ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

  ဇာတ္ပို႔ေတြကို ျပန္ Support ေပးရတဲ့ ဇာတ္ကားမ်ဳိးလည္း ႐ိုက္မယ္လို႔ ဆုိပါတယ္။

ထပ္ဆင့္အကယ္ဒမီ စိုးျမတ္သူဇာက အႏုပညာအခ်င္းခ်င္းၾကားမွာ နားလည္မႈလိုအပ္ေၾကာင္း ဆုိရင္း ဇာတ္ပို႔ဇာတ္ေဆာင္ဆုိတဲ့ ေနရာက သူမအတြက္ အေရးမႀကီးလို႔  ေျပာျပခဲ့ပါတယ္။

မႀကီးစိုးလို႔ ခ်စ္စႏိုးေခၚကာ အႏုပညာေလာကကေရာ ပရိသတ္ကေရာ ခ်စ္ခင္ၾကတဲ့ ထပ္ဆင့္အကယ္ဒမီ စိုးျမတ္သူဇာက အႏုပညာနဲ႔ ပတ္သက္တဲ့ ခံယူခ်က္ေတြကို Duwun Media ကို ေျပာျပခဲ့ပါတယ္။

"မႀကီးတုိ႔ေတြသည္ အျပန္အလွန္ အေထာက္အကူျပဳႏုိင္ရမယ္ဆုိတာ သေဘာေပါက္လာၾကတဲ့အခါက်ေတာ့ အလုပ္လုပ္ရတာ ပိုလြယ္လာတယ္။ မႀကီး လူေတြနဲ႔ အဆင္ေျပတယ္ ဆုိတာ ကလည္း မႀကီး နားလည္ေပးႏုိင္တယ္။ ကိုယ္က သူမ်ားရဲ႕နားလည္မႈကို လိုခ်င္ရင္ ကိုယ္က အရင္နားလည္ေပးဖို႔လိုတယ္" လို႔ မႀကီးစိုးက ဆုိပါတယ္။

စိုးျမတ္သူဇာက ထပ္ဆင့္အကယ္ဒမီဆုရွင္ မင္းသမီးႀကီးျဖစ္ေပမဲ့လည္း ဇာတ္ပို႔ေတြကို ျပန္ Support လုပ္ေပးရမယ့္ ဇာတ္ကားေတြကို ႐ိုက္ဖုိ႔လည္း ဝန္မေလးပါဘူးလို႔ စက္တင္ဘာလ ၁၆ ရက္ေန႔မွာ ျပဳလုပ္တဲ့ ႐ိုက္စား ႐ုပ္ရွင္ကားအထူးျပသပြဲမွာ ေျပာျပခဲ့တာပါ။





































"မဂြမ္းေလးတုိ႔ ကိုခင္လႈိင္တုိ႔က အျမဲဇာတ္ပို႔ေပးခဲ့တဲ့ ကားေပါင္းက တစ္သိန္းေလာက္ရွိတယ္။ အခုခ်ိန္မွာ သူတုိ႔ေတြက အဓိက Main ေတြေနရာမွာေနၿပီးေတာ့ မႀကီးတုိ႔ေတြက ဇာတ္ပို႔ေပးရတယ္ဆုိလည္း ဘာမွျဖစ္စရာအေၾကာင္း မရွိဘူး။ မႀကီးတုိ႔ေတြက အႏုပညာသမားေတြျဖစ္တဲ့အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ အေထာက္အကူျပဳႏုိင္ရမယ္" လို႔ မႀကီးစိုးက သူ႔ခံယူခ်က္ကို ေျပာျပပါတယ္။

ဇာတ္ကားတစ္ကားၾကည့္ရင္ မႀကီးစိုးက ေနရာကို အဓိကမစဥ္းစားဘဲ ႐ိုက္သင့္မသင့္ပဲ စဥ္းစားတယ္လို႔ ဆုိပါတယ္။ အခန္းနည္းၿပီး ဇာတ္ပို႔ေပးရမယ့္ဟာဆုိလည္း လုပ္သင့္လုပ္ထုိက္တယ္ဆုိရင္ လုပ္ပါတယ္လို႔ မႀကီးစိုးက ရွင္းျပပါတယ္။

"ေနရာဆုိတာက သတ္မွတ္ခ်က္တစ္ခုေပါ့ေနာ္။ ဒီေနရာ ငါ့ေနရာ၊ ဟိုေနရာ ငါ့ေနရာ..အဲလို ဘယ္ေနရာကိုမွ ဆုတ္ကိုင္မထားဘူး။ မႀကီးသည္ ေနရာတုိင္းမွာ အံဝင္ခြင္က်ျဖစ္ရမယ္။ ဘယ္ေနရာမဆို မႀကီးေနႏုိင္တယ္" လို႔လည္း မႀကီးစုိးက ေျပာျပခဲ့ပါတယ္။
 

Photo : ႐ိုက္စား - ႐ုပ္ရွင္ဇာတ္ကားႀကီး FB Page
၁၉၉၄ ခုႏွစ္မွာ ေနာ္ရင္ေမႊး ႐ုပ္ရွင္၊ ၁၉၉၈ ခုႏွစ္မွာ ေရႊနံ႔သာစံအိမ္ ႐ုပ္ရွင္တုိ႔နဲ႔ အမ်ဳိးသမီးဇာတ္ေဆာင္ဆုေတြ ရရွိခဲ့တဲ့ ထပ္ဆင့္အကယ္ဒမီ စိုးျမတ္သူဇာဟာ အခုခ်ိန္ထိ အႏုပညာေလာကမွာ ထိပ္တန္းေနရာတစ္ခုကို ရရွိထားတဲ့ မင္းသမီးႀကီးတစ္လက္ျဖစ္ပါတယ္။ က်ရာဇာတ္႐ုပ္မွာ ပီျပင္စြာ သ႐ုပ္ေဆာင္ႏုိင္တဲ့ မႀကီးစိုးက စက္တင္ဘာလ ၂၁ ရက္မွာ ႐ံုတင္ျပသေတာ့မယ့္ ဒါ႐ိုက္တာ မုိက္တီးရဲ႕ ႐ိုက္စား ႐ုပ္ရွင္ကားမွာ ေျပတီဦးနဲ႔အတူ သ႐ုပ္ေဆာင္ထားပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
  ဇာတ်ပို့တွေကို ပြန် Support ပေးရတဲ့ ဇာတ်ကားမျိုးလည်း ရိုက်မယ်လို့ ဆိုပါတယ်။

ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာက အနုပညာအချင်းချင်းကြားမှာ နားလည်မှုလိုအပ်ကြောင်း ဆိုရင်း ဇာတ်ပို့ဇာတ်ဆောင်ဆိုတဲ့ နေရာက သူမအတွက် အရေးမကြီးလို့  ပြောပြခဲ့ပါတယ်။

မကြီးစိုးလို့ ချစ်စနိုးခေါ်ကာ အနုပညာလောကကရော ပရိသတ်ကရော ချစ်ခင်ကြတဲ့ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာက အနုပညာနဲ့ ပတ်သက်တဲ့ ခံယူချက်တွေကို Duwun Media ကို ပြောပြခဲ့ပါတယ်။

"မကြီးတို့တွေသည် အပြန်အလှန် အထောက်အကူပြုနိုင်ရမယ်ဆိုတာ သဘောပေါက်လာကြတဲ့အခါကျတော့ အလုပ်လုပ်ရတာ ပိုလွယ်လာတယ်။ မကြီး လူတွေနဲ့ အဆင်ပြေတယ် ဆိုတာ ကလည်း မကြီး နားလည်ပေးနိုင်တယ်။ ကိုယ်က သူများရဲ့နားလည်မှုကို လိုချင်ရင် ကိုယ်က အရင်နားလည်ပေးဖို့လိုတယ်" လို့ မကြီးစိုးက ဆိုပါတယ်။

စိုးမြတ်သူဇာက ထပ်ဆင့်အကယ်ဒမီဆုရှင် မင်းသမီးကြီးဖြစ်ပေမဲ့လည်း ဇာတ်ပို့တွေကို ပြန် Support လုပ်ပေးရမယ့် ဇာတ်ကားတွေကို ရိုက်ဖို့လည်း ဝန်မလေးပါဘူးလို့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ပြုလုပ်တဲ့ ရိုက်စား ရုပ်ရှင်ကားအထူးပြသပွဲမှာ ပြောပြခဲ့တာပါ။


"မဂွမ်းလေးတို့ ကိုခင်လှိုင်တို့က အမြဲဇာတ်ပို့ပေးခဲ့တဲ့ ကားပေါင်းက တစ်သိန်းလောက်ရှိတယ်။ အခုချိန်မှာ သူတို့တွေက အဓိက Main တွေနေရာမှာနေပြီးတော့ မကြီးတို့တွေက ဇာတ်ပို့ပေးရတယ်ဆိုလည်း ဘာမှဖြစ်စရာအကြောင်း မရှိဘူး။ မကြီးတို့တွေက အနုပညာသမားတွေဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အထောက်အကူပြုနိုင်ရမယ်" လို့ မကြီးစိုးက သူ့ခံယူချက်ကို ပြောပြပါတယ်။

ဇာတ်ကားတစ်ကားကြည့်ရင် မကြီးစိုးက နေရာကို အဓိကမစဉ်းစားဘဲ ရိုက်သင့်မသင့်ပဲ စဉ်းစားတယ်လို့ ဆိုပါတယ်။ အခန်းနည်းပြီး ဇာတ်ပို့ပေးရမယ့်ဟာဆိုလည်း လုပ်သင့်လုပ်ထိုက်တယ်ဆိုရင် လုပ်ပါတယ်လို့ မကြီးစိုးက ရှင်းပြပါတယ်။

"နေရာဆိုတာက သတ်မှတ်ချက်တစ်ခုပေါ့နော်။ ဒီနေရာ ငါ့နေရာ၊ ဟိုနေရာ ငါ့နေရာ..အဲလို ဘယ်နေရာကိုမှ ဆုတ်ကိုင်မထားဘူး။ မကြီးသည် နေရာတိုင်းမှာ အံဝင်ခွင်ကျဖြစ်ရမယ်။ ဘယ်နေရာမဆို မကြီးနေနိုင်တယ်" လို့လည်း မကြီးစိုးက ပြောပြခဲ့ပါတယ်။

Photo : ရိုက်စား - ရုပ်ရှင်ဇာတ်ကားကြီး FB Page
၁၉၉၄ ခုနှစ်မှာ နော်ရင်မွှေး ရုပ်ရှင်၊ ၁၉၉၈ ခုနှစ်မှာ ရွှေနံ့သာစံအိမ် ရုပ်ရှင်တို့နဲ့ အမျိုးသမီးဇာတ်ဆောင်ဆုတွေ ရရှိခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာဟာ အခုချိန်ထိ အနုပညာလောကမှာ ထိပ်တန်းနေရာတစ်ခုကို ရရှိထားတဲ့ မင်းသမီးကြီးတစ်လက်ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မကြီးစိုးက စက်တင်ဘာလ ၂၁ ရက်မှာ ရုံတင်ပြသတော့မယ့် ဒါရိုက်တာ မိုက်တီးရဲ့ ရိုက်စား ရုပ်ရှင်ကားမှာ ပြေတီဦးနဲ့အတူ သရုပ်ဆောင်ထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top