အဂၤလန္လက္ေ႐ြးစင္ ၾကယ္ပြင့္ေဟာင္း ေဒးဗစ္ဘက္  ခမ္းက ၎၏အေမရိကန္ေမဂ်ာ လိဂ္အသင္းကို အင္တာမီယာမီ ဟု အမည္ေပးေၾကာင္းေၾကညာ သည္။

‘‘လြန္ခဲ့တဲ့ေလးႏွစ္က ကြၽန္ ေတာ္တို႔ ေဘာလုံးအသင္းတစ္ သင္းအေၾကာင္း အိပ္မက္မက္ခဲ့ ၾကတယ္။ ဒီကေန႔ အဲဒီကလပ္ရဲ႕ တရားဝင္အမည္ကို ေၾကညာရလို႔ ဂုဏ္ယူပါတယ္’’ ဟု ဘက္ခမ္း က ေျပာသည္။

ယင္းအမည္ႏွင့္ အသင္း၏ အမွတ္တံဆိပ္သည္ မီယာမီေဒသ အတြင္း  ဗ်ိဳင္းကဲ့သို႔  က်က္စား ေသာငွက္ႏွစ္ေကာင္ ေက်ာကပ္ ေနသည့္ပုံ ပါဝင္သည္။

‘Club International de Fubol Miami’ သည္ ကမာၻေပၚ တြင္ ရင္ခုန္စရာအေကာင္းဆုံးၿမိဳ႕ မ်ားအနက္ တစ္ၿမိဳ႕၏ မယုံႏိုင္စ ရာစြမ္းအင္အတြက္ ေအာင္ပြဲခံ သည့္ အမည္တစ္ခုျဖစ္ေၾကာင္း ဘက္ခမ္းက ေျပာသည္။

မိမိတို႔သည္ ၂၀၂၀ တြင္ ပထမဆုံး ပြဲကစားခ်ိန္အထိဆက္ လက္တည္ေဆာက္မည္ဟု ၎ က ေျပာသည္။ ယင္းအသင္းသည္ မီယာမီဖရီးဒမ္းပက္ခ္တြင္ အိမ္ ကြင္းျပဳလုပ္မည္ဟု ေမွ်ာ္လင့္ရ သည္။ ယင္းေဘာလုံးကြင္းတြင္ အၿမဲစိမ္းဧက ၁၁၀ ပါဝင္ၿပီး လူ ငယ္မ်ားကစားရန္ ၂၃ ဧကလည္း ပါဝင္ကာ အမ်ားျပည္သူအတြက္ ယင္းေနရာကို ဖြင့္လွစ္ထားမည္ ျဖစ္သည္။

ဘက္ခမ္းဦးေဆာင္ေသာ အဖြဲ႕သည္ ယင္းအသင္းကို ၂၀၁၈ ဇန္နဝါရီက တရားဝင္ဝယ္ ယူေၾကာင္း ေၾကညာၿပီး ၂၀၂၀ ရာသီတြင္ စတင္ယွဥ္ၿပိဳင္မည္ျဖစ္ သည္။ 
ဖိုးသူေတာ္ (www.phothutaw.com)
Credit:7daydaily
အင်္ဂလန်လက်ရွေးစင် ကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်  ခမ်းက ၎င်း၏အမေရိကန်မေဂျာ လိဂ်အသင်းကို အင်တာမီယာမီ ဟု အမည်ပေးကြောင်းကြေညာ သည်။

‘‘လွန်ခဲ့တဲ့လေးနှစ်က ကျွန် တော်တို့ ဘောလုံးအသင်းတစ် သင်းအကြောင်း အိပ်မက်မက်ခဲ့ ကြတယ်။ ဒီကနေ့ အဲဒီကလပ်ရဲ့ တရားဝင်အမည်ကို ကြေညာရလို့ ဂုဏ်ယူပါတယ်’’ ဟု ဘက်ခမ်း က ပြောသည်။

ယင်းအမည်နှင့် အသင်း၏ အမှတ်တံဆိပ်သည် မီယာမီဒေသ အတွင်း  ဗျိုင်းကဲ့သို့  ကျက်စား သောငှက်နှစ်ကောင် ကျောကပ် နေသည့်ပုံ ပါဝင်သည်။

‘Club International de Fubol Miami’ သည် ကမ္ဘာပေါ် တွင် ရင်ခုန်စရာအကောင်းဆုံးမြို့ များအနက် တစ်မြို့၏ မယုံနိုင်စ ရာစွမ်းအင်အတွက် အောင်ပွဲခံ သည့် အမည်တစ်ခုဖြစ်ကြောင်း ဘက်ခမ်းက ပြောသည်။

မိမိတို့သည် ၂၀၂၀ တွင် ပထမဆုံး ပွဲကစားချိန်အထိဆက် လက်တည်ဆောက်မည်ဟု ၎င်း က ပြောသည်။ ယင်းအသင်းသည် မီယာမီဖရီးဒမ်းပက်ခ်တွင် အိမ် ကွင်းပြုလုပ်မည်ဟု မျှော်လင့်ရ သည်။ ယင်းဘောလုံးကွင်းတွင် အမြဲစိမ်းဧက ၁၁၀ ပါဝင်ပြီး လူ ငယ်များကစားရန် ၂၃ ဧကလည်း ပါဝင်ကာ အများပြည်သူအတွက် ယင်းနေရာကို ဖွင့်လှစ်ထားမည် ဖြစ်သည်။

ဘက်ခမ်းဦးဆောင်သော အဖွဲ့သည် ယင်းအသင်းကို ၂၀၁၈ ဇန်နဝါရီက တရားဝင်ဝယ် ယူကြောင်း ကြေညာပြီး ၂၀၂၀ ရာသီတွင် စတင်ယှဉ်ပြိုင်မည်ဖြစ် သည်။ 
ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top