခ်မ္းတဲ့ အခ်စ္ေရးကိုပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ ခ်စ္သူကို ပရိသတ္ေတြၾကားတရား၀င္ Public ခ်ျပထားျခင္းမရွိေသးတဲ့ သုသုတစ္ေယာက္ မၾကာခင္မွာ မဂၤလာေဆာင္ေတာ့မယ္လို႔ သိရပါတယ္။ အဆိုေတာ္စႏၵီျမင့္လြင္ရဲ႕ မဂၤလာပြဲမွာရရွိခဲ့တယ့္ သတို႔သမီး လက္ကိုင္ပန္းစည္းအစြမ္းေၾကာင့္ ထင္ပါတယ္ဆိုျပီး မဂၤလာပြဲနဲ႔ပတ္သက္ျပီး အင္တာဗ်ဴးတစ္ခုမွာေျဖဆိုထားတာျဖစ္ပါတယ္။

“ဒီးဒီရဲ႕မဂၤလာပြဲမွာ အမွတ္မထင္ပန္းစည္းရလိုက္တယ္။ အဲ့ပန္းစည္းရဲ႕အက်ိဳးေပးေကာင္းမႈေတြပဲ ထင္ပါတယ္။ သူနဲ႔ေတြ႔တာ အခုဆိုရင္ Relationship က (၂) လေက်ာ္ေက်ာ္ေလာက္ပဲရွိေသးတယ္။ ဒါေပမယ့္ စိတ္ခ်င္းလဲနီးစပ္တယ္။ ကိုယ့္အသိုင္းအ၀ိုင္းနဲ႔လဲ ၀င္ဆ့ံတယ္ သူကလူေပါင္းတတ္ေတာ့ေလ။ အိမ္ေထာင္ျပဳတယ္ဆိုတာကလဲ ကိုယ္တစ္ေယာက္ထဲနဲ႔အဆင္ေျပလို႔မရဘူးေလ။ သူကကိုယ့္မိသားစုအသိုင္းအ၀ိုင္းကို ကိုယ့္ထက္ေတာင္မွပိုျပီးေပါင္းတတ္ေနေတာ့ အရမ္းအဆင္ေျပေနတယ္” ဆိုျပီး ေျဖၾကားထားပါတယ္။

မဂၤလာပြဲေလးနဲ႔ပတ္သက္ျပီး ရင္ခုန္စိတ္လႈပ္ရွားေနတဲ့အေၾကာင္းကိုလည္း “Wedding ဆိုတာထက္ အရမ္းခ်စ္ရတဲ့သူငယ္ခ်င္းေတြနဲ႔ ပြဲေလးလုပ္ခ်င္တာပါ။ ရိုးရိုးရွင္းရွင္းေလးပဲလုပ္မွာပါ။ Public လဲခ်ျပဖို႔ အစီအစဥ္ေတာ့မရွိပါဘူး။ အဓိကက ကိုယ္အရမ္းခ်စ္ရတဲ့သူေတြကို ကိုယ္ေတြႏွစ္ေယာက္လက္တြဲျပီ ဆိုတာကို အသိေပးတဲ့ပြဲေလးပါပဲ။ ၁၁ လပိုင္းနဲ႔ ၁၂ လပိုင္းၾကားထဲမွာေတာ့ ျဖစ္ဖို႔မ်ားတယ္။ တစ္သက္မွာတစ္ခါဆိုေတာ့ အရမ္းေတာ့ရင္ခုန္မိတယ္၊ ေပ်ာ္လည္းေပ်ာ္တယ္။ ျမန္မာလူမ်ိဳးတစ္ေယာက္အေနနဲ႔ ကိုယ့္ရဲ႕မဂၤလာပြဲကိုလည္းအရမ္းတန္ဖိုးထားတယ္။ အရမ္းရင္ခုန္တယ္” ဆိုျပီး ကိုယ္တုိင္ၾကံဳေတြ႔လာရမယ့္ မဂၤလာပြဲေလးအတြက္ ယခုထဲကစိတ္လႈပ္ရွားေနမိေၾကာင္းကိုလဲ ေျပာျပခဲ့တာျဖစ္ပါတယ္။

ခ်စ္သူကို ပရိသတ္ေတြၾကားတရား၀င္ခ်ျပျခင္းမရွိေသးတာနဲ႔ ပတ္သက္ျပီး “အေကာင္းျမင္လို႔ ေျပာတာကိုေတာ့ လက္ခံႏိုင္တယ္။ အဆိုးျမင္ျပီးေျပာတာေတြက် လက္မခံႏုိင္ဘူး။ ကိုယ္က မိန္းမလ်ာဆိုေတာ့ ဒါေတြကိုခံႏိုင္ရွိေနျပီဆိုေပမယ့္ ကိုယ့္ဘ၀ထဲ၀င္လာမယ့္သူကိုေတာ့ စိတ္ဒဏ္ရာမျဖစ္ေစခ်င္လို႔ပါ။ ကိုယ့္အသိုင္းကေတာ့ သိတယ္။ တြဲသြားတြဲလာေတာ့လုပ္မွာပဲ ပံုမတင္တာပဲရွိပါတယ္။ ေနာက္ပိုင္းက်ရင္ေတာ့ သိမွာပါပဲ။ ေလာေလာဆယ္ကေတာ့ သက္တမ္းလဲႏုေသးတယ္။ ျပီးေတာ့ ကိုယ္ေတြက ပံုမွန္ေယာက်ာ္း၊ မိန္းမအိမ္ေထာင္ေရးလဲ မဟုတ္ဘူးေလ။ အာ့ေၾကာင့္ပါ” ဆိုျပီး ေျဖဆိုထားပါတယ္။

သုသုကေတာ့ သူမရဲ႕မဂၤလာပြဲေလးအတြက္ ဘယ္ေလာက္ေတာင္ရင္ခုန္စိတ္လႈပ္ရွားေနလိုက္မလဲေနာ္။ ခ်စ္ရတဲ့ပရိသတ္ေတြကလဲ သုသုနဲ႔ထပ္တူ၀မ္းသာေပ်ာ္ရႊင္ေနၾကကာ သုသုေပ်ာ္ရႊင္ပါေစလို႔လဲ ဆုမြန္ေကာင္းေတြေတာင္းေပးေနၾကပါတယ္။ ဒါ့အျပင္သုသုက ကေလးယူဖို႔လဲအစီအစဥ္ရွိျပီး ကေလးယူျဖစ္တဲ့အခါက်ရင္ မိန္းကေလးလိုခ်င္တယ္လို႔ ဖြင့္ဟေျပာၾကားခဲ့ဖူးပါတယ္။ သုသုတစ္ေယာက္လိုခ်င္တဲ့ေပ်ာ္စရာေကာင္းတဲ့ မိသားစုဘ၀မ်ိဳးပိုင္ဆိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။

Source_Myanmar People Magazine

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဂ်မ္းပံု
# Unicode Version ျဖင့္ ဖတ္ပါ #
လူသိများကျော်ကြားတဲ့ ဖေ့စ်ဘွတ်ဆယ်လီတစ်ဦးဖြစ်သလို မိတ်ကပ်ပညာပိုင်းမှာလဲ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ မိတ်ကပ်ညီညီမောင် (စမ်းချောင်း)ကိုတော့ အားလုံးက သုသုဆိုတဲ့နာမည်လေးနဲ့ ချစ်စနိုးခေါ်ဝေါ်နေကြတာပဲဖြစ်ပါတယ်။ သုသုက ပွင့်လင်းရိုးသားစွာပြောဆိုနေထိုင်တတ်တဲ့ စိတ်ထားကောင်းလေးရှိသူဖြစ်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သူတစ်ဦးလဲဖြစ်ပါတယ်။ သူမရဲ့ပရိသတ်တွေကို ပျော်ရွှင်စေချင်တဲ့ဆန္ဒလေးနဲ့ မကြာခဏဆိုသလို ဟာသဗီဒီယိုလေးတွေဖိုင်လေးတွေတင်ကာ ပျော်ရွှင်မှုတွေကိုဖန်တီးပေးတတ်သူလဲဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ ပရိသတ်တွေက သုသုဆိုပြီး အချစ်ပိုနေရတာလည်းဖြစ်ပါတယ်။

အချစ်ဟောင်းနဲ့ လမ်းခွဲပြတ်စဲပြီးနောက် တစ်နေ့တစ်ခြားပြောင်းလဲစွာ လှပလာတဲ့သူမက လက်ရှိမှာသူမလိုချင်တဲ့ ပျော်ရွှင်ပြီးသာယာအေးချမ်းတဲ့ အချစ်ရေးကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ချစ်သူကို ပရိသတ်တွေကြားတရားဝင် Public ချပြထားခြင်းမရှိသေးတဲ့သုသုတစ်ယောက် မကြာခင်မှာမင်္ဂလာဆောင်တော့မယ်လို့သိရပါတယ်။ အဆိုတော်စန္ဒီမြင့်လွင်ရဲ့မင်္ဂလာပွဲမှာရရှိခဲ့တယ့် သတို့သမီးလက်ကိုင်ပန်းစည်းအစွမ်းကြောင့်ထင်ပါတယ်ဆိုပြီး မင်္ဂလာပွဲနဲ့ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာဖြေဆိုထားတာဖြစ်ပါတယ်။

“ဒီးဒီရဲ့မင်္ဂလာပွဲမှာ အမှတ်မထင်ပန်းစည်းရလိုက်တယ်။ အဲ့ပန်းစည်းရဲ့အကျိုးပေးကောင်းမှုတွေပဲ ထင်ပါတယ်။ သူနဲ့တွေ့တာ အခုဆိုရင် Relationship က (၂) လကျော်ကျော်လောက်ပဲရှိသေးတယ်။ ဒါပေမယ့် စိတ်ချင်းလဲနီးစပ်တယ်။ ကိုယ့်အသိုင်းအဝိုင်းနဲ့လဲ ဝင်ဆံ့တယ် သူကလူပေါင်းတတ်တော့လေ။ အိမ်ထောင်ပြုတယ်ဆိုတာကလဲ ကိုယ်တစ်ယောက်ထဲနဲ့အဆင်ပြေလို့မရဘူးလေ။ သူကကိုယ့်မိသားစုအသိုင်းအဝိုင်းကို ကိုယ့်ထက်တောင်မှပိုပြီးပေါင်းတတ်နေတော့ အရမ်းအဆင်ပြေနေတယ်” ဆိုပြီး ဖြေကြားထားပါတယ်။

မင်္ဂလာပွဲလေးနဲ့ပတ်သက်ပြီး ရင်ခုန်စိတ်လှုပ်ရှားနေတဲ့အကြောင်းကိုလည်း “Wedding ဆိုတာထက် အရမ်းချစ်ရတဲ့သူငယ်ချင်းတွေနဲ့ ပွဲလေးလုပ်ချင်တာပါ။ ရိုးရိုးရှင်းရှင်းလေးပဲလုပ်မှာပါ။ Public လဲချပြဖို့ အစီအစဉ်တော့မရှိပါဘူး။ အဓိကက ကိုယ်အရမ်းချစ်ရတဲ့သူတွေကို ကိုယ်တွေနှစ်ယောက်လက်တွဲပြီဆိုတာကို အသိပေးတဲ့ပွဲလေးပါပဲ။ ၁၁ လပိုင်းနဲ့ ၁၂ လပိုင်းကြားထဲမှာတော့ ဖြစ်ဖို့များတယ်။ တစ်သက်မှာတစ်ခါဆိုတော့ အရမ်းတော့ရင်ခုန်မိတယ်၊ ပျော်လည်းပျော်တယ်။ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့မင်္ဂလာပွဲကိုလည်းအရမ်းတန်ဖိုးထားတယ်။ အရမ်းရင်ခုန်တယ်” ဆိုပြီး ကိုယ်တိုင်ကြုံတွေ့လာရမယ့် မင်္ဂလာပွဲလေးအတွက် ယခုထဲကစိတ်လှုပ်ရှားနေမိကြောင်းကိုလဲ ပြောပြခဲ့တာဖြစ်ပါတယ်။

ချစ်သူကို ပရိသတ်တွေကြားတရားဝင်ချပြခြင်းမရှိသေးတာနဲ့ ပတ်သက်ပြီး “အကောင်းမြင်လို့ ပြောတာကိုတော့ လက်ခံနိုင်တယ်။ အဆိုးမြင်ပြီးပြောတာတွေကျ လက်မခံနိုင်ဘူး။ ကိုယ်က မိန်းမလျာဆိုတော့ ဒါတွေကိုခံနိုင်ရှိနေပြီဆိုပေမယ့် ကိုယ့်ဘဝထဲဝင်လာမယ့်သူကိုတော့ စိတ်ဒဏ်ရာမဖြစ်စေချင်လို့ပါ။ ကိုယ့်အသိုင်းကတော့ သိတယ်။ တွဲသွားတွဲလာတော့လုပ်မှာပဲ ပုံမတင်တာပဲရှိပါတယ်။ နောက်ပိုင်းကျရင်တော့ သိမှာပါပဲ။ လောလောဆယ်ကတော့ သက်တမ်းလဲနုသေးတယ်။ ပြီးတော့ ကိုယ်တွေက ပုံမှန်ယောကျာ်း၊ မိန်းမအိမ်ထောင်ရေးလဲ မဟုတ်ဘူးလေ။ အာ့ကြောင့်ပါ” ဆိုပြီး ဖြေဆိုထားပါတယ်။

သုသုကတော့ သူမရဲ့မင်္ဂလာပွဲလေးအတွက် ဘယ်လောက်တောင်ရင်ခုန်စိတ်လှုပ်ရှားနေလိုက်မလဲနော်။ ချစ်ရတဲ့ပရိသတ်တွေကလဲ သုသုနဲ့ထပ်တူဝမ်းသာပျော်ရွှင်နေကြကာ သုသုပျော်ရွှင်ပါစေလို့လဲ ဆုမွန်ကောင်းတွေတောင်းပေးနေကြပါတယ်။ ဒါ့အပြင်သုသုက ကလေးယူဖို့လဲအစီအစဉ်ရှိပြီး ကလေးယူဖြစ်တဲ့အခါကျရင် မိန်းကလေးလိုချင်တယ်လို့ ဖွင့်ဟပြောကြားခဲ့ဖူးပါတယ်။ သုသုတစ်ယောက်လိုချင်တဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝမျိုးပိုင်ဆိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source_Myanmar People Magazine

ဖိုးသူတော် (www.phothutaw.com)
Credit: ဂျမ်းပုံ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top