×

သ႐ုပ္ေဆာင္ေက်ာ္ ေက်ာ္ဗိုလူမႈကြန္ရက္တြင္ တင္ ထားသည့္ ‘ကြၽန္ေတာ္ရွက္လို႔’ ဗီ ဒီယိုဖုိင္သည္ အမွန္တရားကို  ႐ုိက္ကူးျခင္းျဖစ္ေၾကာင္း သ​႐ုပ္ ေဆာင္လူမင္းက ေျပာသည္။

‘‘အဲဒီဟာေတြအကုန္လံုးက အမွန္ေတြခ်ည္းပါပဲ။ ဒါေပမဲ့အဲဒီ ဟာကို အမွန္လို႔သိတဲ့အခါမွာ ကြၽန္ေတာ္တို႔လည္း ကိုယ့္ဟာကိုယ္ ေျပာင္းလဲႀကိဳးစားေနတယ္။ အ ေၾကာင္းေၾကာင္းေၾကာင့္ လုပ္ လိုက္ရတယ္၊ ႐ုိက္လိုက္ရတယ္ ဆိုတာမ်ိဳးလည္းျဖစ္တယ္။ စိတ္ မလံုတာကလည္း သ႐ုပ္ေဆာင္ တိုင္းျဖစ္တယ္။ ဒါေပမဲ့လည္း ခု နက ေျပာသလိုကြၽန္ေတာ္တို႔႐ုပ္ ရွင္ေလာကႀကီးက ေျပာလိုက္တာ နဲ႔လက္ညႇိဳးထိုးျပစ္တင္ေ၀ဖန္စ ရာခ်ည္းမဟုတ္ပါဘူး။ ကြၽန္ေတာ္ တို႔လည္း ကိုယ္စြမ္းရွိသေရြ႕ ေျပာင္းလဲေနၾကပါတယ္’’ ဟု ၎  ကေျပာသည္။

ျမန္မာ့႐ုပ္ရွင္ေလာကကို အားလံုးကအျပစ္ေျပာလိုၿပီး အား နည္းခ်က္မ်ားစြာကို ၀န္ခံေသာ္ လည္း အားေပးသည့္ ပရိသတ္ႏွင့္ ဖန္တီးသူစည္း၀ါးကိုက္ကာယေန႔ အထိခ်ီတက္ လာေၾကာင္းလူမင္း ကေျပာသည္။

‘‘ကြၽန္ေတာ္တို႔အခုေလာက ႀကီးကေျပာင္းလဲလာၾကပါၿပီ။ အ ရမ္းေကာင္းတဲ့ကားေတြ ထြက္ လာပါၿပီ။ အ႐ုပ္၊အသံ၊ကြာလတီ ကိုၾကည့္မလား။ ဇာတ္လမ္းအမ်ိဳး  အစားကိုၾကည့္မလား။ အားလံုး  ေျပာေနၾကတဲ့၊ ေ၀ဖန္႐ႈတ္ခ်ေန ၾကတဲ့ စကားေတြရဲ႕ဆန္႔က်င္ ဘက္ တကယ့္ကားေကာင္းေတြ ထြက္လာပါၿပီ။ ကြၽန္ေတာ္တုိ႔အ ေျပာင္းအလဲေတြျဖစ္ေအာင္ အား လံုးတစ္ၿပိဳင္နက္တည္း ႀကိဳးစား ေနၾကပါတယ္။ ႀကိဳးစားမႈေတြရဲ႕ ေျပာင္းလဲမႈေတြကိုလည္း အသိ အမွွတ္ျပဳေပးၾကပါ’’ ဟု ၎က ေျပာသည္။

လက္ရွိတြင္ ဒါ႐ုိက္တာကို ေဇာ္ (အ႐ုဏ္ဦး) ႐ိုက္ကူးမည့္ ၁၂ ပြဲေစ်းသည္ ဇာတ္ကား၌  ေဘထုတ္ေရာင္းသည့္ ကပ္ေစး ႏွဲလူပ်ိဳႀကီးအျဖစ္ ပါ၀င္သ႐ုပ္ ေဆာင္မည္ျဖစ္သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:.7daydaily.
# Unicode Version ျဖင့္ ဖတ္ပါ #
သရုပ်ဆောင်ကျော် ကျော်ဗိုလူမှုကွန်ရက်တွင် တင် ထားသည့် ‘ကျွန်တော်ရှက်လို့’ ဗီ ဒီယိုဖိုင်သည် အမှန်တရားကို  ရိုက်ကူးခြင်းဖြစ်ကြောင်း သရုပ် ဆောင်လူမင်းက ပြောသည်။

‘‘အဲဒီဟာတွေအကုန်လုံးက အမှန်တွေချည်းပါပဲ။ ဒါပေမဲ့အဲဒီ ဟာကို အမှန်လို့သိတဲ့အခါမှာ ကျွန်တော်တို့လည်း ကိုယ့်ဟာကိုယ် ပြောင်းလဲကြိုးစားနေတယ်။ အ ကြောင်းကြောင်းကြောင့် လုပ် လိုက်ရတယ်၊ ရိုက်လိုက်ရတယ် ဆိုတာမျိုးလည်းဖြစ်တယ်။ စိတ် မလုံတာကလည်း သရုပ်ဆောင် တိုင်းဖြစ်တယ်။ ဒါပေမဲ့လည်း ခု နက ပြောသလိုကျွန်တော်တို့ရုပ် ရှင်လောကကြီးက ပြောလိုက်တာ နဲ့လက်ညှိုးထိုးပြစ်တင်ဝေဖန်စ ရာချည်းမဟုတ်ပါဘူး။ ကျွန်တော် တို့လည်း ကိုယ်စွမ်းရှိသရွေ့ ပြောင်းလဲနေကြပါတယ်’’ ဟု ၎င်း  ကပြောသည်။

မြန်မာ့ရုပ်ရှင်လောကကို အားလုံးကအပြစ်ပြောလိုပြီး အား နည်းချက်များစွာကို ဝန်ခံသော် လည်း အားပေးသည့် ပရိသတ်နှင့် ဖန်တီးသူစည်းဝါးကိုက်ကာယနေ့ အထိချီတက် လာကြောင်းလူမင်း ကပြောသည်။

‘‘ကျွန်တော်တို့အခုလောက ကြီးကပြောင်းလဲလာကြပါပြီ။ အ ရမ်းကောင်းတဲ့ကားတွေ ထွက် လာပါပြီ။ အရုပ်၊အသံ၊ကွာလတီ ကိုကြည့်မလား။ ဇာတ်လမ်းအမျိုး  အစားကိုကြည့်မလား။ အားလုံး  ပြောနေကြတဲ့၊ ဝေဖန်ရှုတ်ချနေ ကြတဲ့ စကားတွေရဲ့ဆန့်ကျင် ဘက် တကယ့်ကားကောင်းတွေ ထွက်လာပါပြီ။ ကျွန်တော်တို့အ ပြောင်းအလဲတွေဖြစ်အောင် အား လုံးတစ်ပြိုင်နက်တည်း ကြိုးစား နေကြပါတယ်။ ကြိုးစားမှုတွေရဲ့ ပြောင်းလဲမှုတွေကိုလည်း အသိ အမှတ်ပြုပေးကြပါ’’ ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဒါရိုက်တာကို ဇော် (အရုဏ်ဦး) ရိုက်ကူးမည့် ၁၂ ပွဲဈေးသည် ဇာတ်ကား၌  ဘေထုတ်ရောင်းသည့် ကပ်စေး နှဲလူပျိုကြီးအဖြစ် ပါဝင်သရုပ် ဆောင်မည်ဖြစ်သည်။
ဖိုးသူတော် (www.phothutaw.com)
Credit:.7daydaily.
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top