ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×



အခုလို..ရေးမိတယ်လေ…




Credit: Khin Ma

#Unicode Version#

မိသားစု မှာ အငယ်ဆုံး တစ်ဦးတည်းသောသမီးလေးမို့ ရင်နဲ့ မဆန့်အောင် ခံစားရမယ်ဆိုတာ ..ထပ်တူခံစားမိတယ်လေ…အားလုံး အတွက်လဲ သင်ခန်းစာယူစေချင်မိတယ်လေ..
သားအမိတွေ အကင်စားပြီးအပြန်..ည ၁၀ နာရီကျော်မှာ
မီးပွိုင့်မီးနီနေစဉ် ..မေမေ နောက်ခန်းမှာမို့ သမီးနောက်ခန်းလာမယ်ဆိုပြီး ..တံခါးဖွင့်အဆင်း ..မီးပွိုင့်က မီးစိမ်းသွားတော့ ..နောက်ကားတွေက ..မထွက်သေးတဲ့ ..သမီးလေးတို့ကားကိုကျော်တက်လိုက်စဉ် ..
ကားအောက်တံခါးဖွင့်ပြီးရောက်နေတဲ့ သမီးလေးကို..တိုက်ပြီး သမီးလေးပါသွားတယ်လေ. မေမေလုပ်သူအပြေးပွေ့တော့ ..မေမေ့လက်ပေါ်တင် ..သမီးလေးအသက်ထွက်
သွားတဲ့ . ဖြစ်ရပ်ဆိုးဟာ..မမို့ ဘယ်လာက်ထိ ခံစားရမယ်ဆိုတာနှိုင်းယှဉ်စရာ မရှိအောင်ပါ …

ဒီဖြစ်ရပ်ဆိုးကို ကြားရသူတိုင်းလဲ အားလုံးကို …ဆင်ချင်မိပြီး ..လမ်းမှာ ကားပေါ်က ဆင်းကြတိုင်းကိုယ်ဆင်းမယ့် အချိန်..နောက်ကားဖြစ်စေ ..ဆိုင်ကယ်ဖြစ်စေအန္တရာယ်..ဖြစ်စေမယ့်.အရာတွေကို ..သတိထားကြည့်ပြီးမှ.အဆင်းအတက် လုပ်တာမျိုး ..
ကားလမ်းကူးရင်လဲ ..ကားအကွယ် ကားအရှေ့ကနေ ကူးရင် ..လာမယ့် ကားကို သတိထားကြည့်ပြီး မှ ကူးတာမျိုး ..ကားနောက်ကနေ ကူးတာမျိုး ..ကားမောင်းလို့ ကျော်တက်ရင်လဲ..ကိုယ်ကျော်တက်မယ့် လမ်းရဲ့ ..ရှေ့က ..တစ်ခုခု နဲ့ ..မျက်နှာချင်းဆိုင်ကြုံရမယ့် အန္တရာယ်..ကိုရှောင်ရှား သတိထားကြပါလို့ ..သတိပေးရင်း
အခုလို..ရေးမိတယ်လေ…

အသက်နဲ့ ရင်းပြီး ပညာပေးသွားတဲ့ သမီးလေး အတွက်လဲ ဆုတောင်းပေးကြရအောင်နော် 😭😭😭😭😭😭😭😭😭😭

တကယ်တော့ ..ဖြူစင်လှပ ..စိတ်ထားကောင်းတဲ့ ..သမီးလေးကသူ့ကံကြမ္မာ ဝဋ်ကြွေး ဆပ်ရင်း ..သမီးလေး.လူ့လောကမှာ ပြုသမျှကုသိုလ်ကြောင့်..ကောင်းရာဘုံဘဝ ကိုရောက်သွားပါပြီလေ..

ကျန်ခဲ့တဲ့..မိသားစု ရဲ့ ရင်တွေသာ ရင်ကွဲ မတတ် . တသက်လုံး..အမှတ်ယပြီး ..တမ်းတလွမ်းဆွတ်နေကြရမှာမို့ …မိသားစု နဲ့ ထပ်တူကြေကွဲမိရင်း…ရေးလိုက်မိတယ်လေ …😭😭😭😭😭


ဖိုးသူတော် (www.phothutaw.com)
Credit: Khin Ma
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top