မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ေတာင္ဒဂံုကေန တာေမြကိုဆြဲတဲ့ ေအာက္ဆိုဒ္ကားေပၚမွာ အခုမနက္ ျဖစ္ခဲ့တာပါ ဒီလို ျဖစ္ရပ္မ်ဳိးေတြက်ေတာ့ ဘယ္ကို တိုင္ရမလဲ မသိဘူးေနာ္! ပံုမွာပါတဲ့ အေကာင္ကို မိန္းကေလးတိုင္း သတိထားပါ

လက္က ေက်ာပိုးအိတ္ႀကီးကို ေပြ႕ထားသလိုနဲ႔ လက္တစ္ဖက္က စစခ်င္း ေပါင္ကို မေတာ္တဆ ထိသလိုနဲ႔ တမင္သက္သက္ကို လိုက္လိုက္ကိုင္ေနတာပါ မနက္ခင္းဆို YBS 3 ေတြ ရွားလို႔ တာေမြေစ်းေလးကို ေအာက္ဆိုဒ္ကား ၅၀၀က်ပ္နဲ႔ စီးရပါတယ္ ကားစီးတိုင္း အဲ့လူနဲ႔ ဆံုတာ ၅ခါ ေလာက္ ရွိပါၿပီ ပထမတစ္ႀကိမ္တုန္းက မေတာ္တဆ ပံုစံနဲ႔မို႔ ေနရာေျပာင္းထိုင္လိုက္ပါတယ္

ေနာက္အေခါက္ေတြမွာ ကားေပၚသူနဲ႔ဆံုရင္ သူနဲ႔ အေ၀းဆံုးေနရာမွာပဲ ထိုင္ပါတယ္ လူေတြဆင္းရင္း ဆင္းရင္း ေနရာေခ်ာင္သြားရင္ ေဘးမွာေနရာေျပာင္းထိုင္ပါတယ္ သူ႔ေစာက္က်င့္အတိုင္း လိုက္လိုက္ထိပါတယ္ ကိုယ္မဟုတ္ဘဲ တျခားမိန္းကေလးေတြဆိုလည္း အဲလိုလုပ္တာ ျမင္ေနရပါတယ္ သူမလုပ္တာဆိုလို႔ ၾကက္ဘဲေစ်းမွာ ေစ်းေရာင္းမယ့္ ေစ်းသည္ေတြရယ္ အသက္ႀကီးပိုင္းေတြရယ္ကိုပါ

ဒီေန႔မနက္စီးေတာ့ သူအခုထိုင္ေနတဲ့ ေရွ႕ဆံုး တေနရာပဲ က်န္လို႔ ကိုယ္လည္း ေလာေလာ ေလာေလာနဲ႔ ၀င္ထိုင္လိုက္ပါတယ္ အဲ့မွာ သူ ရွိေနတာကို လံုး၀သတိမထားမိလိုက္ပါဘူး ေနာက္မွ သူ႔လက္က ေပါင္ကို လာထိေတာ့ သူမွန္းသိတာနဲ႔ စလင္းဘတ္အိတ္ကို ၾကားထဲ ေျပာင္းထားလိုက္ပါတယ္ ဒါေတာင္ ႏွာဘူးက

လက္နဲ႔ ကိုင္ဖို႔ လွမ္းလွမ္းလာတာ (ကိုယ္က ေတာက္ေလ်ာက္ ၾကည့္ေနတာမို႔ ေတြ႕တာပါ) ေဒါသျဖစ္ၿပီး အလယ္ခံုမွာ ထိုင္ေနတဲ့ bro တစ္ေယာက္ကို ေနရာလဲေပးပါလား လို႔ေျပာၿပီး ၀ုန္း၀ုန္း၀ုန္းနဲ႔ ေနရာေျပာင္းလိုက္ေတာ့ စပယ္ယာက ဘာျဖစ္လို႔လဲ ထိုင္လို႔မရလို႔လားေမးေရာ… အဲဒါနဲ႔ ကိုယ္လည္း အဲ့အေကာင္ရဲ႕ လုပ္ရပ္ကို ေျပာျပလိုက္တယ္။ ကားေပၚမွာ ဆြမ္းႀကီး၀ိုင္းေလာင္းမယ့္သူမ်ဳိးေတြ မပါလို႔ အဲ့အေကာင္ ကံေကာင္းတယ္။

ခါးပိုက္ႏွိုက္ လူဆိုး လူမိုက္လည္း မဟုတ္ဘဲ တဏွာရူးႏွာဘူးေတြကိုက်ေတာ့ ဘယ္ကိုတိုင္ၿပီး ဘယ္သူေတြက အေရးယူေပးလဲ မသိဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  သဲမီမီသိန္း

#Unicode Version#

တောင်ဒဂုံကနေ တာမွေကိုဆွဲတဲ့ အောက်ဆိုဒ်ကားပေါ်မှာ အခုမနက် ဖြစ်ခဲ့တာပါ ဒီလို ဖြစ်ရပ်မျိုးတွေကျတော့ ဘယ်ကို တိုင်ရမလဲ မသိဘူးနော်! ပုံမှာပါတဲ့ အကောင်ကို မိန်းကလေးတိုင်း သတိထားပါ

လက်က ကျောပိုးအိတ်ကြီးကို ပွေ့ထားသလိုနဲ့ လက်တစ်ဖက်က စစချင်း ပေါင်ကို မတော်တဆ ထိသလိုနဲ့ တမင်သက်သက်ကို လိုက်လိုက်ကိုင်နေတာပါ မနက်ခင်းဆို YBS 3 တွေ ရှားလို့ တာမွေဈေးလေးကို အောက်ဆိုဒ်ကား ၅၀၀ကျပ်နဲ့ စီးရပါတယ် ကားစီးတိုင်း အဲ့လူနဲ့ ဆုံတာ ၅ခါ လောက် ရှိပါပြီ ပထမတစ်ကြိမ်တုန်းက မတော်တဆ ပုံစံနဲ့မို့ နေရာပြောင်းထိုင်လိုက်ပါတယ်

နောက်အခေါက်တွေမှာ ကားပေါ်သူနဲ့ဆုံရင် သူနဲ့ အဝေးဆုံးနေရာမှာပဲ ထိုင်ပါတယ် လူတွေဆင်းရင်း ဆင်းရင်း နေရာချောင်သွားရင် ဘေးမှာနေရာပြောင်းထိုင်ပါတယ် သူ့စောက်ကျင့်အတိုင်း လိုက်လိုက်ထိပါတယ် ကိုယ်မဟုတ်ဘဲ တခြားမိန်းကလေးတွေဆိုလည်း အဲလိုလုပ်တာ မြင်နေရပါတယ် သူမလုပ်တာဆိုလို့ ကြက်ဘဲဈေးမှာ ဈေးရောင်းမယ့် ဈေးသည်တွေရယ် အသက်ကြီးပိုင်းတွေရယ်ကိုပါ

ဒီနေ့မနက်စီးတော့ သူအခုထိုင်နေတဲ့ ရှေ့ဆုံး တနေရာပဲ ကျန်လို့ ကိုယ်လည်း လောလော လောလောနဲ့ ဝင်ထိုင်လိုက်ပါတယ် အဲ့မှာ သူ ရှိနေတာကို လုံးဝသတိမထားမိလိုက်ပါဘူး နောက်မှ သူ့လက်က ပေါင်ကို လာထိတော့ သူမှန်းသိတာနဲ့ စလင်းဘတ်အိတ်ကို ကြားထဲ ပြောင်းထားလိုက်ပါတယ် ဒါတောင် နှာဘူးက

လက်နဲ့ ကိုင်ဖို့ လှမ်းလှမ်းလာတာ (ကိုယ်က တောက်လျောက် ကြည့်နေတာမို့ တွေ့တာပါ) ဒေါသဖြစ်ပြီး အလယ်ခုံမှာ ထိုင်နေတဲ့ bro တစ်ယောက်ကို နေရာလဲပေးပါလား လို့ပြောပြီး ဝုန်းဝုန်းဝုန်းနဲ့ နေရာပြောင်းလိုက်တော့ စပယ်ယာက ဘာဖြစ်လို့လဲ ထိုင်လို့မရလို့လားမေးရော… အဲဒါနဲ့ ကိုယ်လည်း အဲ့အကောင်ရဲ့ လုပ်ရပ်ကို ပြောပြလိုက်တယ်။ ကားပေါ်မှာ ဆွမ်းကြီးဝိုင်းလောင်းမယ့်သူမျိုးတွေ မပါလို့ အဲ့အကောင် ကံကောင်းတယ်။

ခါးပိုက်နှိုက် လူဆိုး လူမိုက်လည်း မဟုတ်ဘဲ တဏှာရူးနှာဘူးတွေကိုကျတော့ ဘယ်ကိုတိုင်ပြီး ဘယ်သူတွေက အရေးယူပေးလဲ မသိဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:  သဲမီမီသိန်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top