×

တာေမြၿမိဳ႕နယ္မွာ စက္တင္ဘာ ၁၁ ရက္ ည ၁၀ နာရီေက်ာ္ အခ်ိန္ေလာက္က မိသားစု ႏွစ္စု စကားမ်ားရာကေန ရန္ျဖစ္ၿပီး ဓားခုတ္ခဲ့မႈေၾကာင့္ လူတစ္ေယာက္ေသဆံုးၿပီး ႏွစ္ေယာက္ ဒဏ္ရာရရွိခဲ့တယ္လုိ႔ ရန္ကုန္တုိင္းရဲတပ္ဖြဲ႕ကေန Duwun က စက္တင္ဘာ ၁၂ ရက္ေန႔မွာစံုစမ္းသိရွိရပါတယ္။

ျဖစ္စဥ္ကေတာ့ တာေမြၿမိဳ႕နယ္ က်ိဳကၠဆံလမ္း၊ မလႊကုန္းေဌးၾကြယ္၊ က ရပ္ကြက္မွာ ေနထုိင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ ခင္ပြန္းျဖစ္သူေဇာ္ဟိန္းသူ နဲ႔ အတူ ဂိမ္းသြားေဆာ့ရင္း ဆုိင္ထဲမွာ ကေလးခ်င္းစကားမ်ားရာကေန မိန္းမခ်င္း ရန္ျဖစ္လာခဲ့ပါတယ္။

အဲဒီေနာက္ ည ၁၀ နာရီ ၁၅ မိနစ္အခ်ိန္ေလာက္မွာ အမ်ိဳးသားတစ္ေယာက္က ဦးၾကည္၀င္းကုိ ဖုန္းဆက္ၿပီး
“မင္းတုိ႔ ေစာက္ခ်ိဳးမေျပဘူး။ မင္းတို႔ကုိ လာခုတ္ၿပီ” လုိ႔ ေျပာခဲ့ေၾကာင္း၊ ၁၅ မိနစ္အၾကာမွာ ဦးျမေရႊဆုိသူကလည္း ဖုန္းဆက္ၿပီး ေအးေအးေဆးေဆးေနရန္၊ ၀င္းထြဋ္၀င္းတုိ႔နဲ႔ ညွိႏိႈင္းေပးမည္ျဖစ္ေၾကာင္း၊ ရဲမေခၚထားဖုိ႔ေျပာခဲ့တာေၾကာင့္ မိသားစုအကုန္ တုိက္ေအာက္ကုိဆင္းၿပီး ဦးျမေရႊတုိ႔ကုိ ေစာင့္ဆုိင္းေနခဲ့တယ္လုိ႔ သိရပါတယ္။

ေစာင့္ဆုိင္းေနစဥ္ မ်က္ႏွာခ်င္းဆိုင္ လမ္းက ေရႊကံ့ေကာ္ လက္ဖက္ရည္ဆုိင္ မ်က္ေစာင္းထုိးမွာ ကား ၃ စီး ေပၚက လူေတြ လွံ၊ ဓါးေတြကုိင္ေဆာင္ကာေျပး၀င္လာၿပီး ဓားနဲ႔ အတင္းထုိးခုတ္မႈေၾကာင့္ ေဇာ္ဟိန္းသူမွာ ထုိးသြင္းဒဏ္ရာေတြနဲ႔ ေသဆံုးခဲ့တယ္လုိ႔သိရပါတယ္။

ဓားခုတ္ခံရမႈေၾကာင့္ ဦးၾကည္၀င္းနဲ႔ ဆုိင္အလုပ္သမားျဖစ္သူ ေဇာ္လင္ဦးတုိ႔လည္း ဒဏ္ရာေတြရရွိခဲ့ၿပီး ရန္ကုန္ေဆးရုံႀကီးကုိ ပုိ႔ေဆာင္ထားရပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေဒၚခင္ခင္ေဌးက တရားလုိျပဳလုပ္ၿပီး ေသဆံုး၊ ဒဏ္ရာရရေအာင္ ျပဳလုပ္ခဲ့တဲ့ ၀င္းထြဋ္၀င္းနဲ႔ လူတစ္စုကုိ စံုစမ္းေဖာ္ထုတ္အေရးယူေပးဖုိ႔ တုိင္ၾကားထားပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#

တာမွေမြို့နယ်မှာ စက်တင်ဘာ ၁၁ ရက် ည ၁၀ နာရီကျော် အချိန်လောက်က မိသားစု နှစ်စု စကားများရာကနေ ရန်ဖြစ်ပြီး ဓားခုတ်ခဲ့မှုကြောင့် လူတစ်ယောက်သေဆုံးပြီး နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေ Duwun က စက်တင်ဘာ ၁၂ ရက်နေ့မှာစုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်ကတော့ တာမွေမြို့နယ် ကျိုက္ကဆံလမ်း၊ မလွှကုန်းဌေးကြွယ်၊ က ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူဇော်ဟိန်းသူ နဲ့ အတူ ဂိမ်းသွားဆော့ရင်း ဆိုင်ထဲမှာ ကလေးချင်းစကားများရာကနေ မိန်းမချင်း ရန်ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် ည ၁၀ နာရီ ၁၅ မိနစ်အချိန်လောက်မှာ အမျိုးသားတစ်ယောက်က ဦးကြည်ဝင်းကို ဖုန်းဆက်ပြီး
“မင်းတို့ စောက်ချိုးမပြေဘူး။ မင်းတို့ကို လာခုတ်ပြီ” လို့ ပြောခဲ့ကြောင်း၊ ၁၅ မိနစ်အကြာမှာ ဦးမြရွှေဆိုသူကလည်း ဖုန်းဆက်ပြီး အေးအေးဆေးဆေးနေရန်၊ ဝင်းထွဋ်ဝင်းတို့နဲ့ ညှိနှိုင်းပေးမည်ဖြစ်ကြောင်း၊ ရဲမခေါ်ထားဖို့ပြောခဲ့တာကြောင့် မိသားစုအကုန် တိုက်အောက်ကိုဆင်းပြီး ဦးမြရွှေတို့ကို စောင့်ဆိုင်းနေခဲ့တယ်လို့ သိရပါတယ်။

စောင့်ဆိုင်းနေစဉ် မျက်နှာချင်းဆိုင် လမ်းက ရွှေကံ့ကော် လက်ဖက်ရည်ဆိုင် မျက်စောင်းထိုးမှာ ကား ၃ စီး ပေါ်က လူတွေ လှံ၊ ဓါးတွေကိုင်ဆောင်ကာပြေးဝင်လာပြီး ဓားနဲ့ အတင်းထိုးခုတ်မှုကြောင့် ဇော်ဟိန်းသူမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့သိရပါတယ်။

ဓားခုတ်ခံရမှုကြောင့် ဦးကြည်ဝင်းနဲ့ ဆိုင်အလုပ်သမားဖြစ်သူ ဇော်လင်ဦးတို့လည်း ဒဏ်ရာတွေရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေါ်ခင်ခင်ဌေးက တရားလိုပြုလုပ်ပြီး သေဆုံး၊ ဒဏ်ရာရရအောင် ပြုလုပ်ခဲ့တဲ့ ဝင်းထွဋ်ဝင်းနဲ့ လူတစ်စုကို စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ တိုင်ကြားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top