ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×







Credit: Burmese - Asia
# Unicode Version ဖြင့် ဖတ်ပါ#
ပရိသတ်အချစ်တော်နှစ်ဦးဖြစ်တဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့နှစ်ဦးစလုံးက အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်ကြတဲ့အနုပညာရှင်နှစ်ဦးပါ။ သူတို့ချစ်သူနှစ်ဦးက နေခြည်ဦးနဲ့အတူတူရိုက်ကူးတဲ့ ဧည့်သည်ရုပ်ရှင်ဇာတ်ကားကနေ ရင်းနှီးလာပြီး ချစ်သူတွေဖြစ်လာတာပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ အချစ်ရေးကဝေဖန်မှုတွေရှိနေပေမယ့် တစ်ယောက်ကိုတစ်ယောက်ဖေးဖေးမမနဲ့ အရမ်းကိုဂရုစိုက်ပြီးချစ်ကြတာပဲဖြစ်ပါတယ်။

ရွှေမှုံရတီက အခုလက်ရှိမှာ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးတဲ့ ” ၁၂ ပွဲဈေးသည်” ရုပ်ရှင်ကားကြီးကို လူမင်း၊ ဇေရဲထက်၊ ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်၊ ခင်လှိုင်၊ တက္ကသိုလ်ဂွမ်းပုံ၊ ကိုပေါက်၊ ဝါဝါအောင် တို့နဲ့အတူ ပုဂံမြို့မှာ ရိုက်ကူးနေတာပဲဖြစ်ပါတယ်။

ရွှေထူးက ရွှေမှုံရတီရုပ်ရှင်ရိုက်ကူးနေတဲ့ ပုဂံမြို့ကိုအရောက်သွားဖြစ်အောင်သွားပြီး ချစ်သူကိုတွေ့ခဲ့တာပဲဖြစ်ပါတယ်။ ရွှေထူးတို့ ရွှေမှုံကိုချစ်တာ ဘယ်သူမှလိုက်မမှီဘူးနော်။

ရွှေထူးနဲ့ ရွှေမှုံရတီဟာ ရွှေမှုံရတီရှုတင်နားတုန်းလေး ပုဂံမြို့မှာအတူတူလျှောက်လည်နေတဲ့ပုံရိပ်လေးတွေကို ဖေ့ဘုတ်မှာမျှဝေပေးထားပါသေးတယ်။

ရွှေထူးကလဲ သူ့ကိုအမြဲပျော်ရွှင်အောင်ထားပေးတဲ့ ရွှေမှုံရတီကို “အနားမှာ အမြဲရှိနေပေးပြီး… စိတ်ချမ်းသာအောင်ထားပေးလို့ အာ တူ သယ် ဘွား သုံး ရာ ကိုး ဆယ့် နဲ့ ခြောက် သိန်း ပါ ဂေါ် ကြီး ” ဆိုပြီး ချစ်သူကိုကြင်ကြင်နာနာလေးဆိုထားပါသေးတယ်။

ပရိသတ်ကြီးလဲ ရွှေထူးနဲ့ရွှေမှုံရတီတို့ ချစ်သူနှစ်ဦးရဲ့ ကြည်နူးဖွယ်ပုံရိပ်လေးတွေကိုကြည့်ပြီး အားကျနေမယ်ထင်ပါတယ်နော်။ ရွှေထူးနဲ့ရွှေမှုံရတီတို့ ချစ်သူနှစ်ဦးလဲ အခုထက်ပိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ သက်ဆုံးတိုင်ပေါင်းဖတ်နိုင်ကြပါစေနော်။ ရွှေနှစ်ရွှေကိုချစ်ကြတဲ့ ပရိသတ်ကြီးလဲ ဒီပို့စ်လေးကိုကြိုက်ရင် Like & Share လုပ်သွားဖို့မမေ့ပါနဲ့နော်။ အချိန်ပေးပြီးဖတ်ရှုပေးတဲ့အတွက် ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese - Asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top